CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 4, 2016
"အနှစ် ၂၀ ဆိုတဲ့စကါး သူများတွေ အသံတိတ်မှ ကျွန်တော်ပြောမယ်"
"အနှစ် ၂၀ ဆိုတဲ့စကါး သူများတွေ အသံတိတ်မှ ကျွန်တော်ပြောမယ်"
- - - - - - - - - - - - - - - - - - - - - - -- - - - - - - - - - - - -- -
ရေးသူ ဘတင်(ကို)
လောလောဆည် ၁၇- ရက်တိတိ ၀င်ငွေ တစ်ပြားမှ မရှိဘဲ
ကျွန်တော်ထိုင်စားနေတာ 'စင်ကပူ စီးပွားရေးကျတာဖြစ်တယ်' ...
၂၀၁၆ မှာ လူတစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားတာလည်း
'စင်ကပူ စီးပွားရေး ကျတာဖြစ်တယ်' ...
ဘဏ္ဍာရေးဝန်ကြီး အစည်းဝေးခန်းထဲ ခေါက်ကနဲလဲ လေဖြတ်တာကိုကြည့်ရင်
စင်ကပူ သမိုင်းမှာ ဒီနှစ်ကျတဲ့ စီးပွားရေးဟာ ကြောက်စရာ အလွန်ကောင်းပါတယ်...
ကဲ ဟုတ်ပြီ ဘာနဲ့ ပြန်ကုစားမလဲ ? အခုလိုကျတဲ့ စီးပွားရေး
ဘယ်လောက်ထိကြာ နေမလဲ ? ဆိုတာ ညဏ်မီသလောက်စဉ်းစားကြည့်ကြပါ
ဝန်ဆောင်မှု လုပ်ငန်းရယ်၊ လူ့စွမ်းအား အရင်းမြစ်ရယ် လောက်ကသာ
သူ့ရဲ. ကိုယ်ပိုင်ပစ္စည်းတွေ ဖြစ်ပါတယ် ...
ရေနံ ဈေးကျတာကြောင့် ၀င်ငွေကောင်းခဲ့တဲ့ Refinery တို့
Petro Chemical တို့လည်း အမြတ်တွေနည်းကုန်ပါပြီ...
ထိပ်မှရပ်တည်နေတဲ့ နိုင်ငံတွေဆိုတာ မကျအောင်ထိန်းဘို့ အတော်ခက်ပါတယ်
ဒီထဲမှာ စင်ကပူက အဆိုးဆုံးပါဘဲ ဘာမှ မရှိတဲ့ အတွက်
နိုင်ငံကြီးတွေကိုရော အိမ်နီးနားချင်းတွေကိုပါ အားကိုးနေရတာပါ
၁၉၉၇-၈ မှာတစ်ခါ၊ ၂၀၀၈-၉ မှာတစ်ခါ၊ ၂၀၁၅-၁၆ မှာတစ်ခါ
စင်ကပူ စီပွားရေး ကျတိုင်း ကျွန်တော်ရှိနေပါတယ် ဒီတစ်ခါလောက် ဆိုးတာ
မတွေ့ဘူးသေးပါ... ၂၀၁၇ မှာပြန်တက်ဘို့တောင် မလွယ်လှပါဘူး..
သူ့လူတွေကလည်း နိုင်ငံခြားသားတွေ များလာတာကို အော်နေကြတာမို့
အစိုးရရဲ. စိမ်ခေါ်မှုတွေက မသေးလှပါ...
ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ကြည့်ရမယ်ဆိုရင်...
ဦးသိန်းစိန် ဆင်းသွားပြီးတာကို တံခါးပိတ်လိုက် စာရင်းပိတ်လိုက်..
အစိုးရသစ်တက်လာပြီးတော့ စနစ်သစ်နဲ့ စမှာမို့ ခဏရပ်ပြီးမှ
အလုပ်တွေပြန်စတယ် ... သုံည ဆိုပါတော့
အစိုးရဘဏ္ဍာတွေကို အစိုးရသစ်အဖွဲ.က လာဘ်မစားလို့ ငွေတွေပိုလာတယ်
ကျိုက်ထီးရိုး ဘုရား အလှူငွေက သက်သေပါဘဲ
ဒါဟာ အစိုးရသစ် လက်ထက်မှာ စတက်လာတဲ့ စီးပွားရေးလို့ ပြောရင် မှားပါ့မလား ?
အနှစ် ၂၀ ဆိုတဲ့ အချိန်နည်းလားဗျာ ?
၁၀ - နှစ် အတွင်းမှာ ရေ၊ မီး၊ အင်တာနက်၊ လမ်း မကောင်းနိုင်ဘူးလား ?
ကျန်တဲ့ ၁၀ - နှစ် ဒီ Infrastructure ချောမွေ့သွားတဲ့ အပေါ်မှာ ဆက်ကျိုးစားကြပေါ့
ပျင်းနေလို့တော့ ဘယ်ရပါ့မလဲ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဘို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ
ပေါလာဘို့ ကတော့ အစိုးရမှာတာဝန်ရှိတာပေါ့
အစိုးရကို ငါတို့ရွေးပေးလိုက်ပြီ တိုင်းပြည်မတိုးတက်ရင် အစိုးရတာဝန်ဆိုပြီး
အစိုးရဦးဆောင်ရာနောက် ကန့်လန့်တိုက်နေရင်တော့ ဝေးမှာပေါ့
အမေစု ပြောသွားတဲ့စကါးက ရှင်းရှင်းလေး
" စင်ကပူကို နောင် အနှစ် ၂၀- မှာ စီးပွားရေးအရ ကျော်တက်မယ်လို့ ပြောသွားတာ "
စင်ကပူရဲ. သန့်ရှင်းမှုတွေ၊ တိုက်တာ အဆောက်ဦးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ
ရှောပင်းမောတွေ စတဲ့ Ficility တွေကို ကျော်တက်မှာလို့ ပြောသွားတာ မဟုတ်ပါ
ကျွန်တော်တို့ ဒီလောက်တော့ နားပါးဘို့ လိုပါတယ်
ကျွန်တော်အလုပ်ရှာနေတာ အရင်လစာထက် ဒေါ်လာ ၅၀၀ လျှော့ပြီးယူပါ့မယ်
လို့ အလုပ်ပြန်လျှောက်ရတယ် ...
အရင်တုံးက အင်ဂျင်နီယာ အဆင့်လောက်ဘဲ အင်တာဗျူးတဲ့ အလုပ်ကို
Executive Director ကိုယ်တိုင် ဆင်းမေးတယ်
တစ်နိုင်ငံလုံးက ၀န်ထမ်းတွေလည်း
နှစ်တိုး၊ လစာတိုး နေနေသာသာ လစာကို လျှော့သူလျှော့၊ ဖြုတ်သူဖြုတ်
ကျန်တဲ့သူတွေလည်း ခံစားခွင့်တွေ ဘောနပ်စ်တွေ အကုန်လျှော့
ဒါဟာ စီးပွားရေး ကျတာပါဘဲ...
အခုလို တစ်ဦးချင်းစီ ကျသွားတဲ့ မူရင်းလစာ ၀င်ငွေတွေကို နကိုယ်လစာ ၀င်ငွေမျိုး
ပြန်ရအောင်လုပ်ဘို့ဆိုတာ လွယ်မှတ်လို့ဗျာ
ဒီလို GDP ကျတာဟာ စင်ကပူစီးပွားရေး ကျတာပါဘဲ
တစ်ဘက်ပြန်ကြည့်ရရင် ဗမာပြည်က လူတစ်ဦးချင်းစီရဲ. GDP ဆိုတာ
အခု အစိုးရလက်ထက်မှာ ကျဘို့လမ်းရှိကို မရှိနိုင်ပါဘူး
ကျစရာကို မရှိတော့ပါဘူး
မပြောမဆိုကောင်း ကျခဲ့ရင်လည်း လက်ရှိအစိုးရ ၂၀၂၀ မှာ အာဏါပြန်ရဘို့
မလွယ်ရေးချဘဲ
ဒါကြေညင့်မို့ အစိုးရသစ်လက်ထက်မှာ ၂၀၁၇ ပေါ်လာမယ့် အခွင့်ရေးတွေကို
အသုံးချပြီး လူတိုင်းကျိုးစားသွားယုံပါ
ကျွန်တော်တို့ လူမျိုးဆိုတာကလည်း "ခွေးလိုက်မှ ပြေးတာဗျ"...
မလိုက်လို့ကတော့ သက်သက်သာသာဘဲ
လမ်းလျှောက်သူလျှောက်၊ အိပ်သူအိပ်၊ အပစ်ပြောသူပြော လုပ်နေကျတာ
အမေက 'စင်ကပူနားရွက်ကို တံတွေးဆွတ်တာ' မဟုတ်ဘဲ
"ခင်ဗျားတို့ ကျွန်တော်တို့နားရွက်ကို တံတွေးဆွတ်" ပေးလိုက်တာပါ
'အမေ့ရဲ. ပြည်သူတွေကို တိုက်ပွဲခေါ်သံ၊ စိမ်ခေါ်သံဖြစ်ပါတယ်'
ဘာလို့မဖြစ်ရမှာလဲဗျာ ?
ကိုအောင်ခိုင့် စကါးယူသုံးရရင် 'အထူ၊ အပါး နားလည်ကြပါ' Min Aung Khaing
ကိုရဲမြတ်စိုး စကါးခဏငှားရရင် 'ဒုံးနီးကြပါ (ဒုံးမဝေးကြပါနဲ့)' Ye Myat Soe
အမေကတော့ ခွေးလွှတ်လိုက်ပြီ
"နှစ် ၂၀ - မာရသွန် ပြေးကြရအောင် "
(ဘတင်)
"အနှစ် ၂၀ ဆိုတဲ့စကါး သူများတွေ အသံတိတ်မှ ကျွန်တော်ပြောမယ်"
Reviewed by MP4 YoU
on
December 04, 2016
Rating: 5
Reviewed by MP4 YoU
on
December 04, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment