လေးဂွ လက်စွမ်းပြတဲ့ ကလေးနှစ်ယောက်


မြန်မာပြည်ကနေ ထိုင်းကိုရောက်နေတဲ့ ကလေးတွေက
တမျိုးပြီး တမျိုးအစွမ်းတွေပြနေကြတယ်။
ဟိုတနေ့ကမွန် ကလေးလေးက ဘောအစွမ်းပြတယ်။
ဒီနေ့ကရင်ကလေးနှစ်ယောက်က လေးဂွအစွမ်းပြကြတယ်။
ဆုအဖြစ်ဘာလိုချင်သလဲမေးတော့
ကလေးနှစ်ယောက်ရဲ့သိတတ်လှတဲ့အဖြေကြောင့် မိခင်မှာမျက်ရည်ဝဲခဲ့ရပါတယ်။
သူ့တို့အမေအတွက် အိမ်အမိုးက မိုးယိုလို့  အိမ်အမိုးလေးပြင်ပေးပါတဲ့။
လျှပ်စစ်မီးမရှိ၊ကစားစရာတွေလည်းဝယ်ပြီးမကစားခဲ့ဘူးတဲ့
ကလေးတွေရဲ့ စိတ်က အသက်ထက်ပိုပြီးရင့်ကျက်နေခဲ့ကြပါတယ်။
ပြိုင်ပွဲအပြီးမှာ သူတို့ရဲ့ အိမ်ခေါင်မိုးလေးကို ပြင်ပေးခဲ့တာကြောင့်
မိုးယိုမှာ မစိုးရိမ်ပဲနေနိုင်ခဲ့ကြပါတယ်။
(ဒီပို့စ် အောက်မှာ ဒီခလေးနှစ်ယောက် ကရင်ကလေးတွေမဟုတ်ဘူးလို့ဆိုပါတယ်။ အက်မင်က
ထိုင်းစကားမတတ်ပါ။မိတ်ဆွေတစ်ယောက် က ကရင်ကလေးနှစ်ယောက်ရဲ့ အစွမ်းပြချက်လို့ ဆိုပြီး တင်ထားတာ
တွေ့လို့ပြန်ပြီး ဒီပေ့ခ်ျမှာ ရှယ်လိုက်ခြင်းဖြစ်ပါတယ်။
အချက်အလက်မှားယွင်းခဲ့လျှင်အနူးအညွတ်တောင်းပန်ပါကြောင်း။)


Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)