Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 16, 2016

ဂျပန်လူမျိုးတွေရဲ့ အကောင်းဆုံး နံနက်ခင်းအစားအစာလေးကတော့'Ashitaba leaf'ဖြစ်ပါတယ်

Ashitaba leaf

ဂျပန်လူမျိုးတွေရဲ့ အကောင်းဆုံး နံနက်ခင်းအစားအစာလေးကတော့'Ashitaba leaf'ဖြစ်ပါတယ်။
သူ့ကို အင်္ဂလိပ် ဘာသာဖြင့်"Tomorrow's leaf'ခေါ်ဆိုပါတယ်။
မြန်မာလို ပျားမြီးစွဲအပင်လို့ ပြောပါတယ်။ဟုတ်မဟုတ်တော့ မသိပါဘူး..
သူ့ရဲ့ အရွက်ဟာ အရမ်းဆေးဖက်ဝင်ပါတယ်။
အရွက်ကို ကြက်ဥဖြင့် ကြော်စားရသလို လတ်ဆတ်သော အရွက်ကို ခူးဆွတ်၍ ထောပတ်သီး ကြက်ဥ ပေါင်မုန့်တိုဖြင့် ရောညှပ်ပြီး နံနက်စာအဖြစ်စားသုံးပေးခြင်းဖြင့် များစွာသော အဟာရတွေကို ပေးစွမ်းပြီး ခွန်အားတိုးစေပါတယ်။
သူ့အရွက်မှ ရရှိသောအရည်ကို ပျားရည်ဖြင့်လည်း ရောစပ်၍ သောက်သုံးလို့ရပါတယ်။
အရွက် အခြောက်ကို ရေနွေးပူပူထဲသို့ထည့်၍ သောက်သုံးလို့ရပါတယ်။
အဆုတ် ကင်ဆာ သွေးပေါင်တက်ခြင်း ဆီးချို သွေးချို အစာအိမ်ရောဂါ အရေပြားရောဂါ များကို ပျောက်ကင်းသက်သာစေပါတယ်။
အဆိပ်ပြေစေပါတယ်..အဆီပိုများကိုလျော့ချပေးပါတယ်။
သူ့အရွက်ခြောက်မှ ရရှိသောအမှုန့်ကို ဆေးတောင့်များပြုလုပ်၍ ဈေးကွက်မှာ ရောင်းချပေးနေပါတယ်။
မြန်မာပြည်မှာ ရှိမရှိတော့ မသိပါ။ဂျပန်မှာတော့ ပျိုးပင်ငယ်များကို စိုက်ပျိုးရေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။
ဘဝခါးခါး






No comments:

Post a Comment