Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

ရန္ကုန္ၿမိဳ႕အတြင္း ေရာင္းခ်ေနသည့္ မုန္႔ဟင္းခါးဆုိင္မ်ားကုိ စစ္ေဆးရာတြင္ ခြင့္ျပဳထားျခင္း မရွိသည့္ တာရွည္ခံေဆး(ဘင္ဇုိင္း) အသုံးျပဳသူ အမ်ားဆုံး ေတြ႕ရွိဟု ဆုိ


ရန္ကုန္ၿမိဳ႕အတြင္း ေရာင္းခ်ေနသည့္ မုန္႔ဟင္းခါးဆုိင္မ်ားကုိ လုိက္လံ စစ္ေဆးရာတြင္ ျမန္မာႏုိင္ငံ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ေရးဌာနမွ ခြင့္ျပဳထားျခင္းမရွိသည့္ တာရွည္ခံေဆး(ဘင္ဇုိင္း)ကုိ အသုံးျပဳသူဦးေရ အမ်ားဆုံး ေတြ႕ရွိရေၾကာင္း ျမန္မာႏုိင္ငံ စားသုံးသူကာကြယ္ေရး အသင္းထံမွ သိရသည္။

ျမန္မာႏုိင္ငံ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဌာနမွ တာရွည္ခံေဆး(ဆုိဒီယမ္ ဘင္ေဇာရုိဒ္)ႏွင့္ (ပိုတက္ဆီယမ္ ဆာလ္ဖိတ္) ႏွစ္မ်ဳိးကုိသာ ခြင့္ျပဳထားေသာ္လည္း စစ္ေဆးေတြ႕ရွိမႈမ်ားတြင္ ယင္းႏွစ္မ်ဳိးကုိ အသုံးျပဳသူ အနည္းငယ္သာရွိၿပီး ခြင့္ျပဳထားျခင္း မရွိသည့္ တာရွည္ခံေဆး(ဘင္ဇုိင္း)ကုိ အသုံးျပဳသူ အမ်ားဆုံး ေတြ႕ရွိရေၾကာင္း သိရသည္။ တာရွည္ခံေဆး(ဘင္ဇုိင္း)သည္ စားသုံးသူမ်ားအတြက္ ေက်ာက္ကပ္ ထိခုိက္ ပ်က္စီးႏုိင္ျခင္း၊ အာရုံေၾကာမ်ား ခြၽတ္ယြင္း ပ်က္စီးႏုိင္ျခင္းႏွင့္ အစာအိမ္ကင္ဆာမ်ား ျဖစ္ႏုိင္သည့္ အႏၲရာယ္ ျဖစ္ေစႏုိင္ေၾကာင္း သိရသည္။

“ဆရာတုိ႔က အစက ေဖၚမလင္သုံးတယ္လုိ႕ သတင္းၾကားထားတယ္။ တစ္ကယ့္ေတာ့ သူတုိ႔က ေဖၚမလင္ သုံးတာမဟုတ္ဘူး။ သူတုိ႔ေတြ ဘင္းဇုိင္း သုံးေနတာကုိ ေတြ႕ရတယ္။ ဆရာတုိ႔က တာရွည္ခံေဆးမွာ ခြင့္ျပဳထားတာ ႏွစ္ခုရွိတယ္။ ဆုိဒီယမ္ ဘင္ေဇာ႐ုုိဒ္ႏွင့္ ပုိတက္ဆီယမ္ ဆာလ္ဖိတ္ ႏွစ္မ်ဳိးကုိ ခြင့္ျပဳထားတာေပါ့။ ေနာက္ပုိင္းက်ေတာ့ ဆုိဒီယမ္ဘင္ေဇာ႐ုိဒ္က ဆုိးက်ဳိးရွိလာေတာ့ ပုိတက္ဆီယမ္ဆာလ္ဖိတ္ကုိ အသုံးျပဳဖုိ႔ ပညာရွင္ေတြက ၫႊန္းလာတယ္။ ဆရာတုိ႔က ဒီ တာရွည္ခံေဆး (ဘင္ဇုိင္းကုိေတာ့ သုံးဖုိ႔ ခြင့္ျပဳမထားဘူးေပါ့။ ဘင္ဇုိင္းရဲ႕ ဆုိးက်ဳိးက လုိသည္ထက္ ပုိမ်ားရင္ ဘက္တီးရီးယား မေပါက္ေအာင္၊ အခ်ဥ္ဓာက္ကုိထိန္းတဲ့ ဆားတစ္မ်ဳိး ျဖစ္တဲ့အတြက္ ေက်ာက္ကပ္၊ အာရုံေၾကာ၊ အစာအိမ္ကင္ဆာေတြကုိ ျဖစ္ႏုိင္တယ္။ ဆရာတုိ႔ သူတုိ႔ေတြနဲ႔ ညိုႏႈိင္းတဲ့အခါ ဒါေတြ မသုံးရင္ သူတုိ႔ေစ်းကြက္မွာ ဆုံးရႈံးကုန္တယ္လုိ႔ ေျပာတယ္။ ဆရာတုိ႔ အင္းစိန္၊ လႈိင္သာယာ၊ ေရႊျပည္သာမွာရွိတဲ့ လုပ္ငန္းရွင္ေတြကုိေတာ့ ေခၚေတြ႕ၿပီး ပညာေပးတာေတြ လုပ္ထားတာရွိတယ္။ တာရွည္ခံေဆး (ဘင္ဇုိင္း) ေနရာမွာလည္း ပုိတက္ဆီယမ္ဆာလ္ဖိတ္ကုိ သုံးဖုိ႔ ပညာေပးဖုိ႔ ရွိတယ္။ ခုလုိက္လံ စစ္ေဆးတဲ့အခါမွာေတာ့ တာရွည္ခံေဆး(ဘင္ဇုိင္း)ကုိ အမ်ားဆုံး ေတြ႕ရတယ္” ဟု ျမန္မာႏုိင္ငံ စားသုံးသူကာကြယ္ေရးအသင္းမွ ဥကၠဌ ဦးဗအုပ္ခုိင္က ေျပာသည္။

ယင္းကဲ့သုိ႔ ေရာင္းခ်ေနမႈမ်ားႏွင့္ စားသုံးသူမ်ားကုိ အဆင့္ဆင့္ အသိေပးသြားမည္ျဖစ္ၿပီး ကုိင္တြယ္ႏုိင္ရန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ၿငိမ္းၿငိမ္းသူ
Credit: Eleven News
.....
ရန်ကုန်မြို့အတွင်း ရောင်းချနေသည့် မုန့်ဟင်းခါးဆိုင်များကို စစ်ဆေးရာတွင် ခွင့်ပြုထားခြင်း မရှိသည့် တာရှည်ခံဆေး(ဘင်ဇိုင်း) အသုံးပြုသူ အများဆုံး တွေ့ရှိဟု ဆို ■

ရန်ကုန်မြို့အတွင်း ရောင်းချနေသည့် မုန့်ဟင်းခါးဆိုင်များကို လိုက်လံ စစ်ဆေးရာတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဌာနမှ ခွင့်ပြုထားခြင်းမရှိသည့် တာရှည်ခံဆေး(ဘင်ဇိုင်း)ကို အသုံးပြုသူဦးရေ အများဆုံး တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာရှည်ခံဆေး(ဆိုဒီယမ် ဘင်ဇောရိုဒ်)နှင့် (ပိုတက်ဆီယမ် ဆာလ်ဖိတ်) နှစ်မျိုးကိုသာ ခွင့်ပြုထားသော်လည်း စစ်ဆေးတွေ့ရှိမှုများတွင် ယင်းနှစ်မျိုးကို အသုံးပြုသူ အနည်းငယ်သာရှိပြီး ခွင့်ပြုထားခြင်း မရှိသည့် တာရှည်ခံဆေး(ဘင်ဇိုင်း)ကို အသုံးပြုသူ အများဆုံး တွေ့ရှိရကြောင်း သိရသည်။ တာရှည်ခံဆေး(ဘင်ဇိုင်း)သည် စားသုံးသူများအတွက် ကျောက်ကပ် ထိခိုက် ပျက်စီးနိုင်ခြင်း၊ အာရုံကြောများ ချွတ်ယွင်း ပျက်စီးနိုင်ခြင်းနှင့် အစာအိမ်ကင်ဆာများ ဖြစ်နိုင်သည့် အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။

“ဆရာတို့က အစက ဖေါ်မလင်သုံးတယ်လို့ သတင်းကြားထားတယ်။ တစ်ကယ့်တော့ သူတို့က ဖေါ်မလင် သုံးတာမဟုတ်ဘူး။ သူတို့တွေ ဘင်းဇိုင်း သုံးနေတာကို တွေ့ရတယ်။ ဆရာတို့က တာရှည်ခံဆေးမှာ ခွင့်ပြုထားတာ နှစ်ခုရှိတယ်။ ဆိုဒီယမ် ဘင်ဇောရုုိဒ်နှင့် ပိုတက်ဆီယမ် ဆာလ်ဖိတ် နှစ်မျိုးကို ခွင့်ပြုထားတာပေါ့။ နောက်ပိုင်းကျတော့ ဆိုဒီယမ်ဘင်ဇောရိုဒ်က ဆိုးကျိုးရှိလာတော့ ပိုတက်ဆီယမ်ဆာလ်ဖိတ်ကို အသုံးပြုဖို့ ပညာရှင်တွေက ညွှန်းလာတယ်။ ဆရာတို့က ဒီ တာရှည်ခံဆေး (ဘင်ဇိုင်းကိုတော့ သုံးဖို့ ခွင့်ပြုမထားဘူးပေါ့။ ဘင်ဇိုင်းရဲ့ ဆိုးကျိုးက လိုသည်ထက် ပိုများရင် ဘက်တီးရီးယား မပေါက်အောင်၊ အချဉ်ဓာက်ကိုထိန်းတဲ့ ဆားတစ်မျိုး ဖြစ်တဲ့အတွက် ကျောက်ကပ်၊ အာရုံကြော၊ အစာအိမ်ကင်ဆာတွေကို ဖြစ်နိုင်တယ်။ ဆရာတို့ သူတို့တွေနဲ့ ညိုနှိုင်းတဲ့အခါ ဒါတွေ မသုံးရင် သူတို့စျေးကွက်မှာ ဆုံးရှုံးကုန်တယ်လို့ ပြောတယ်။ ဆရာတို့ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမှာရှိတဲ့ လုပ်ငန်းရှင်တွေကိုတော့ ခေါ်တွေ့ပြီး ပညာပေးတာတွေ လုပ်ထားတာရှိတယ်။ တာရှည်ခံဆေး (ဘင်ဇိုင်း) နေရာမှာလည်း ပိုတက်ဆီယမ်ဆာလ်ဖိတ်ကို သုံးဖို့ ပညာပေးဖို့ ရှိတယ်။ ခုလိုက်လံ စစ်ဆေးတဲ့အခါမှာတော့ တာရှည်ခံဆေး(ဘင်ဇိုင်း)ကို အများဆုံး တွေ့ရတယ်” ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောသည်။

ယင်းကဲ့သို့ ရောင်းချနေမှုများနှင့် စားသုံးသူများကို အဆင့်ဆင့် အသိပေးသွားမည်ဖြစ်ပြီး ကိုင်တွယ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်းသူ
Credit: Eleven News

No comments:

Post a Comment