
ယခု ရေကြီးရေလျှံမှုများမှာ နှစ်ပေါင်း ၃ဝ ကျော်ကာလအတွင်း အဆိုးရွားဆုံးသော မိုးရွာသွန်းမှုကြောင့်ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်များကို ပြောသည်။ မိုးသည်းထန်စွာ ရွာ သွန်းမှုက ထိုင်းနိုင်ငံ၏ ထင်ရှားသော တောင်ပိုင်းကမ်းခြေများသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွားများကိုလည်း စိတ်ပျက်စေလျက်ရှိသည်။ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော ထိုင်းတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများမှာ ရပ်တန့်သွားမည့် အခြေအနေမရှိ ကြောင်း သတင်းများတွင် ဖော်ပြထားကာ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးခေါင်ရေကြီးမှုများ ပေါ်ပေါက်လာနိုင်ခြေ မြင့်တက်လာ ကြောင်းနှင့် ယင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်းလည်း ပရာယွတ်က ဆက်လက်ပြောကြားသည်။ ထိုင်းမိုးလေဝသဌာနက ဆက်လက်ရွာသွန်းနေသည့် မိုးကြောင့် ထိုင်းတောင်ပိုင်း ပြည်နယ်ဆယ်ခုတွင် နောက်ထပ် ရေ ကြီးရေ လျှံမှုများ ဆက်ဖြစ်နိုင်သည်ဟု သတိပေးထား ကာ ထိုင်းစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည်ဟု သိရသည်။
Ref: Bangkok Post
#theyangontimes