မဟာဗျူဟာ လွှဲပြောင်းရေးဌာနချုပ် တပ်မှူးဗိုလ်ချုပ်ကြီးဇေဗီ ယာဖလိုရက်ဇ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ကိုလံဘီယာအကြီးဆုံးသူပုန်အုပ်စုက လက်နက်ချရန် အချိန်ရောက်နေပြီဖြစ်ရာ လုပ်ငန်းများ တိုးတက်နေကြောင်း ပြောကြားခဲ့သည်။ FARC သူပုန်အဖွဲ့များ ၉ဝ ရာခိုင်နှုန်းမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆယ် ကီလိုမီတာအကွာ၌ ရှိနေကြပြီး ၁ဝ ရာခိုင်နှုန်းမှာ လွှဲပြောင်းရေးဇုန်အနီးတွင် ရှိနေကြသည်ဟုဆိုသည်။ သမ္မတ ဂျူအန်မန်နျူရယ်ဆန်း တို့စ်၏အစိုးရနှင့် ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ် FARC တို့အကြား ငြိမ်းချမ်းရေးသဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့ရာ နှစ် ၅ဝ ကြာ ပဋိပက္ခပြီးဆုံးတော့မည်ဖြစ်သည်။ FARC တပ်မှူးချုပ်တီမိုလီယွန် ဂျီမီနက်ဇ်က FARC ဖွဲ့များ လက်နက်ချရန် စုစည်းနေကြပြီးဟု ဇန်နဝါရီ ၁ဝ ရက်ကပြောကြားခဲ့သည်။ ကုလသမဂ္ဂကိုလံဘီယာဆိုင်ရာ မစ်ရှင်အဖွဲ့ဝင်များသည်ဖာ့ခ်တို့ ၏ နိုင်ငံရေး ပါတီဖွဲ့စည်းမှုတွင် ပါဝင်စွက်ဖက်ခဲ့ကြ၍ ကုလသမဂ္ဂက အပြစ်တင်ခဲ့သည်ဟုဆိုသည်။ ကုလသမဂ္ဂမစ်ရှင်မှာ ကြားနေရသည်။Ref:Xinhua
#democracytoday
No comments:
Post a Comment