CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လူအများစုတွင် နားဖာချေး ကလော်ခြင်းနှင့် ပတ်သက်သည့် အယူအဆ လွဲမှားနေသည်ဟု ကျွမ်းကျင်သူများက သတိပေး
- နေ့ရက်:
- Jan 12, 2017


နားအတွင်း နားဖာချေးများရှိနေခြင်းကို လူအများစုက ညစ်တီးညစ်ပတ်နိုင်သည့် ကိစ္စတစ်ခုဟု မှားယွင်းစွာယူဆနေကြကြောင်း၊ ထိုအယူအဆအမှားက နားကျန်းမာရေးကိုထိခိုက်စေသည့် အလေ့အကျင့်တစ်ခု ကိုဖြစ်စေကြောင်း လမ်းညွှန်ချက် ထုတ်ပြန်ရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆက်သ်ရှဝက်ဇ်က ပြောသည်။ မေးရိုးများလှုပ်ခြင်း၊ ဝါးခြင်းစသော နေ့စဉ်လှုပ်ရှားမှုများမှတစ်ဆင့် နားဖာချေးအသစ်များက ယခင် နားဖာချေးများကို နားပေါက်သို့ တွန်းပို့ကြောင်း၊ ရေချိုးရာမှတစ်ဆင့် နားပေါက်ဝရှိ နားဖာချေးများ အပြင်ရောက်သွားကြောင်း ဒေါက်တာဆက်သ်က ဆက်လက်ပြောကြားကာ တစ်ခါတစ်ရံ နားဖာချေး ကလော်ခြင်းဖြင့် နားအတွင်းပိုင်းရှိ တစ်စုံတစ်ရာလွဲချော်မှုဖြစ်နိုင်ပြီး ထိုသို့ဖြစ်ခြင်းက နားဖာချေးဟောင်းများကို နားအတွင်းပိုင်းအတွင်း စုပုံစေကာ နားကိုအပြည့်အဝ ပိတ်ဆို့သွားစေနိုင်သည်ဟုလည်း ၎င်းကဆို သည်။ နားကြပ်တံအပါအဝင် အခြားသောအရာများအသုံးပြုကာ နားဖာချေးကလော်ခြင်းက နားများသန့်ရှင်းရန်ဟု လူအများစုက ထင်မြင် နေကြသော်လည်း ထိုလုပ်ရပ်က နားကို ပိုမိုထိခိုက်စေသည်ကို လူအများစုက သိရှိခြင်းမရှိသေးဟုလည်း ဒေါက်တာဆက်သ် ကအဆုံးသတ်ပြောကြားသည်။
Ref: UPI
#theyangontimes
လူအများစုတွင် နားဖာချေး ကလော်ခြင်းနှင့် ပတ်သက်သည့် အယူအဆ လွဲမှားနေသည်ဟု ကျွမ်းကျင်သူများက သတိပေး
Reviewed by
MP4 YoU
on
January 12, 2017
Rating:
5
No comments:
Post a Comment