Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 15, 2016

ဒေါက်တာသန်းထွဋ်အောင်၏ ဆေးအာမခံအတွက် အကျဉ်းထောင်ဆရာဝန် တရားခွင်သို့ မလာရောက်နိုင်၊ သက်သေ ကင်းလွှတ်ခွင့်လျှောက်တင်



Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့အား တာမွေမြို့နယ်တရားရုံးတွင် တတိယအကြိမ်မြောက် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့သည်။

ဒေါက်တာသန်းထွဋ်အောင်သည် တရားရုံးသို့ လူနာတင်ယာဉ်ဖြင့် လာရောက်၍ လူနာတင်လက်တွန်းလှည်း (Wheelchair) ဖြင့် ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ရာတွင် ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေး အခြေအနေကြောင့် ဒုတိယအကြိမ်မြောက် ဆေးအာမခံလျှောက်ထားခဲ့ရာတွင် အကျဉ်းထောင်ဆရာဝန်အား စစ်ဆေးမေးမြန်းမည်ဟုဆိုကာ အာမခံကို ပယ်ချခဲ့သည်။


ယနေ့ ရုံးထုတ်တွင် ဆေးအာမခံအတွက် အကျဉ်းထောင်ဆရာဝန်အား စစ်ဆေးမည်ဖြစ်သော်လည်းထောင်ဆရာဝန်လာရောက်ခြင်းမရှိကြောင်း၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသားများပြားနေသည့်အတွက် ထောင်ဆရာဝန်မှ တရားရုံးသို့လာရောက်ထွက်ဆိုနိုင်ခြင်း မရှိကြောင်း၊ တရားသူကြီးမှ သိရှိလိုသောအချက်များကို စာဖြင့်မေးမြန်းနိုင်ကြောင်း ထောင်ဆရာဝန်မှ သက်သေ ကင်းလွှတ်ခွင့်လျှောက်ထားခဲ့ကြောင်း ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ အမှုကို ဒီဇင်ဘာ၂၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment