Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 9, 2017

ငါးကြိမ်မြောက်ထွက်ပြေးချိန်ကျမှ လွတ်မြောက်ခဲ့ရတဲ့ IS လိင်ကျွန်ကောင်မလေး

 By netsetaw -
IS တွေရဲ့ လိင်ကျွန်အဖြစ်ကနေ ငါးကြိမ်အထိ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အသက် (18)နှစ်အရွယ် Lamiya Haji Bashar လို့ အမည်ရတဲ့ ကောင်မလေးဟာ ဆီးရီးယားတရားရုံးမှာ သူမရဲ့ အဖြစ်သနစ်ကို ဖောက်သည်ချခဲ့ပါတယ်။ Lamiya ဟာ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်မှာ အဖော်တွေနဲ့အတူ မြေမြှုပ်မိုင်းစ ထိမှန်ခဲ့ပြီး တစ်ကိုယ်လုံး အသားရေတွေ ဆုတ်ပြတ်ခဲ့ရပါတယ်။

Lamiya က ” ကျွန်မကို ၀ယ်ထားတဲ့ IS စစ်သားကပြောတယ် … မင်း ထွက်ပြေးဖို့ ကြိုးစားရင် ခြေထောက်တစ်ချောင်းကို ဖြတ်ပစ်မယ်တဲ့ … ကျွန်မကလည်း ပြန်ပြောလိုက်တယ် … အဲဒီလိုဆိုရင် ရှိတဲ့ခြေထောက်တစ်ချောင်းနဲ့ ဆက်ပြေးနေဦးမှာပဲလို့ “ဟု ဖွင့်ဟခဲ့ပါတယ်။
 Lamiya ဟာ ယာဇီဒီအမျိုးနွယ်တစ်ဦးဖြစ်ပြီး၊ IS လက်တွင်းကို ကျရောက်နေတဲ့ ယာဇီဒီအမျိုးသမီး 3000 ကျော်အ
နက်က တစ်ယောက်ဖြစ်ပါတယ်။ ငါးကြိမ်မြောက် ထွက်ပြေးမှုမှာ သူမနဲ့အတူ ရှစ်နှစ်အရွယ် Almas နဲ့ အသက် 20 အ
ရွယ် Katherine တို့ ပါဝင်ခဲ့ပြီး၊ နှစ်ယောက်စလုံး မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရပါတယ်။
 Lamiya ဟာ 2014 ခုနှစ်နွေရာသီမှာ ဆင်းဂျားမြို့အနီး ဇာတိ ကိုချိုရွာမှာ IS တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး၊ မိဘတွေက
တော့ အသတ်ခံခဲ့ရပြီလို့ မှတ်ယူရပါတယ်။ အဲဒီနောက် ဆီရီးယားနဲ့ အီရက်အခြေစိုက် IS တွေလက်ထဲကို အကြိမ်ကြိမ်
ရောင်းစားခံခဲ့ရပါတယ်။ တစ်ကြိမ်မှာတော့ သူမဟာ IS စစ်သား 60 ကျော်ရဲ့ အခန်းပိတ် အဓမ္မကျင့်မှုကို ခံခဲ့ရတဲ့အထိ ယုတ်မာခံခဲ့ရပါတယ်။

လက်ရှိအချိန်ထိ IS တွေ လက်ထဲမှာ သူမရဲ့ ကိုးနှစ်အရွယ် ညီမလေး Mayada ဟာ ဖမ်းဆီးခံထားရပြီး၊ အခြား ညီအစ်မ ငါးယောက်ကလည်း မိမိတို့ဘာသာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း ဂျာမနီအခြေစိုက်စောင့်ရှောက်ရေးစခန်းမှာ ဘေးအန္တရာယ်ကင်းရှင်းနေပါပြီ။ Lamiya ရဲ့ ပထမပိုင်ရှင်ဟာ IS အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။

၎င်းစစ်သားဟာ ဆီးရီးယားရှိ IS လက်အောက်ခံ Raqqa မြို့မှာ Abu Mansour အမည်နဲ့ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ လက်ထိပ်ခတ်ကာ အကြိမ်ကြိမ် အဓမ္မကျင့်ခံခဲ့ရပြီး နှစ်ကြိမ် ထွက်ပြေးခဲ့ပေမယ့် ပြန်ဖမ်းမိခဲ့လို့ သေလုမြောပါး ရိုက်နှက်ခံခဲ့ရပါတယ်။ အဲဒီနောက် မိုဆူးလ်မြို့ပေါ်မှာနေထိုင်တဲ့ IS အဖွဲ့ဝင်တစ်ဦးထံကို ရောင်းချခံခဲ့ရပါတယ်။

နှစ်လကြာ အဲဒီတပ်ဖွဲ့ဝင်ရဲ့ လိင်ကျွန်အဖြစ် နေခဲ့ရပြီးနောက် IS ဗုံးကျွမ်းကျင်စစ်သားတစ်ဦးဆီ ရောင်းချခံခဲ့ရပြီး၊ ဗုံးနဲ့ ဗုံးအင်္ကျီထုတ်လုပ်မှုတွေမှာ ၀င်ပြီးလုပ်ပေးခဲ့ရသလို၊ အကြိမ်ကြိမ် လိင်ကျွန်ပြုတာကိုလည်း ခံခဲ့ရပါတယ်။ အဲဒီနောက် IS
ဒေါက်တာ တစ်ယောက်ဆီကို ရောင်းချခံခဲ့ရပြီး၊ တစ်နှစ်အထိ လူမဆန်တဲ့ ဒေါက်တာရဲ့ မိုက်ရိုင်းမှုကို ခံခဲ့ရပါတယ်။ အဲဒီနောက် ဆွေးမျိုးသားချင်းတစ်ချို့နဲ့ လျှို့ဝှက် ဆက်သွယ်ရခဲ့ပြီး ထွက်ပြေးလွှတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk





No comments:

Post a Comment