CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 5, 2016
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှစ်သစ်တွင် အိမ်ထောင်ပြုမည်
Byငြိမ်းချမ်းOn Mon, 2016-12-05 12:59Location ရန်ကုန်Issue No.No.1293 Monday, December 5, 2016
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုတွေ့ရစဉ်/ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် သည် ၂၀၁၇ ဇန်နဝါရီလဆန်း တွင် အိမ်ထောင်ပြုတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အသက် (၅၄)နှစ်အရွယ် လူပျိုကြီး ကိုမင်းကိုနိုင်သည် ဩ စတြေးလျနိုင်ငံတွင် နေထိုင်အ လုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအမျိုးသမီးဆရာဝန်တစ်ဦးနှင့် ရွှေလက်တွဲ၍ လူပျိုကြီးဘဝ အဆုံးသတ်တော့မည်ဖြစ်ကြောင်း 7Day Daily က အတွင်းသတင်း ရရှိထားသည်။
ဇန်နဝါရီတွင် မင်္ဂလာဦးဆွမ်းကျွေးမင်္ဂလာကျင်းပပြီးမှ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မင်္ဂလာသတင်းနှင့် ပတ် သက်၍ 7Day က ကိုမင်းကိုနိုင် အား မေးမြန်းရာ ကြားသည့်အ တိုင်း တကယ်ဖြစ်လျှင် ကောင်း တာပေါ့ဟု ၎င်းက ရယ်မော၍ ပြောသည်။
‘‘ကျွန်တော့်လိုလူကို ဘယ် သူမှ မယူလောက်ဘူးနော်’’ဟု ကိုမင်းကိုနိုင်က ရယ်မော၍ ဆက် လက်ပြောကြားသည်။သို့သော် မင်္ဂလာသတင်း နီးလာလျှင် 7 Day ကို ပထမဆုံးပြောမည်ဟု ဆိုပါသည်။
‘‘သူ (မင်းကိုနိုင်) အိမ်ထောင်ပြုတော့မယ်လို့ ကျွန်တော့်ကို ပြောတယ်။ သူ အိမ်ထောင်ပြု တော့မယ်ဆိုတာတော့ သိတယ် ဗျ။ မိန်းမယူတာပဲ ကောင်းတာ ပေါ့ဗျာ။ လူ့ဘဝ ပြည့်စုံတာပေါ့။ ဒါလည်း လုပ်ရမယ့် အလုပ်ပဲ လေ။ လူ့တာဝန်ပဲ။ ဒီဟာက ပေါက်ဖွားလာမယ့် မျိုးဆက်က လည်း သူ့အတွက်ပဲလေ။ ဘာပဲ ပြောပြော မင်္ဂလာယူပါတယ်။ ဆုလည်း ဆုတောင်းပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်ဗျာ’’ဟု ကိုမင်းကိုနိုင်နှင့်အတူ စာပေ ဟောပြောပွဲများ သွားရောက် ဟောပြောသူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မုဒိတာစကားပြောကြားသည်။
ကိုမင်းကိုနိုင်နှင့်အတူ စာပေဟောပြောပွဲများ သွားရောက်ဟောပြောသူ စာရေးဆရာမောင်သာချိုကလည်း အောက်ပါအတိုင်း မင်္ဂလာသတင်းအတွက် မုဒိတာပွားသည်။ ‘‘သူတို့တွေကထောင်တွေထဲမှာ အများကြီးပေးဆပ်ခဲ့ရတာလေ။ ဆရာနန္ဒာသိန်းဇံ ပြောသလိုပေါ့။ လူရယ်လို ဖြစ်လာမှတော့ ဘဝကြင်ဖော်ရှာတာ လူသားဆန်ပါတယ်တဲ့။ ဒီအတိုင်းနေတာထက်စာရင် လူသားဆန်လာတယ်ပေါ့။ ရိုင်းတာပြောတာမဟုတ်ဘူး။ သားသမီးတွေရရင် အနစ်နာခံတာတွေ၊ ဘာတွေ အများကြီးပါလာတာကိုး။ ကိုမင်းကိုနိုင်လည်း စာရေးတယ်။ ကဗျာ ရေးတယ်။ ပန်းချီဆွဲတယ်။ လူသားဆန်တာပေါ့။ ဒါပေမဲ့ မိန်းမယူတာလေးပဲ ကျန်တာပဲလေ။ နောက်ပြီးမျိုးဆက်ထူထောင်တာ ကောင်းတယ်။ ကျွန်တော်တော့ မျိုးဆက်ပြတ်တာ မကြိုက်ဘူးဗျ။ ဘာမှမကျန်ဘဲ သေသွားတာ မကောင်းဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်း သေသွားတယ်။ ဒါပေမဲ့ သူ့သမီး အောင်ဆန်းစုကြည် ကျန်ခဲ့တယ်လေ။ မိုက်တယ်။ လူဟာ မျိုးဆက်တစ်ခု ကျန်ခဲ့ရမယ်လေ’’။
ကိုမင်းကိုနိုင်ကို ၁၉၆၂ အောက်တိုဘာ ၁၈ ရက်တွင် မွန် ပြည်နယ် မုဒုံမြို့နယ်၌ မွေးဖွားခဲ့ သည်။ ၁၉၈၈ တွင် ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် တတိယနှစ်၊ ရုက္ခဗေဒဘာသာရပ်၌ ပညာသင်ကြား နေစဉ် တစ်ပါတီအာဏာရှင်စနစ် အား ဆန့်ကျင်သော ကျောင်းသား လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ၈၈ အရေးတော်ပုံကာလ၌ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး စစ်အစိုးရကို တုန်လှုပ်စေခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
၁၉၈၉ အောက်တိုဘာတွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီး ခြင်းခံရပြီး အင်းစိန်ထောင်နှင့် စစ် တွေထောင်တို့၌ ၁၆ နှစ်တိုင်တိုင် အကျဉ်းကျခံခဲ့ရသည်။ ၂၀၀၄ နှောင်းပိုင်းတွင် ပြန်လည်လွတ် မြောက်လာခဲ့ပြီး ကျောင်းသား အင်အားစုကို ပြန်လည်ဦးဆောင် ကာ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများ ကို ဆက်လက်ပြုလုပ်ခဲ့သည်။ ၂၀၀၇ တွင် လောင်စာဆီဈေးနှုန်း မြင့်တက်ခဲ့၍ အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် စီတန်းလမ်း လျှောက်ဆန္ဒပြပွဲ၌ ဦးဆောင် ပါဝင်ခဲ့ပြီးနောက် စစ် အစိုးရက ဖမ်းဆီးထောင်ချခဲ့ပြန်ကာ ၂၀၁၂နှစ်ဆန်းပိုင်းတွင်မှ ပြန်လည်လွတ် မြောက်လာခဲ့သည်။
ကိုမင်းကိုနိုင်သည် ၈၈ မျိုး ဆက်ကျောင်းသားများအား ပြန် လည်စုစည်းကာ အရပ်ဘက်လူ့ အဖွဲ့အစည်းအားကောင်းလာ ရေး ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ် သည်။ ကိုမင်းကိုနိုင်၏ ဒီမိုကရေ စီအရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် နော်ဝေး၊ ချက်၊ ကနေဒါ၊ အမေရိကန်နိုင်ငံတို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ယခု နောက်ပိုင်း စာပေဟောပြောပွဲများ ဟောပြောခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ဆောင်းပါးများ ရေးသားခြင်း၊ ကဗျာများ ရေးသားခြင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခြင်း၊ တေးသီချင်းများ ရေးသားခြင်း စသည့်လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိသည်။
ကိုမင်းကိုနိုင်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးမှာလည်း ၂၀၁၂ တွင် ထောင်မှလွတ်မြောက်လာပြီးမှ ၂၀၁၄တွင် အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။
7Daydaily
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှစ်သစ်တွင် အိမ်ထောင်ပြုမည်
Reviewed by MP4 YoU
on
December 05, 2016
Rating: 5
Reviewed by MP4 YoU
on
December 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment