Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 12, 2017

ဒညင်းကုန်း အုတ်စက်ရုံ ၁ အတွင်း နေထိုင်သည့် အလုပ်သမားနေအိမ်များ ဘူဒိုဇာဖြင့် ဖြိုဖျက်ရာ အလုပ်သမာများဝိုင်းတား


--- --- ---
ဇန်န၀ါရီ ၁၂ ရက် နံနက် ၈ နာရီကျော်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်း အုတ်စက်ရုံအမှတ် ၁ ၀န်းအတွင်း နေ ထိုင်ကြသည့် နေ့စားလုပ်သမားများ နေအိမ်များသို့ ဘူဒိုဇာဖြင့် ဖြိုဖျက်ရန် လုပ်ဆောင်ရာတွင် အလုပ်သမားများက ၀ိုင်းဝန်း တားဆီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။
အလုပ်သမား တစ်ဦးဖြစ်သူ ဒေါ်ဝင်းမာက “မနက်က ၈ နာရီလောက်ကို အိမ်ခြေ ၂၁ လုံး တန်းထားတဲ့ အစွန်ကအိမ်ကို ထိုးမယ်လုပ်တယ်။ ထိုးမယ်လုပ်တော့ တားတယ်။ တားတာမရလို့ ကြံရာမရတဲ့အဆုံး ဥပဒေအညီ လက်တွဲပြီး အဖြိုခံရမယ့် အိမ်ကို ခြံစည်းရိုးပုံစံ ၀န်းရံပြီး ကာထားလိုက်တယ်။ အဲ့လိုလုပ်တော့ ဘူဒိုဇာကြီးက မထိုးဘဲနဲ့နောက် ကို ပြန်ဆုတ်သွားတယ်။ အခုထက်ထိ အဲ့ဒီအိမ်နားမှာ ရှိနေတုန်းပဲ”ဟု ပြောသည်။
အဆိုပါ ဒညင်းကုန်း အုတ်စက်ရုံ ၁ သည် ၂၀၁၂ ခုနှစ် ၆ လပိုင်းခန့်က ရပ်နားသွားပြီးနောက် ၎င်းစက်ရုံဝန်း အတွင်း မှီခိုနေသည့် နေ့စား လုပ်သားများအား စက်ရုံဝန်းအတွင်းမှ မောင်းထုတ်ရန် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
ဒေါ်ဝင်းမာက “သူတို့ကတော့ စက်တွေလည်တုန်းက နင်လားငါလား ခိုင်းပြီးတော့မှ အခုစက်တွေ မလည်တော့တဲ့ သူတို့မလိုတော့တဲ့ အခါကျတော့ ဖယ်ခိုင်းတာပေါ့။ မဖယ်လို့ ထိုးချင်တာ နေမှာပေါ့။ အရင်တုန်းကတော့ အုတ်စက်လုပ်ရတုန်းက အုတ်စက် လုပ်သားတွေပေါ့။ အုတ်စက်ကြီးက ၂၀၁၂ ၆ လပိုင်း မှာ ရပ်သွားတော့ ကြုံရာကို လုပ်ကိုင်စားသောက် နေရတာ။ ဒီထဲမှာလည်း လုပ်ခဲ့တာက အနှစ် ၃၀၊ ၂၅ လောက်လုပ်ခဲ့တာ ဆိုတော့ သူတို့ရပ်တဲ့အချိန်မှာ ဘယ်မှ မသွား တတ်တော့ဘူးလေ။ သူတို့ခေါ်ခိုင်းတုန်းက မြေနေရာပေးမယ် ဆိုပြီး ခေါ်ခဲ့တာ” ဟု ပြောသည်။
မြေနေရာရွှေ့ပြောင်းခိုင်းခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်စာပို့ အကြောင်းကြားခြင်း မရှိကြောင်း လက်ရှိ အချိန်တွင်လည်း ၎င်းတို့ ဖြိုဖျက်မည့် အိမ်အနီး တွင် စောင့် ကြည့်နေကြကြောင်း ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲကျော် ခန့်က The Ladies News သို့ ပြောသည်။
ဓာတ်ပုံ-မင်းဝသ၁န်
The Ladies News

No comments:

Post a Comment