CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, November 8, 2016
တရုတ္ႏိုင္ငံ၌ ႏို႔ပုလဲလက္ဖက္ရည္ထဲမွ အနက္ေရာင္အလံုးမ်ားကို ဖိနပ္ဆိုးလ္ျပားႏွင့္ တာယာေဟာင္းမ်ားမွ ျပဳလုပ္ဟု သတင္းထြက္ေပၚ
တရုတ္ႏုိင္ငံမွာ လူႀကိဳက္မ်ားတဲ့ ေဖ်ာ္ရည္ထဲမွာ သားေရဖိနပ္ဆိုးလ္ျပားေတြနဲ႔ တာယာေတြနဲ႔ လုပ္ထားတာေတြ ပါတယ္လို႔ ယူဆရတဲ့ေၾကာင္း ဆိုင္ရွင္တစ္ဦးေျပာတာကို ကိုးကားၿပီး ရွန္ေဒါင္းတီဗီက မၾကာမီက ထုတ္လႊင့္သြားပါတယ္လို႔ Hong Kong Free Press မွာ ေဖၚျပထားပါတယ္။
လူမႈဘဝအစီအစဥ္မွာ သတင္းေထာက္ ခ်န္ေဒါင္က ဆိုင္က ႏို႔ပုလဲလက္ဖက္ရည္တစ္ခြက္ေသာက္ၿပီး အနားက ေဆးရံုမွာ CT Scan ရိုက္ပါတယ္။ အစာအိမ္ထဲမွာ ႏို႔ပုလဲလို႔ေခၚတဲ့ အမည္းေရာင္အလံုးေတြကို အစာမေခ်ႏုိင္ဘဲ ျဖစ္ေနတာကို ဓါတ္မွန္ထဲမွာ ေတြ႔လုိက္ရတယ္လို႔ ဆိုပါတယ္။
ဒီစားေသာက္စရာေၾကာင့္ ရွန္ေဒါင္းတကၠသိုလ္ ဓါတ္ခြဲခန္းက သိပၸံပညာရွင္ေတြလည္း တုန္လႈပ္သြားတယ္လို႔ ဆိုပါတယ္။
ဒီႏို႔ပုလဲဆိုတာေတြကို ဘာေတြနဲ႔ လုပ္တယ္ဆိုတာ အေသအခ်ာ မေျပာႏုိင္ေသးဘဲ အလြန္ေစးကပ္လြန္းတဲ့ ပစၥည္းေတြနဲ႔ လုပ္ထားတယ္လို႔ပဲ ေဖၚျပထားပါတယ္။
ဒီအစီအစဥ္မွာ ဆိုင္ရွင္ေတြကို ေမးျမန္းရာမွာလည္း သူတို႔မသိဘူးလို႔ ေျဖပါတယ္။ ဒါေပမဲ့ ဆိုင္တစ္ဆိုင္က ေျဖတာကေတာ့ “ဒါေတြကို ဓါတုလုပ္ငန္းေတြက လုပ္တာပါ။ ဒါေတြကို သားေရဖိနပ္ဆိုးျပားေတြနဲ႔ တာယာအေဟာင္းေတြကေန လုပ္တာ”လို႔ ေျပာပါတယ္။
၂၀၁၂ ခုႏွစ္က ဂ်ာမနီတကၠသိုလ္တစ္ခုက ေလ့လာမႈမွာ ႏို႔ပုလဲလက္ဖက္ရည္က ပုလဲအလံုးေတြဟာ ကင္ဆာျဖစ္ေစတယ္လို႔ ေဖၚျပထားပါတယ္။
ဒါေပမဲ့ ႏို႔ပုလဲလက္ဖက္ရည္ဆိုင္ေတြဟာ တရုတ္ႏုိင္ငံ အႏွံ႔အျပားမွာ ရိွေနတာပါ။ ဒါနဲ႔ပတ္သက္လို႔ ရွန္ေဒါင္းတီဗီအေနနဲ႔ေတာ့ သက္ေသျပစရာျဖစ္ရပ္ေတြ မရိွပါဘူးလို႔ ဆိုပါတယ္။
ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; hongkongfp
Tachileik News Agency
http://www.tachileik.net [http://www.tachileik.net/&h=_aqhli69gaqhk5kdz17m3vczkux-ym1qv4ddibfhtftdaza&enc=azofoit3suzkfwofpglt-vmvymamimlln0azo_enwosivu09cqwtmbvrh5tlxdfzq4mfbxlls8a6bl6ygm5yrzuislsxerpygizpufndudu4ifdjwks3nbipipwy66a4b5enbvo5xpcsy3wwqjh7xz1k1xwwhcrc3yiztpxuwg4tzx39ojrmv6ecqqwvia1pg8m&s=1_white]
.............................
တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ ဖျော်ရည်ထဲမှာ သားရေဖိနပ်ဆိုးလ်ပြားတွေနဲ့ တာယာတွေနဲ့ လုပ်ထားတာတွေ ပါတယ်လို့ ယူဆရတဲ့ကြောင်း ဆိုင်ရှင်တစ်ဦးပြောတာကို ကိုးကားပြီး ရှန်ဒေါင်းတီဗီက မကြာမီက ထုတ်လွှင့်သွားပါတယ်လို့ Hong Kong Free Press မှာ ဖေါ်ပြထားပါတယ်။
လူမှုဘဝအစီအစဉ်မှာ သတင်းထောက် ချန်ဒေါင်က ဆိုင်က နို့ပုလဲလက်ဖက်ရည်တစ်ခွက်သောက်ပြီး အနားက ဆေးရုံမှာ CT Scan ရိုက်ပါတယ်။ အစာအိမ်ထဲမှာ နို့ပုလဲလို့ခေါ်တဲ့ အမည်းရောင်အလုံးတွေကို အစာမချေနိုင်ဘဲ ဖြစ်နေတာကို ဓါတ်မှန်ထဲမှာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
ဒီစားသောက်စရာကြောင့် ရှန်ဒေါင်းတက္ကသိုလ် ဓါတ်ခွဲခန်းက သိပ္ပံပညာရှင်တွေလည်း တုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။
ဒီနို့ပုလဲဆိုတာတွေကို ဘာတွေနဲ့ လုပ်တယ်ဆိုတာ အသေအချာ မပြောနိုင်သေးဘဲ အလွန်စေးကပ်လွန်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတယ်လို့ပဲ ဖေါ်ပြထားပါတယ်။
ဒီအစီအစဉ်မှာ ဆိုင်ရှင်တွေကို မေးမြန်းရာမှာလည်း သူတို့မသိဘူးလို့ ဖြေပါတယ်။ ဒါပေမဲ့ ဆိုင်တစ်ဆိုင်က ဖြေတာကတော့ “ဒါတွေကို ဓါတုလုပ်ငန်းတွေက လုပ်တာပါ။ ဒါတွေကို သားရေဖိနပ်ဆိုးပြားတွေနဲ့ တာယာအဟောင်းတွေကနေ လုပ်တာ”လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ်က ဂျာမနီတက္ကသိုလ်တစ်ခုက လေ့လာမှုမှာ နို့ပုလဲလက်ဖက်ရည်က ပုလဲအလုံးတွေဟာ ကင်ဆာဖြစ်စေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါပေမဲ့ နို့ပုလဲလက်ဖက်ရည်ဆိုင်တွေဟာ တရုတ်နိုင်ငံ အနှံ့အပြားမှာ ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ရှန်ဒေါင်းတီဗီအနေနဲ့တော့ သက်သေပြစရာဖြစ်ရပ်တွေ မရှိပါဘူးလို့ ဆိုပါတယ်။
ဘာသာပြန် - ဇာနှင်းထိုက်
Ref; hongkongfp
Tachileik News Agency
http://www.tachileik.net [http://www.tachileik.net/&h=_aqhli69gaqhk5kdz17m3vczkux-ym1qv4ddibfhtftdaza&enc=azofoit3suzkfwofpglt-vmvymamimlln0azo_enwosivu09cqwtmbvrh5tlxdfzq4mfbxlls8a6bl6ygm5yrzuislsxerpygizpufndudu4ifdjwks3nbipipwy66a4b5enbvo5xpcsy3wwqjh7xz1k1xwwhcrc3yiztpxuwg4tzx39ojrmv6ecqqwvia1pg8m&s=1_white]
တရုတ္ႏိုင္ငံ၌ ႏို႔ပုလဲလက္ဖက္ရည္ထဲမွ အနက္ေရာင္အလံုးမ်ားကို ဖိနပ္ဆိုးလ္ျပားႏွင့္ တာယာေဟာင္းမ်ားမွ ျပဳလုပ္ဟု သတင္းထြက္ေပၚ
Reviewed by MP4 YoU
on
November 08, 2016
Rating: 5
Reviewed by MP4 YoU
on
November 08, 2016
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment