Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 4, 2017

ပြာပုံရှင်မ ပြောင်းပြာရွာသူ ရှင်မယ်ဖြူ


အခါက ကျန်စစ်သား မင်းကြီး လက်ထက် ကပေါ့။
ဗန့်ကျည်တိုက် ယင်းမာပင် မြို့နယ် အတွင်းက ပြောင်းပြာရွာ က စတင်ခဲ့ တဲ့ ဖြစ်ရပ်ဆန်းလေးပါ။
ဒီရွာမှာ မိဘတွေ မရှိကြတော့လို့ မောင်နှမ နှစ်ယောက် အတူနေကြ သတဲ့။
အစ်မဖြစ်သူ မမယ်ကောင်း ဟာ မောင်အပေါ် မိဘလို စောင့်ရှောက်လာခဲ့တယ်။
မောင်ဖြစ်သူ အရွယ်ရောက်တော့ လက်တောင်းရွာက မိန်းကလေးနဲ့ အိမ်ထောင်ကျပြီး လိုက်သွားလို့ မမယ်ကောင်း တစ်ယောက်တည်း ကျန်ခဲ့ရှာတယ်။
သူ အိမ်ထောင်မပြုပဲ အပျိုကြီး ဘဝနဲ့ ပဲ့ နေခဲ့တယ်။
ဒါပေမယ့် တစ်နေ့မှာတော့ ပြောင်းပြာ တစ်ရွာလုံး အံ့သြဘနန်းဖြစ်သွား ရတဲ့ ဖြစ်ရပ်ဆန်း ပေါ်လာခဲ့တယ်။
မမယ်ကောင်း တစ်ယောက် လင်မရှိပဲ ဗိုက်ကြီးနေသတဲ့။
အလွန် အရှက်ကြောက် ကြီးပြီး သိမ်မွေ့စွာ နေခဲ့တဲ့ မမယ်ကောင်း က အခုလို ဖြစ်တော့ အံ့သြကြတာပေါ့။
အစော်ကား ခံရတာလား ဘယ်သူ့ လက်ချက်လည်း စသဖြင့်ပြောဆို ကြတာပေါ့။
ဒါပေမယ့် မမယ်ကောင်း ဟာ ဘယ်သူနဲ့ မှ မလွန်ကျူးခဲ့ပါ။ပြုစားခံရတာလား ဟုလည်း ဆရာသမားများ နဲ့ စစ်ဆေးတော့လည်း အမှန်ကိုယ်ဝန် ရှိနေတာပါ။
မမယ်ကောင်း ဒီလို မဖြစ်မီ အိပ်မက် တစ်ခုမက်ခဲ့တယ်။ အိပ်မက်ထဲမှာ မိန်းမလှလေး တစ်ယောက်လာပြီး အတူနေပရစေ ခွင့်တောင်းလို့ နေခွင့်ပြုလိုက်တယ်။
မိန်းမလှလေးက ရွှေဖလားထဲက အရည်တွေတိုက် သတဲ့။ မမယ်ကောင်းကလည်း ယုံကြည်စွာ နဲ့ သောက်ပြီးမှ မေးတော့ ဒါ ကျင်နက်ရည်(ခါချဉ်နက် ကျင်ငယ်ရေ) ဟု သိလိုက်ရတယ်။
ဒီနောက်မှာ အခုလို ကိုယ်ဝန် ရလာတာပါ။
မမယ်ကောင်း ရဲ့ မောင်ဖြစ်သူလည်း ရှက်၍ သူ့အစ်မကို သေခန်းဖြတ်တယ်။ အချိန်တန်တော့ မမယ်ကောင်းဟာ သမီးလေး မွေးတယ်။ ဖြူဖွေးနူးညံ့ ချောမောတဲ့ ကလေးမို့ အားလုံး အံ့သြရတာပေါ့။
ရွာဦး ဘုန်းတော်ကြီးက ကလေးကို
ရှင်မယ်ဖြူ လို့ နာမည်ပေးတယ်။
ရှင်မယ်ဖြူလေး ရဲ့ နာမည်ပေး နဲ့ နားသပွဲကို မမယ်ကောင်းက ခမ်းနားစွာ လုပ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲကို မောင်ဖြစ်သူက မလာတော့ မောင်အတွက် စီမံထားတဲ့ မုန့်တွေကို စိတ်မကောင်းစွာ နဲ့ပဲ ချောင်းထဲပစ် လိုက်ရပါတော့တယ်။
( ထိုချောင်းကို ယခုထိ မုန့်ပစ်ချောင်း လို့ ခေါ်ပြီး မုန့်များသည် ပုံစံမပျက် ကျောက်တုံး ကျောက်ခဲ အဖြစ် တည်ရှိ နေဆဲ ဟု ဒေသခံများ ဆို၏)
ရှင်မယ်ဖြူ အရွယ်ရောက်တော့ နတ်သမီး တမျှလှပတော့ ဂုဏ်သတင်း ကျော်ကြားနေတာပေါ့။
ဒီတော့ မောင်ဖြစ်သူက သူ့သားနဲ့ ထိမ်းမြားပေးဖို့ တောင်းဆိုတော့ ငြင်းလိုက်တယ်။
ဒါကို မကျေနပ်တဲ့ မောင်က ဒင်းတို့ သားအမိ ကွဲစေရမယ် ဆိုပြီး ပြောင်းပြာရွာမှာ မိန်းမလှ ပေါ်နေတဲ့ အကြောင်း နန်းတော်ထိ ရောက်အောင် သတင်းလွှင့် တယ်။
မင်းကြီး ကြားတော့ စုံစမ်းခိုင်းပြီး မှန်ကြောင်း သိရတော့ အိမ်ရှေ့မှာ သဲဖြူခင်း ရာဇမတ်ကာ အလံစိုက်ပြီး တော်ကောက်ကြောင်း ကြေငြာတယ်။
သားအမိ နှစ်ယောက် ငိုရပြီပေါ့။ သမီးကို မခွဲနိုင်တဲ့ မမယ်ကောင်းဟာ သမီးရဲ့ လက်သန်းလေး ကို ပါးစပ်နဲ့ တိကနဲ ကိုက်ဖြတ်လိုက်သတဲ့။
ရှင်မယ်ဖြူ ဟာ နာလွန်းလို့ ငိုကြွေးတော့ ရှင်းပြတယ်။ ရှင်ဘုရင် တို့ဟာ အင်္ဂါချို့တဲ့သူကို မိဖုရား မမြှောက်တဲ့ အကြောင်း။
တော်ကောက်သွားပြီး မင်းကြီးက ရှုစားတော့ လက်သန်းပြတ်နေတာ မြင်တော့ မိဖုရား မမြှေက်တော့ပဲ အနောက်ဆောင်မှာ မောင်းမငယ် အဖြစ်ထားလိုက်တယ်။
ရှင်မယ်ဖြူ ဟာ မောင်ငုံဆိုသူနဲ့ ရည်ငံမိပြီး မင်းရန်က လွတ်အောက် နှစ်ယောက်သား ထွက်ပြေးတယ်။
ပြောင်းပြာရွာ ရောက်တော့ အမေ မယ်ကောင်းက ဒီမှာမလုံခြုံ ပြာပုံတောင် ရောက်အောင်ပြေး ဆိုပြီး တိုက်တွန်းလို့ နှစ်ယောက်သား ဆက်ပြေးရင်း ပြာပုံတောင် ရောက်သွားတယ်။ ရဲမက်တွေကလည်း တောက်လျှောက်လိုက် လာတော့ နှစ်ယောက်သား တောင်သလဲပင်ကြီး မှာ ပင်ပန်းစွာ မှီရင်း မောနေကြပြီ။
ထူးဆန်းတာက ရဲမက်တွေဟာ သူတို့ရှေ့ ရောက်ပေမယ့် လုံးဝ မမြင်ဘူး။
ပြာပုံတောင်ရဲ့ မြေကြီးတွေက မွဲခြောက်ပြီး ပြာနှမ်းနေလို့ လင်ဖြစ်သူက ဒါ ဘာတောင်လဲ မေးတော့ ရှင်မယ်ဖြူ က မျက်နှာပျက်ပြီး မမေးဖို့ ပြောတယ်။
မရဘူး ဇွတ်မေးတော့ ဒီတောင်က အိုဘဲ့တောင်အို လင်မလို ဟိုဘက် လက်ယာတောင်က အိုဘဲ့ တောင်မ လင်မရ တဲ့။ ထေ့လိုက်ရင်ဘဲ လင်ဖြစ်သူ မောင်ငုံဟာ အကောင်းကြီး ကနေ ဗိုင်းကနဲ လဲသေရော။
ရှင်မယ်ဖြူ လည်း ဒီလိုပဲ့။ သေသွားရော။
မိခင် မမယ်ကောင်းဟာ ဒီညမှာပဲ့ အိပ်မက်မက်တယ်။ ရှင်မယ်ဖြူဟာ ဆံပင်ဖားလျားချ ခေါင်းမှာ ရှားပန်း အနီစည်းရင်း ငိုပြောတယ်။
ဘဝဟောင်းက အစ်မ ပြာပုံတောင် ရှင်မက အသက်နှုတ်လိုက်ပြီ တဲ့။
ဖြစ်ပုံက ဒီလို
ပြာပုံတောင်မှာ တောင်အို တောင်မ ဆိုပြီး တောင်နှစ်လုံးရှိတယ်။
ညီအစ်မ နှစ်ယောက် တောင်စောင့် နတ်သမီး အဖြစ်နဲ့ ပေါ့။ ညီမက လူ့ဘဝ သွားချင်တယ် ပူဆာလို့ သွားရင် အိမ်ထောင် မပြုရ။ ရည်းစား တောင် မထားရ လို့ ကတိတောင်းပြီး အပျိုကြီး မမယ်ကောင်း မှာ သန့်ရှင်းစွာ တည်စေခဲ့တယ်။
အခုတော့ ရှင်မယ်ဖြူက ကတိဖောက်ရုံမက တောင်ပေါ်အထိ လင်ကိုခေါ်လာတော့ အသက်ပြန် နှုတ်လိုက်တာပါ။
ရဲမက်တွေ ရှာမတွေ့အောင်လည်း လုပ်ပေးခဲ့တယ်။ ပြီးတော့ ညီမ ရှင်မယ်ဖြူကို ပြာပုံရှင်မ အမည်နဲ့ တောင်တစ်ခုလုံး အုပ်ချုပ်စေတယ်။
သူကိုယ်တိုင်က ကျွတ်လွတ်ပြီး ဘုံဘဝသစ် တက်လှမ်းသွားပြီ။
ရှင်မယ်ဖြူ ပြာပုံရှင်မဟာ ရဲမက်တွေ လိုက်လာနိုင်အောင် လမ်းညွှန်ခဲ့တဲ့ ပြောင်းပြာရွာကို စိတ်နာပြီး ကျိန်စာတိုက်သတဲ့။
ဒီရွာဟာ မည်မျှပင်ပန်းစွာ လုပ်ကိုင် စားသော်လည်း ဆင်းရဲစေ သတည်း။ ဒီရွာမှ ပေါ်ထွက်လာသမျှ မိန်းမလှ မှန်သမျှ အရွယ်ရောက်ရင် ပျက်စီးပါစေသား လို့ ကျိန်စာ တိုက် တယ်။
(ထိုကျိန်စာသည် နှစ်ပေါင်း နှစ်ရာမျှ စူးရှ ထိရောက်ခဲ့ပါသည်။)
မြန်မာသက္ကရာဇ် ၅၃၆ ပုဂံ နရပတိ စည်သူမင်း လက်ထက်မှာ ကဿပ ရဟန်းတော်ဟာ ပုံတောင်ပုံညာ နဲ့ မဟူရာတောင်ကြား မှာ ပျံလွန်ပြီး အလောင်းတော် ကသပ လို့ ယနေ့တိုင် ထင်ရှား လာတယ်။
မင်းကြီးက ပြာပုံတောင်ရှင်မ နတ်နန်း ကိုလည်း ဆောက်လုပ် လှုဒန်းပေးတယ်။
တစ်ခါတရံမှာ ပြာပုံရှင်မဟာ မထင်မရှား ကိုယ်ထင်ပြပြီး ငိုကြွေး နေတာကို လူတွေ တွေ့ကြရတယ်။
ချစ်သူနဲ့ ဝေးခဲ့ရတဲ့ ပြာပုံရှင်မဟာ သူ့ နတ်နန်း ရှေ့မှာ လင်မယား ရည်းစား တွေ ဖြတ်သွားရင် ချက်ခြင်း မူးမေ့ အောင် လုပ်လို့ ဒီအချိန်က ဘယ်သူမှ တွဲမသွားရဲဘူး လက်ဝတ် ရတနာတွေလည်း ချွတ်သွားကြရတယ်။
၁၉၅၄ ခုနှစ်မှာ ကျော်အောင်စံထား ဆရာတော်ဟာ အလောင်းတော် ကသပ သွားရာမှာ ရှင်မယ်ဖြူ က ကိုယ်ထင်ပြပြီး လိုက်ပို့ခဲ့တယ်။
ကျိန်စာ အကြောင်း ဆရာတော်က မေးတော့ ပြာပုံ ရှင်မက
အခု စိတ်လျှော့ လိုက်ပါပြီ။ မလုပ်တော့ပါဘုရား လို့ ဖြေလ်ု့ ဆရာတော်က သာဓု ခေါ်ပြီး ဂါထာတစ်ပုဒ် ချီးမြှင့်တယ်
ဒီဂါထာကို တစ်နေ့ ပုတီး ၃ ပတ်စိပ် ရင် ဒကာမ ဘဝ ဒီထက်တိုးတက် လာမှာမလွဲ ဆိုလို့ ပြာပုံရှင်မ လည်း ပုတီးစိပ်ခဲ့တာ ၁၁ ရက် အကြာမှာပဲ့ တန်ခိုးတက်ပြီး ဘုမ္မစိုး ဘဝ ရပြီ ဆိုတဲ့ အကြောင်း လာပြောတယ်
ကဲ စာအတော်ရှည်ပြီ
ခိုင်ခိုင်လုံလုံ သိစေချင်လို့ လက်ညောင်းခံ တင်ပြနေတာပါ
ဒီဂါထာကတော့ သုဂတော ၅ ချက် ဂါထာ ပါပဲ့။
သုဂတော ၅ ချက်ဂါထာ
(သုဂတော သုဂတ ဌာနံ
သုဂတော သုန္နရံ ပိစ
သုဂတော နိဗ္ဗာနံ ယန္တိ
သုဂတော တေ နမော နမာ)
ကျေးဇူးတင်ပါသည်

Credit- မြစကြာ

ပြာပုံရှင်မ ဟာ အရှက်အကြောက်ကြီးတဲ့ အတွက် နတ်နန်းရှေ့မှာ ဓာတ်ပုံရိုက်လို့. မရပါဖူး၊ ရိုက်မိရင်လဲ ပုံမပေါ် ဘဲ ဓာတ်ပုံရိုက်သူကိုယ်တိုင် ချက်ချင်း ဒုက္ခတွေ့ခဲ့ဖူးတဲ့ သာဓကတွေရှိလို့ ပြာပုံရှင်မ ရဲ့ ဓာတ်ပုံကို တင်မပေးနိုင်တာ စိတ်မကောင်းပါဖူးဗျာ
အနီးစပ်ဆုံး အလောင်းတော် ကဿပ က ဓာတ်ပုံတွေ တင်ပေးလိုက်ပါတယ်..

Credit အရှေ့တိုင်းမှကိုးကိုယ်ယုံကြည်မှု့များ

No comments:

Post a Comment