Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

အီလက္ထေရာနစ္ပစၥည္းေတြက ကေလးငယ္ေတြကုိ ၾကြက္သားနဲ႔ အရုိးဖြံ႕ၿဖိဳးသန္မာမႈ အားနည္းေစ



Touch screen အီလက္ထေရာနစ္ ပစၥည္းေတြကုိပဲ ေဆာ့ကစားတဲ့ ကေလးငယ္ေတြဟာ ၾကြက္သားနဲ႔ အရုိးေတြ ဖြံ႕ၿဖိဳးသင့္သေလာက္ မဖြံ႕ၿဖိဳးတာမ်ဳိး ျဖစ္လာႏုိင္တယ္လုိ႔ သုေတသနတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ နည္းပညာ သိပ္မထြန္းကားေသးတဲ့အခ်ိန္တုန္းက ကေလးငယ္ေတြဟာ အေဖာ္အေပါင္းေတြနဲ႔အတူ ေဘာလုံးကန္တာ၊ ထုပ္စီးတုိးတာ၊ တူတူပုန္းတမ္း၊ စိန္ေျပးလုိက္တမ္း စတဲ့ ကစားနည္းေတြ အပါအ၀င္ ကုိယ္လက္လႈပ္ရွားရတဲ့ ကစားနည္းေတြကုိ ကစားခဲ့ၾကေပမယ့္ ဒီဘက္ေခတ္မွာေတာ့ နည္းပညာလႈိင္းလုံးနဲ႔အတူ အီလက္ထေရာနစ္ ပစၥည္းေတြကုိ အလြယ္တကူ ရရွိလာႏုိင္တဲ့အတြက္ ကေလးငယ္ေတြဟာလည္း အိမ္တြင္းေအာင္းၿပီး အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ပဲ ေဆာ့ကစားေနၾကပါတယ္။
နည္းပညာနဲ႔ အကၽြမ္းတ၀င္ရွိမႈဆုိတဲ့ ရႈေထာင့္ကၾကည့္ရင္ ကေလးငယ္ေတြနဲ႔ အီလက္ထေရာနစ္ ပစၥည္းေတြ စိမ္းမေနတာ ေကာင္းေပမယ့္ က်န္းမာေရး ရႈေထာင့္ကၾကည့္ရင္ ဒီဘက္ေခတ္ ကေလးငယ္ေတြ ကုိယ္လက္လႈပ္ရွားမႈ ေလ်ာ့နည္းလာတာက စုိးရိမ္စရာပါ။
အသက္(၃)ႏွစ္နဲ႔ (၄)ႏွစ္ၾကား ကေလးငယ္ ၁၀ ေယာက္ ပါ၀င္တဲ့ ဒီသုေတသနမွာ အီလက္ထေရာနစ္ ပစၥည္းေတြနဲ႔ ေဆာ့ကစားတဲ့အဖြဲ႕၊ အရုပ္ေတြနဲ႔ ေဆာ့ကစားတဲ့အဖြဲ႕ဆုိၿပီး ႏွစ္ဖြဲ႕ခြဲလုိ႔ ေလ့လာခဲ့ပါတယ္။ အဲဒီလုိ ေလ့လာရာမွာ အီလက္ထေရာနစ္ ပစၥည္းေတြနဲ႔ ေဆာ့ကစားတဲ့အဖြဲ႕က ကေလးငယ္ေတြဟာ အရုပ္ေတြနဲ႔ ေဆာ့ကစားတဲ့အဖြဲ႕က ကေလးငယ္ေတြထက္ ခႏၶာကုိယ္ အေပၚပုိင္းနဲ႔ ခႏၶာကုိယ္ တစ္ကုိယ္လုံး လႈပ္ရွားမႈ ႏွစ္ဆနည္းပါးတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ အဆုိးဆုံးကေတာ့ တီဗီခ်ည္းပဲ ထုိင္ၾကည့္ေနတဲ့ ကေလးငယ္ေတြျဖစ္ပါတယ္။ သူတုိ႔ကေတာ့ အီလက္ထေရာနစ္ ပစၥည္းေတြနဲ႔ ကစားတဲ့ ကေလးငယ္ေတြထက္ကုိ ကုိယ္လက္လႈပ္ရွားမႈ အားနည္းၾကပါတယ္။
ၾသစေၾတးလ်ႏုိင္ငံ ပါ့သ္ၿမိဳ႕အေျခစိုက္ ကာတင္တကၠသုိလ္က ၾကြက္သားကုထုံးဆုိင္ရာ ပါေမာကၡ စထရက္ကာက ကေလးငယ္ေတြကုိ တစ္ေန႔မွာ ၁၅ မိနစ္ပဲ အီလက္ထေရာနစ္ပစၥည္း ကစားခြင့္ေပးသင့္ၿပီး ကေလးငယ္ေတြ အီလက္ထေရာပစၥည္း မ်က္ႏွာျပင္ေတြကုိ ၾကည့္တဲ့အခ်ိန္က တစ္ေန႔မွာ တစ္နာရီထက္ မပုိသင့္ဘူးလုိ႔ အႀကံျပဳထားပါတယ္။ (၂)ႏွစ္အရြယ္ ကေလးငယ္ေတြကုိ အီလက္ထေရာနစ္ ပစၥည္းေတြ လုံး၀ေပးမသုံးသင့္ဘဲ အသက္(၅)ႏွစ္နဲ႔ အသက္(၁၇)ႏွစ္ၾကားအရြယ္ ဆယ္ေက်ာ္သက္ေတြကုိ တစ္ေန႔မွာ အီလက္ထေရာနစ္ပစၥည္း ႏွစ္နာရီထက္ပုိၿပီး ေပးမသုံးသင့္ဘူးလုိ႔ ဆုိပါတယ္။
ကေလးငယ္ေတြ အီလက္ထေရာနစ္ပစၥည္း အသုံးျပဳမႈမ်ားတာကုိ မိဘေတြက ထိန္းသိမ္းေပးသင့္ပါတယ္။ အီလက္ထေရာနစ္ ပစၥည္းေတြ အသုံးျပဳမယ့္အခ်ိန္မွာ ကေလးငယ္ေတြကုိ လမ္းေလွ်ာက္ေခၚသြားတာ၊ စက္ဘီးစီးခုိင္းတာ၊ ေျမေနရာလြတ္မွာ ကုိယ္လက္လႈပ္ရွား ကစားခုိင္းတာမ်ိဳးေတြ လုပ္ခုိင္းသင့္တယ္လုိ႔ ၿဗိတိန္ႏုိင္ငံ က်န္းမာေရးဌာနက အႀကံျပဳထားပါတယ္။
Ref:Dailymail
Nz(႐ုိးရာေလး)
www.yoyarlay.com
‪#‎Nz_yyl‬
‪#‎Health_yyl‬
Unicode version
အီလက်ထရောနစ်ပစ္စည်းတွေက ကလေးငယ်တွေကို ကြွက်သားနဲ့ အရိုးဖွံ့ဖြိုးသန်မာမှု အားနည်းစေ
Touch screen အီလက်ထရောနစ် ပစ္စည်းတွေကိုပဲ ဆော့ကစားတဲ့ ကလေးငယ်တွေဟာ ကြွက်သားနဲ့ အရိုးတွေ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ နည်းပညာ သိပ်မထွန်းကားသေးတဲ့အချိန်တုန်းက ကလေးငယ်တွေဟာ အဖော်အပေါင်းတွေနဲ့အတူ ဘောလုံးကန်တာ၊ ထုပ်စီးတိုးတာ၊ တူတူပုန်းတမ်း၊ စိန်ပြေးလိုက်တမ်း စတဲ့ ကစားနည်းတွေ အပါအဝင် ကိုယ်လက်လှုပ်ရှားရတဲ့ ကစားနည်းတွေကို ကစားခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ နည်းပညာလှိုင်းလုံးနဲ့အတူ အီလက်ထရောနစ် ပစ္စည်းတွေကို အလွယ်တကူ ရရှိလာနိုင်တဲ့အတွက် ကလေးငယ်တွေဟာလည်း အိမ်တွင်းအောင်းပြီး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပဲ ဆော့ကစားနေကြပါတယ်။
နည်းပညာနဲ့ အကျွမ်းတဝင်ရှိမှုဆိုတဲ့ ရှုထောင့်ကကြည့်ရင် ကလေးငယ်တွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ စိမ်းမနေတာ ကောင်းပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ဒီဘက်ခေတ် ကလေးငယ်တွေ ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာတာက စိုးရိမ်စရာပါ။
အသက်(၃)နှစ်နဲ့ (၄)နှစ်ကြား ကလေးငယ် ၁၀ ယောက် ပါဝင်တဲ့ ဒီသုတေသနမှာ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဆော့ကစားတဲ့အဖွဲ့၊ အရုပ်တွေနဲ့ ဆော့ကစားတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲလို့ လေ့လာခဲ့ပါတယ်။ အဲဒီလို လေ့လာရာမှာ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဆော့ကစားတဲ့အဖွဲ့က ကလေးငယ်တွေဟာ အရုပ်တွေနဲ့ ဆော့ကစားတဲ့အဖွဲ့က ကလေးငယ်တွေထက် ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံး လှုပ်ရှားမှု နှစ်ဆနည်းပါးတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဆိုးဆုံးကတော့ တီဗီချည်းပဲ ထိုင်ကြည့်နေတဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ သူတို့ကတော့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ကစားတဲ့ ကလေးငယ်တွေထက်ကို ကိုယ်လက်လှုပ်ရှားမှု အားနည်းကြပါတယ်။
ဩစတြေးလျနိုင်ငံ ပါ့သ်မြို့အခြေစိုက် ကာတင်တက္ကသိုလ်က ကြွက်သားကုထုံးဆိုင်ရာ ပါမောက္ခ စထရက်ကာက ကလေးငယ်တွေကို တစ်နေ့မှာ ၁၅ မိနစ်ပဲ အီလက်ထရောနစ်ပစ္စည်း ကစားခွင့်ပေးသင့်ပြီး ကလေးငယ်တွေ အီလက်ထရောပစ္စည်း မျက်နှာပြင်တွေကို ကြည့်တဲ့အချိန်က တစ်နေ့မှာ တစ်နာရီထက် မပိုသင့်ဘူးလို့ အကြံပြုထားပါတယ်။ (၂)နှစ်အရွယ် ကလေးငယ်တွေကို အီလက်ထရောနစ် ပစ္စည်းတွေ လုံး၀ပေးမသုံးသင့်ဘဲ အသက်(၅)နှစ်နဲ့ အသက်(၁၇)နှစ်ကြားအရွယ် ဆယ်ကျော်သက်တွေကို တစ်နေ့မှာ အီလက်ထရောနစ်ပစ္စည်း နှစ်နာရီထက်ပိုပြီး ပေးမသုံးသင့်ဘူးလို့ ဆိုပါတယ်။
ကလေးငယ်တွေ အီလက်ထရောနစ်ပစ္စည်း အသုံးပြုမှုများတာကို မိဘတွေက ထိန်းသိမ်းပေးသင့်ပါတယ်။ အီလက်ထရောနစ် ပစ္စည်းတွေ အသုံးပြုမယ့်အချိန်မှာ ကလေးငယ်တွေကို လမ်းလျှောက်ခေါ်သွားတာ၊ စက်ဘီးစီးခိုင်းတာ၊ မြေနေရာလွတ်မှာ ကိုယ်လက်လှုပ်ရှား ကစားခိုင်းတာမျိုးတွေ လုပ်ခိုင်းသင့်တယ်လို့ ဗြိတိန်နိုင်ငံ ကျန်းမာရေးဌာနက အကြံပြုထားပါတယ်။

No comments:

Post a Comment