Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 5, 2016

ဗုဒ္ဓဘာသာ လေ့လာလိုသူများအတွက် Harvard တက္ကသိုလ်က အွန်လိုင်းမှ အခမဲ့ ပို့ချပေး


ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာလိုသော်လည်း အလွယ်တကူ ချဉ်းကပ်နိုင်မည့် ယုံကြည်စိတ်ချရသော ဆရာကောင်းမရှိဖြစ်နေသူများအတွက် အမေရိကန် ထိပ်တန်းတက္ကသိုလ်တခုဖြစ်သော ဟားဗတ်တက္ကသိုလ်က အွန်လိုင်းမှတဆင့် ဗုဒ္ဓဘာသာဆိုင်ရာသင်ခန်းစာများ အခမဲ့ ပို့ချပေးလျက်ရှိကြောင်း သိရသည်။

“ကျမ်းစာများထဲမှ ဗုဒ္ဓဘာသာ”ဟုအမည်ပေးထားသော သင်ရိုးဖြင့် ပို့ချပေးနေပြီး ဗုဒ္ဓဘာသာဆိုင်ရာပို့ချက်များအားလုံးကို လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟားဗတ်တက္ကသိုလ် ဘာသာရေးဌာမှ ပါမောက္ခ Charles Hallisey က တာဝန်ယူသင်ကြားပေးခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထုတ်ဝေခဲ့သော ပါမောက္ခ Charles Hallisey ၏စာအုပ်သည် ပထမဆုံးဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ကဗျာများကို လေ့လာသုံးသပ်ထားသည်။

ဟားဗတ်မှ ပို့ချပေးနေသော မိတ်ဆက်သင်ရိုးတွင် ဗုဒ္ဓ၏အဆုံးအမများ၊ အဘိဓမ္မာများနှင့် ကျင့်စဉ်များလည်းပါဝင်သဖြင့် ဗုဒ္ဓဘာသာကို စတင်လေ့လာလိုသူများရော အထိုက်အလျောက် လေ့လာထားသူများအတွက်ပါ သင့်လျော်ကြောင်း၊ သင်ရိုးအစမှအဆုံး ရက်သတ္တ လေးပတ်ကြာမြင့်မည်ဖြစ်ပြီး တပတ်လျှင် ၆ နာရီမှ ၁၀ နာရီအချိန်ပေးရမည်ဖြစ်ကြောင်း သိရသည်။

လူသားထုအကြား ကွဲပြားမှုဖြစ်စေသော အကြောင်းအချက်များအပေါ် အပြုသဘောဆောင် အပြန်အလှန်ဆွေးနွေးခွင့်ရမည်ဖြစ်သဖြင့် မတူကွဲပြားသည့် ဘာသာယဉ်ကျေးမှုနောက်ခံရှိသူများကို အဓိကထား ပို့ချပေးရန် ပါမောက္ခ Charles Hallisey က စိတ်ဝင်စားသည်ဟု ဆိုသည်။ ဗုဒ္ဓစာပေကျမ်းဂန်များ၏ အနက်အဓိပ္ဗါယ်အမှန်ကို လက်ဆင့်ကမ်းဝေမျှလိုခြင်းထက် ပွင့်လင်းသောစိတ်နှလုံးဖြင့် မတူညီသောရှုထောင့်များကို လက်ခံလာစေရန်ရည်ရွယ်သည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာသင်ရိုးပို့ချရခြင်းနှင့်ပတ်သက်၍ ပါမောက္ခ Charles Hallisey က အောက်ပါအတိုင်း ရေးသားထားသည်။

“ကျွန်ုပ်တို့ သိလိုသောမေးခွန်းများ၏အဖြေကို ဗုဒ္ဓစာပေကျမ်းဂန်များထဲမှ ရှာဖွေရာ၌ ဗုဒ္ဓ၀ါဒအကြောင်းကို လေ့လာခြင်းသာမက ဗုဒ္ဓ၀ါဒမှ သင်ယူခြင်းကိုလည်း ဖြစ်စေသည်။ ဗုဒ္ဓဘာသာဝင်များထံမှ လေ့လာသင်ယူသည်ဆိုရာတွင်လည်း ဗုဒ္ဓဘာသာရှုထောင့်မှ တွေးမြင်မှုအားလုံးသည် အလိုအလျောက် မှန်ကန်သည်ဟုဆိုလိုခြင်းမဟုတ်ဘဲ အဆိုပါမေးခွန်းများအပေါ် ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် တွေးတောဆင်ခြင်ပုံများကို တွေ့မြင်သိရှိရန်ဖြစ်သည်။”

Ref;Big Think
News Watch

No comments:

Post a Comment