Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 16, 2016

Trust


အန်နီကင်မရွန်းဆိုတဲ့ ၁၄နှစ်အရွယ် ကောင်မလေးဟာ ချီကာဂိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တခုမှာနေတယ်
ပျော်ရွှင်ဖွယ်သာယာတဲ့မိသားစုလေးကိုလည်းသူမပိုင်ဆိုင်ထားတယ် ဆယ်ကျော်သက်အရွယ် အမေရိကန်မလေးတယောက်ကအင်တာနက်သုံးတာ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး အဲ့လိုမထူးဆန်းရာကနေ ချာလီဆိုတဲ့ကောင်လေးတယောက်နဲ့ မိတ်ဆွေတွေဖြစ်ကြတယ်

ချာလီကအသက်၁၆နှစ်တဲ့ နေ့တိုင်းစကားတွေပြောရင်းခင်နေရင်းက နေ ချာလီကသူ့ဓာတ်ပုံတွေပို့ပေးတယ် အားကစားတော်တဲ့ကောင်လေးချောချောလေး ကြွေချင်စရာလေးပေါ့နော် နောက်မှချာလီကထပ်ပြောတယ် သူဟာအသက်၂၀ရှိပါပြီတဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့၂ယောက်ချစ်သူတွေဖြစ်ကြရော နောက်နည်းနည်းကြာတော့ သူဟာတကယ်တမ်းအသက်၂၅နှစ်အရွယ် ရှိသူတယောက်ပါလို့ဝန်ခံပြန်တယ် ကောင်မလေးဟာခဏတွေဝေသွားပေမယ့်လည်း သူမနဲ့ချာလီဟာတယောက်ကိုတယောက်ချစ်ကြတယ်ဆိုတာကိုပဲ ခေါင်းထဲစွဲနေတော့တယ် သူမမိဘတွေကသူမအခြေအနေကို သတိမထားမိကြပေမယ့် အန်နီရဲ့သူငယ်ချင်းမလေးဘရစ်တနီကတော့ချာလီဆိုတဲ့နာမည်ကိုအန်နီဆီကနေမကြာခနကြားနေရတယ်

အဲ့လိုနဲ့၂လလောက်နေတော့အန်နီ့အကိုဖြစ်သူဟာတခြားမြို့မှာကောလိပ်သွားတက်မှာမို့
အန်နီ့မိဘတွေကလိုက်ပို့ကြတယ် အဲ့ဒီအချိန်မှာချာလီကသူတို့၂ယောက်လူချင်းဆုံရအောင် ရှော့ပင်းမောလ်တခုမှာချိန်းတယ် အန်နီကလည်းသွားတွေ့တယ် သူမကချစ်နေပြီကိုး
တကယ်တမ်းလူချင်းတွေ့တော့မှ ချာလီဟာ၁၆မဟုတ်၂၀မဟုတ် ၂၅နှစ်မဟုတ်ရုံမက ၃၀ကျော်၄၀နီးပါးအရွယ်လူကြီးတယောက်ဖြစ်နေတယ် အဲ့လောက်အသက်လိမ်ထားတာကြီးကို
အန်နီစိတ်ပျက်သွားပေမယ့် သူနဲ့အတူအချိန်ဖြုန်းနေသေးတယ် ချာလီကအပြောချိုချိုနဲ့သိမ်းသွင်းပြီးသူ တို့ ၂ယောက်အသက်ကွာတာကိုခေါင်းထဲမထည့်ဖို့ ပြောရုံမက မိုတယ်သွားဖို့အထိပါဖြားယောင်းသွေးဆောင်တယ်
နောက်ဆုံးရလဒ်ကတော့အန်နီဟာအလိုမတူပဲအနိုင်ကျင့်ခံလိုက်ရပြီးအဲ့ဒီကိစ္စကိုလျှို့ဝှက်ဗီဒီယိုပါရိုက်ခံခဲ့ရတာပဲ အဲ့ဒီကနေပြန်လာပြီးတည်းကအန်နီဟာတိတ်ဆိတ်မှိုင်တွေနေခဲ့တယ်
ချာလီကလည်းတဖြေးဖြေးသူမကိုလစ်လျူရှုလာရင်းကအဆက်အသွယ်ပါဖြတ်သွားတယ်

မူမမှန်တော့တဲ့အန်နီကိုကြည့်ရင်းသူငယ်ချင်းမလေးဘရစ်တနီကရှော့ပင်းမောလ်ထဲလူတယောက်နဲ့
တွဲသွားတာလည်းမြင်ထားတာကိုမေးမြန်းရင်းကချာလီနဲ့ကိစ္စကို သိသွားခဲ့ပြီးအန်နီအနိုင်ကျင့်ခံရကြောင်း
ကျောင်းအုပ်ကိုတိုင်လိုက်တယ် အန်နီ့ဆီရဲတွေရောက်လာတယ်FBIကလိုက်လာတယ် DNAယူစစ်တယ်
အဲ့လိုနဲ့အန်နီကိစ္စဟာ ဟိုးလေးတကျော်ဖြစ်လာတယ် အန်နီ့ဖခင်ဖြစ်သူဟာလည်းသမီးဇောနဲ့ချာလီ
ဆိုတဲ့သူကိုဖမ်းမိဖို့ကိုယ်တိုင်ရတဲ့နည်းနဲ့လိုက်စုံစမ်းတယ် ရဲတွေဆီကနေသမိးဖြစ်သူနဲ့ချာလီဆိုသူတို့ရဲ့
စကားပြောထားတဲ့Chat conversationတွေကိုတောင် ခိုးယူဖတ်ပြီးချာလီ့ကိုနည်းမျိုးစုံနဲ့နေ့ရောညပါ
ခြေရာခံဖို့ကြိုးစားတယ် ဖခင်နဲ့သမီးဖြစ်သူကြားမှာ ဆက်ဆံရေးတွေတင်းမာလာတယ် အန်နီဟာသူမကိစ္စကို
လျှို့ဝှက်မထားပေးတဲ့သူငယ်ချင်းဖြစ်သူကိုလည်းစိတ်ဆိုးတယ် ချာလီနဲ့အဆက်အသွယ်လုပ်ခွင့်မပေးတဲ့
မိဘတွေကိုလည်းစိတ်ဆိုးပြီး ချာလီ့ဘက်ကနေပဲရပ်တည်ပြီးပြောနေခဲ့တယ်

ရက်အနည်းငယ်အကြာမှာတော့ ချာလီဘယ်သူဘယ်ဝါမှန်းအတိအကျမသိရပေမယ့် တခြားမိန်းမငယ်လေးတွေကိုလည်း ဒီလိုအမှုတွေကျူးလွန်ထားသူတယောက်ဆိုတာကို အန်နီ့ဆီကရတဲ့DNAကနေတွေကသက်သေပြလာတယ် ရဲအရာရှိကသူ့လိုပဲသားကောင်ဖြစ်ခဲ့တဲ့ တခြားမိန်းကလေးတွေရဲ့ဓာတ်ပုံတွေကိုအန်နီ့ကိုပြတယ်
အန်နီဟာအဲ့ဒီအချိန်ကျမှ တအားကိုဝမ်းနည်းတော့တာပဲ
သူမထင်ထားသလိုချာလီ့မှာသူမတယောက်တည်းရှိနေခဲ့တာမဟုတ်မှန်းသိရမှ တအားဝမ်းနည်းပြီး
သူမအလိုမတူပဲ အနိုင်ကျင့်ခံရကြောင်း ၀န်ခံလာတယ် အဲ့လိုနဲ့အန်နီဟာ ကျောင်းတက်သွားလာနေရင်း တနေ့သူမအကြောင်းညစ်ညမ်းပုံတွေနဲ့လှောင်ပြောင်ထားတဲ့အင်တာနက်စာမျက်နာတခုရဲ့သတင်းကို ဘရစ်တနီ့ဆီကနေကြားလိုက်ရပြီးတဲ့နောက်မှာတော့ အန်နီ့စိတ်ဖိစီးမှုရှက်ရွံ့မှုတွေဟာအဆုံးစွန်ထိ
ရောက်သွားကာကိုယ့်ကိုကိုယ်သတ်သေတော့တယ်ဖခင်ဖြစ်သူကအချိန်မီကယ်တင်လိုက်လို့ အသက်မဆုံးရှူံးခဲ့တဲ့ဆယ်ကျော်သက်မလေးဟာ ဖခင်ဆီကနွေးထွေးတဲ့နှစ်သိမ့်စကားတွေ အားပေးစကားတွေကိုနားထောင်ရင်းဖခင်ရဲ့ရင်ခွင်ထဲမှာငိုကြွေးနေရှာတယ်

တခြားမြို့တခုမှာတော့ချာလီလို့အန်နီသိထားတဲ့သူဟာ ဇနီးဖြစ်သူသားဖြစ်သူနဲ့လည်ပတ်ပျော်ရွှင်နေပါတယ်

ဒါက''Trust''လို့အမည်ရတဲ့နာမည်ကျော်ရုပ်ရှင်ဇာတ်လမ်းပါ ၂၀၁၀ခုနှစ်တည်းကထွက်ထားတဲ့ ကားဟောင်းတကားမို့ လူတော်တော်များများကြည့်ဖူးပြီးသားလို့ထင်ပါတယ် မကြည့်ရသေးတဲ့သူတွေရယ်အင်္ဂလိပ်ကားမကြည့်ဖြစ်သူတွေရယ်ကိုဇာတ်လမ်းလေးသိစေချင်လို့ပါ အခုခေတ်မြန်မာနိုင်ငံရဲ့အခြေအနေအရ မိန်းကလေးတွေရောသမီးရှင်မိဘတွေရော ကြည့်သင့်တဲ့ဇာတ်လမ်းတခုလို့ယူဆမိတယ် ဒီရုပ်ရှင်ကို5moviesကနေ တခါကြည့်ပြီးတည်းက
သဘောကျလို့ ပြန်လာတိုင်းလည်းထပ်ကြည့်မိတယ် ညီမတွေကိုလည်းကြည့်ခိုင်းတယ် ရုပ်ရှင်မို့လို့အပြင်မှာ
ဒီလိုဖြစ်ရပ်မျိုးတွေမရှိဘူးဆိုပြီးပေါ့ပေါ့ဆဆမတွက်စေချင်ဘူး အဲ့ထက်ဆိုးတာတွေတောင်ရှိတယ်
မူရင်းရုပ်ရှင်ကိုကြည့်ရင်တော့ကောင်မလေးရဲ့နာကျင်မှုကိုရော ဖခင်ဖြစ်သူရဲ့အရူးမီးဝိုင်းပူလောင်မှုကိုရော
ခံစားသွားရလို့ သူတို့ပေးချင်တဲ့သင်ခန်းစာကိုလည်းပိုရလိမ့်မယ် မကြည့်ဖြစ်တဲ့သူတွေ ရုပ်ရှင်မကြည့်သူတွေကို သိစေချင်လို့ရေးပြလိုက်ပေမယ့်လည်း ရေးတာပေါ့လွန်းလို့ မူရင်းရသကိုပေးနိုင်မှာတော့မဟုတ်ပါဘူး

အထူးသဖြင့်မိန်းကလေးတွေနဲ့မိဘဖြစ်သူတွေကိုသိစေချင်တာက ဒီလိုဖြစ်ရပ်နဲ့ထပ်တူရောထပ်တူမဟုတ်တဲ့
အလားတူအရှက်ရစရာအန္တရာယ်တွေရောဟာ facebook လို လူမှုကွန်ရက်တွေပေါ်မှာ
ဖောဖောသီသီရှိနေတယ်ဆိုတာလေးပဲ ဆယ်ကျော်သက်တွေတင်မဟုတ်ပဲ အရွယ်ရောက်ပြီးသူတွေလည်း ကြုံတွေ့တတ်တာမို့သတိရှိစေချင်ရုံပါ
မြန်မာနိုင်ငံမှာအန်နီလေးတွေနည်းသထက်နည်းနိုင်ပါစေလို့ပဲဆုတောင်းမိတယ်..

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။

No comments:

Post a Comment