Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 16, 2016

အနုပညာရှင်များပါဝင်မယ့် လိင်အကြမ်းဖက်မှုနှင့်........


မြန်မာစာ မြန်မာအရေးအသားနှင့် အချို့သောသတင်းများ
***************************


  • အနုပညာရှင်များပါဝင်မယ့် လိင်အကြမ်းဖက်မှုနှင့်

သက်ငယ်မုဒိမ်း ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်မည်။

(တော်တော်ဆိုးတဲ့ အနုပညာရှင်တွေပဲဗျာ) 😂😂


  • ဒေသခံများ၏ပြောပြချက်အရ အဆိုပါ လင်းပိုင်မကြီးသည်

အုပ်စုဖွဲ့ပြီး တရားမဝင် ရှော့တိုက်ငါးဖမ်းဆီးခြင်းများ
ဆောင်ရွက်နေခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟု ကြားသိရပါသည်။

(ဘယ်အချိန်ကတည်းက လူမိုက်ခေါင်းဆောင်လုပ်စားနေမှန်းမသိတဲ့ လင်းပိုင်မ သေတာတောင်နည်းသေးတယ်) 😂😂


  • ၂၂နှစ်လုံး သက်သက်လွတ်စားလာသည့် ၃၂နှစ်အရွယ်အမျိုးသမီးအသားကို ပထမဦးဆုံး စမ်းစားကြည့်။


(အမငီးးးး အသားတွေပါ အဆတ်ဆတ်တုန်သွားတယ်) 😣😣


  • စူဠာမဏိဘုရား၏ငလျင် ဒါဏ်ကြောင့် ပျက်စီးသွားသည့်

အစိတ်အပိုင်းများအား ရှင်းလင်းဖယ်ရှား။

(နာမည်အသစ်နဲ့ငလျင်) 😂😂


  • နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ

ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း
ခြောက်ကောင်အုပ်စုအား ဒေသခံပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်စေရေး ဦးစားပေးကာ ...။

(ဒါ ၆၆ ဃ နဲ့ငြိလောက်တယ်) 😝😝


  • နိုင်ငံတော်သမ္မတဦးထင်ကျော် တာဝန်ပြီးဆုံး၍

ပြန်လည်ထွက်ခွာတော့မည့် ရုရှသံအမတ်ကြီးအား
လက်ခံတွေ့ဆုံ။

(၅ နှစ်မပြည့်သေးဘူးလေ ဘယ်နှယ့်တုန်း) 😖😖


  • မြို့တော်ဝန်၏စီမံဆောင်ရွက်ချက်ကြောင့်

မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ ယခင်ထက်
ပိုမိုကောင်းမွန်လာ....။

(အကွက်ကျကျ စီမံထားလေသလား) 😬😬


  • ခွင့်ပြုချက်မရှိဘဲကွယ်လွန်သူ ဗိုလ်မှူးချုပ်.....၏ ...........စာအုပ်

ထုတ်ဝေဖြန့်ချီနေခြင်းအား ရပ်ဆိုင်းပေးပါရန်နှင့်......။

(သေမယ်ဆိုရင် ခွင့်ပြုချက်ယူကြပါ) 😂😂


  • အရက်မူးပြီးရပ်ထားသည့်ကားကို တက်မောင်းရာ

ကားနှင့်လူ မြစ်ထဲပြုတ်ကျ။

(သေတာတောင်နည်းသေးတယ် ငမူးသမား အဲလေ ငမူးကား)
😂😂


  • ကွန်တိန်နာယာဉ်က လမ်းဖြတ်ကူးသူကို တိုက်မိ၍သေဆုံး။


(RIP ကွန်တိန်နာ) 😞😞


  • စက်လှေမှောက်ရာတွင် သေဆုံးသွားသည့်

ဆရာ ဆရာမသုံးဦးအတွက် ထောက်ပံ့ငွေများနှင့်
အသက်ကယ်အင်္ကျီများပေးအပ်။

(မသာကူးတို့ခနဲ့ ကူးတို့မှောက်ရင် အဆင်ပြေစေချင်လို့ပါ
စေတနာတွေ စေတနာတွေ) 😡😡


  • နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်အတိုင်း ဆူပူအကြမ်းဖက် ဖျက်ဆီးမှုပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟု ........ပြောကြား။


(အိုးမိုင်ဂေါ့......)😱😱

Wipper Mmcp ၏ time line မှ ကူးယူဖော် ပြ သည်။
via D Hlaing Winn

Credit..Thorn nay soe

No comments:

Post a Comment