ဗီဒီယို အကြိုခံစားခြင်း (နှုတ်ခမ်းနီ ပုံပြင်)

On  Mon, 2016-11-28 06:30
Issue No.No.1286 Monday, November 28, 2016

-ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေး ကို ညွှန်းပေးလိုက်ပါတယ်။

မိုးတိမ်က ပြိုင်ကားမောင်း ရတာဝါသနာပါတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် ပြိုင်ကားပြိုင်မောင်းရင်း ကားတိုက်ပြီး သူ့သူငယ်ချင်း သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မိုးတိမ်က သူအရမ်းဝါသနာပါတဲ့ ပြိုင်ကားမောင်းတာကို စွန့်လွှတ်လိုက်ပါတယ်။ မိုးတိမ်မှာ အားနည်းချက်တစ်ခုရှိတာက အရာရာကို အစွဲအလမ်း အရမ်းထားတတ်တာပါ။ မိုးတိမ်က တစ်ဦးတည်းသော သားပါ။  သူ့အမေကလည်း သူ့ကို အရမ်းချစ်ပါတယ်။ မိုးတိမ်မှာ အချစ်ဆုံး သူငယ်ချင်း ကောင်မလေး တစ်ယောက်လည်း ရှိပါတယ်။ မိုးတိမ်က သူဘာပဲလုပ်လုပ် အဲဒီကောင်မလေးကို အမြဲတမ်း ပြောပြတတ်ပါတယ်။ တစ်ရက်မှာတော့ လမ်းလျှောက်လာတဲ့ မိုးတိမ်ရဲ့ရှေ့ကို နှုတ်ခမ်းနီအရာလေး စွန်းနေတဲ့ တစ်ရှူးစလေးတစ်စ ကျလာခဲ့ပါတယ်။ ဘယ်က ဘယ်လိုရောက်လာမှန်းမသိပေမယ့် အဲဒီ့နှုတ်ခမ်းနီရာပါတဲ့ တစ်ရှူးစလေးကနှုတ်ခမ်းလေးကို မိုးတိမ်စွဲလမ်းသွားခဲ့ပါတယ်။ အဲဒါကြောင့် မိုးတိမ် အဲဒီ့နှုတ်ခမ်းပိုင်ရှင်ကို သူတို့ကျောင်းထဲမှာလိုက်ရှာခဲ့ပါတယ်။ သူနဲ့အတူ သူ့သူငယ်ချင်းတွေကလည်း  ကူညီပေးကြပါတယ်။ တစ်ခါက ဆိုရင် နှပ်ညှစ်ထားတဲ့ တစ်ရှူးစကို မသိဘဲ ကောက်မိတဲ့အထိမိုးတိမ်ရဲ့ ရူးသွပ်မှုက ကြီးထွားနေတာပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ မိုးတိမ် အဲဒီလိုတစ်ရှူးစလေးကို တွေ့ခဲ့ ပါတယ်။ တွေ့တာက လူတစ် ယောက်နဲ့ သူ တိုက်မိရင်း ပြဿနာ ဖြစ်တာကို အဲဒီလူနဲ့ပါလာတဲ့ ကောင်မလေးကဝင်ပြီး ဖျန်ဖြေ ပေးခဲ့ပါတယ်။ အဲဒီနေရာမှာပဲ မိုး တိမ်စွဲလမ်းနေတဲ့ တစ်ရှူးစလေး ကို တွေ့ခဲ့တာပါ။

မိုးတိမ် စွဲလမ်းနေတဲ့ နှုတ် ခမ်းပိုင်ရှင် ကောင်မလေးနာမည် ကလဝန်းပါ။ လဝန်းက သူ့ဦးလေး လူပျိုကြီးနဲ့ အတူတူနေတာပါ။ မိဘတွေလည်း မရှိတော့သလို  မောင်နှမလည်းမရှိတော့ပါဘူး။  မိုးတိမ်နဲ့ ပြဿနာဖြစ်တဲ့ တစ် ယောက်က လဝန်းကိုသူ့ဦးလေး က သဘောတူထားတဲ့လူပါ။ အဲဒီ့ လူက လဝန်းကို တစ်ဖက်သတ် ကြိုက်နေတာပါ။ လဝန်းကတော့ သူ့ဦးလေးက သဘောတူထားတဲ့ သူဖြစ်တာကြောင့် အလိုက်အထိုက်ပဲ ဆက်ဆံခဲ့ပါတယ်။

မိုးတိမ်ရဲ့ရောဂါကတဖြည်း ဖြည်း ရင့်လာခဲ့ပါတယ်။ တစ်ရက် မှာတော့ လဝန်းတို့တက်တဲ့ အ တန်းထဲအထိ ဝင်သွားပြီး နှုတ်ခမ်း နီပေထားတဲ့တစ်ရှူးစကို လွှင့်ပစ် မလိုလုပ်နေတဲ့ လဝန်းကို တစ်ရှူး စကို လွှင့်မပစ်ဘဲ သူ့ကိုပေးဖို့ပြော ခဲ့ပါတယ်။ မိုးတိမ်ရဲ့ လုပ်ရပ်က  ကြောင်တောင်တောင်နိုင်တာ ကြောင့် လဝန်းတို့က မိုးတိမ်ကို ဘုဘောက်ပြောပြီး ထွက်သွားခဲ့ ပါတယ်။ မိုးတိမ်ကတော့ လဝန်း ထားခဲ့တဲ့ နှုတ်ခမ်းနီရာပါတဲ့ တစ် ရှူးစလေးကို  ကောက်ယူခဲ့ပါ တယ်။

နောက်ရက်တွေမှာလည်း  မိုးတိမ်က လဝန်းရှိနေတဲ့နေရာ တိုင်းမှာ ရောက်နေပြီး တစ်ရှူးစ ကို အမြဲတမ်းတောင်းခဲ့ပါတယ်။ လဝန်းကတော့ မိုးတိမ်ကို အဲဒီလို မလုပ်ဖို့အတွက် ကျောင်းအုပ်ကြီး ဆီကို သွားတိုင်ဖို့အထိ ခြိမ်း ခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတိမ် ကတော့ သူလုပ်ချင်တာလုပ်ရဖို့ပါ ပဲ။ တစ်ရက်မှာတော့ လဝန်းလမ်း မှာကားပျက်နေတာကို လူနှစ် ယောက် လာနှောင့်ယှက်ပါတယ်။ အဲဒါကို မိုးတိမ်နဲ့တွေ့ပြီး မိုးတိမ် က အကူအညီပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ လဝန်းနဲ့ မိုးတိမ်တို့ နှစ် ယောက် ရင်းနှီးလာခဲ့ကြပါတယ်။ မိုးတိမ်က လဝန်းရဲ့နှုတ်ခမ်းလေးကို ဘာကြောင့်စွဲလမ်းနေတာလဲ၊ လဝန်းကကော မိုးတိမ်အပေါ်မှာ နားလည်ပေးမှာလားဆိုတာကိုတော့ ရွှေစန္ဒာမင်းထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့နှုတ်ခမ်းနီ ပုံပြင်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ မိုးတိမ်အဖြစ်မင်းသွေး၊ လဝန်းအဖြစ် စံရတီမိုးမြင့်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဥက္ကာမင်းရဲ့ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာမျိုးထူးက ရိုက်ကူးပုံဖော်ထားပါတယ်။
7Daydayly
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)