Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

ေရႊ႕ေျပာင္းအလုပ္သမားခ်င္း ရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြား

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ခ်င္းမိုင္ ခရိုင္မွာ ျမန္မာျပည္က လာတဲ့ ရွမ္းေရႊ႕ေျပာင္း အလုပ္သမား အခ်င္းခ်င္းၾကား စကားမ်ား ရန္ျဖစ္ရာမွ လူသတ္မႈ ျဖစ္ပြား ခဲ့တယ္လို႔ ထိုင္းရတ္ သတင္းမွာ ေဖာ္ျပ ပါတယ္။

ဇူလိုင္လ ၃ ရက္ မနက္က ခ်င္းမိုင္ခရိုင္ ဆန္ကမ္ပိုင္း ၿမိဳ႕နယ္ တြန္႔ေပါင္း ရပ္ကြက္ စီးတီးဟုမ္း အိမ္ယာရွိ ေဆာက္လက္စ ၃ ထပ္ တိုက္ တစ္လံုး အေနာက္ဘက္မွာ အေလာင္း တေလာင္း ေတြ႔ရွိေၾကာင္း သတင္း ေပးပို႔ခ်က္ အရ သြားေရာက္ စစ္ေဆးရာမွာ အမိႈက္ပံု နားက လူတဦး ဒဏ္ရာေတြနဲ႔ ေမွာက္လွ်က္ အေန အထား ေသဆံုးေနတာ ေတြ႔ရ တယ္လို႔ ဆန္ကမ္ပိုင္း ၿမိဳ႕နယ္ ဒုစခန္းမွဴး မြန္းဒရီးယုဒ္ဘူက သတင္းေထာက္ ေတြကို ေျပာပါတယ္။

ေသဆံုးသူမွာ အသက္ ၃၀ ႏွစ္ရြယ္ စိုင္းက်န္ လို႔ေခၚတဲ့ ေဆာက္လုပ္ေရး အလုပ္သမား ျဖစ္ၿပီး မ်က္နွာ၊ ပခံုးနဲ႔ လည္ပင္းမွာ ဒဏ္ရာေတြ ေတြ႔ရွိေၾကာင္း၊ ေသဆံုး ခဲ့သည္မွာ အနည္းဆံုး ၁၂ နာရီေလာက္ ရွိခဲ့ၿပီလို႔ ဆိုပါတယ္။

လူသတ္ တရားခံကို ဖမ္းမိဖို႔ တာ၀န္ရွိ သူေတြက အဲဒီအနီး တ၀ိုက္ကို ရွာေဖြရာ မွာေတာ့ မ်က္ႏွာ နဲ႔ ရင္ဘဘ္မွာ ဒဏ္ရာေတြ ရထားတဲ့ စိုင္းဆမ္ လုင္းတ (အသက္ ၃၂ ႏွစ္) ဆိုသူကို မသၤကာတဲ့ အတြက္ စစ္ေဆး ခဲ့ပါတယ္။

စိုင္းဆမ္ကလည္း သူနဲ႔ ေသဆံုးသူဟာ ေဆာက္လုပ္ေရး အလုပ္ သမား အခ်င္းခ်င္းျဖစ္ေၾကာင္း၊ အလုပ္ရွင္က ေဆာက္လက္စ တိုက္ကို ညအိပ္ေစာင့္ ခိုင္းလို႔ အဲဒီမွာ ေရာက္ေနၿပီး အခင္း မျဖစ္ခင္က ႏွစ္ေယာက္အတူ အရက္ေသာက္ေနစဥ္ စကားမ်ား ခဲ့ေၾကာင္း၊ ဇူလိုင္လ ၃ ရက္ မနက္ ၁ နာရီမွာေတာ့ စိုင္းဆမ္က ဓားနဲ႔ ေရာက္လာကာ သူ႔ကို ၿခိမ္းေခ်ာက္တဲ့ အတြက္ သူက လည္း ဓားကိုျပန္လု ရာက ႏွစ္ေယာက္လံုး သတ္ပုတ္ ၾကၿပီး သူက စိုင္းဆမ္ရဲ႕ လည္ပင္းကို ညႇစ္သတ္ ခဲ့တယ္လို႔ ၀န္ခံ သြားပါတယ္။

ရဲစခန္းက သူ႔ကို တမင္ၾကံရြယ္ လူသတ္မႈနဲ႔ ဥပေဒအရ အေရးယူ သြားမယ္လို႔ ေျပာသြားပါတယ္။

ဓာတ္ပံု - Thairath

By ဒီဗီြဘီ

Originally published at - http://burmese.dvb.no/archives/157696
........
ရွှေ့ပြောင်းအလုပ်သမားချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား



ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ခရိုင်မှာ မြန်မာပြည်က လာတဲ့ ရှမ်းရွှေ့ပြောင်း အလုပ်သမား အချင်းချင်းကြား စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား ခဲ့တယ်လို့ ထိုင်းရတ် သတင်းမှာ ဖော်ပြ ပါတယ်။

ဇူလိုင်လ ၃ ရက် မနက်က ချင်းမိုင်ခရိုင် ဆန်ကမ်ပိုင်း မြို့နယ် တွန့်ပေါင်း ရပ်ကွက် စီးတီးဟုမ်း အိမ်ယာရှိ ဆောက်လက်စ ၃ ထပ် တိုက် တစ်လုံး အနောက်ဘက်မှာ အလောင်း တလောင်း တွေ့ရှိကြောင်း သတင်း ပေးပို့ချက် အရ သွားရောက် စစ်ဆေးရာမှာ အမှိုက်ပုံ နားက လူတဦး ဒဏ်ရာတွေနဲ့ မှောက်လျှက် အနေ အထား သေဆုံးနေတာ တွေ့ရ တယ်လို့ ဆန်ကမ်ပိုင်း မြို့နယ် ဒုစခန်းမှူး မွန်းဒရီးယုဒ်ဘူက သတင်းထောက် တွေကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ရွယ် စိုင်းကျန် လို့ခေါ်တဲ့ ဆောက်လုပ်ရေး အလုပ်သမား ဖြစ်ပြီး မျက်နှာ၊ ပခုံးနဲ့ လည်ပင်းမှာ ဒဏ်ရာတွေ တွေ့ရှိကြောင်း၊ သေဆုံး ခဲ့သည်မှာ အနည်းဆုံး ၁၂ နာရီလောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

လူသတ် တရားခံကို ဖမ်းမိဖို့ တာဝန်ရှိ သူတွေက အဲဒီအနီး တဝိုက်ကို ရှာဖွေရာ မှာတော့ မျက်နှာ နဲ့ ရင်ဘဘ်မှာ ဒဏ်ရာတွေ ရထားတဲ့ စိုင်းဆမ် လုင်းတ (အသက် ၃၂ နှစ်) ဆိုသူကို မင်္သကာတဲ့ အတွက် စစ်ဆေး ခဲ့ပါတယ်။

စိုင်းဆမ်ကလည်း သူနဲ့ သေဆုံးသူဟာ ဆောက်လုပ်ရေး အလုပ် သမား အချင်းချင်းဖြစ်ကြောင်း၊ အလုပ်ရှင်က ဆောက်လက်စ တိုက်ကို ညအိပ်စောင့် ခိုင်းလို့ အဲဒီမှာ ရောက်နေပြီး အခင်း မဖြစ်ခင်က နှစ်ယောက်အတူ အရက်သောက်နေစဉ် စကားများ ခဲ့ကြောင်း၊ ဇူလိုင်လ ၃ ရက် မနက် ၁ နာရီမှာတော့ စိုင်းဆမ်က ဓားနဲ့ ရောက်လာကာ သူ့ကို ခြိမ်းချောက်တဲ့ အတွက် သူက လည်း ဓားကိုပြန်လု ရာက နှစ်ယောက်လုံး သတ်ပုတ် ကြပြီး သူက စိုင်းဆမ်ရဲ့ လည်ပင်းကို ညှစ်သတ် ခဲ့တယ်လို့ ၀န်ခံ သွားပါတယ်။

ရဲစခန်းက သူ့ကို တမင်ကြံရွယ် လူသတ်မှုနဲ့ ဥပဒေအရ အရေးယူ သွားမယ်လို့ ပြောသွားပါတယ်။

ဓာတ်ပုံ - Thairath

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/157696
........

No comments:

Post a Comment