Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, July 8, 2016

ေခြးမဂၤလာေဆာင္အတြက္ ေပါင္(၂)ေထာင္အထိ အကုန္အက်ခံခဲ့တဲ့သခင္





By netsetaw - July 8, 2016

တစ္ခါတေလက်ေတာ့လည္း တိရစာၦန္ခ်စ္သူတုိ႔ရဲ႕ စိတ္ခံစားခ်က္ကုိ အျခားလူေတြ သိပ္နားမလည္ၾကပါဘူး။ အေၾကာင္းကေတာ့ အခ်ိဳ႕လူေတြရဲ႕ တိရစာၦန္ေတြအေပၚမွာ ျပဳမူဆက္ဆံပုံေတြဟာ အကဲပုိတယ္လုိ႔ အထင္ရွိေနၾကလုိ႔ပါ။ အခုလည္း အသက္ (၄၁)ႏွစ္အရြယ္ Alma Padillia ဆုိတဲ့ အမ်ိဳးသမီးႀကီးဟာ သူမရဲ႕ အိမ္ေမြးေခြးႏွစ္ေကာင္အတြက္ လက္ထပ္ပြဲ ဆင္ႏြဲေပးခဲ့ၿပီး အဆုိပါေခြးႏွစ္ေကာင္အတြက္ လက္ထပ္ကိတ္မုန္႔နဲ႔ အျခားအဆင္တန္ဆာေတြအတြက္ ေပါင္ (၂၀၀၀) (ျမန္မာေငြ (သိန္း ၂၀)ေက်ာ္ အကုန္အက်ခံကာ ျပင္ဆင္ေပးခဲ့ပါတယ္။
ဒီသတင္းဟာ တိရစာၦန္ခ်စ္သူေတြၾကားမွာ ေရပန္းစားေနၿပီး ခ်ီးက်ဴးျခင္းခံေနရတဲ့ သတင္းျဖစ္ပါတယ္။ Padillia ဟာ သူမရဲ႕ ေခြးႏွစ္ေကာင္ျဖစ္တဲ့ Elvis နဲ႔ Bella တုိ႔ရဲ႕အေျခအေနကုိ ေလ့လာၿပီးမွ ဒီမဂၤလာပြဲကို က်င္းပေပးခဲ့တာ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူမက ” ကၽြန္မက သူတုိ႔တစ္ေတြကုိ ေလ့လာၿပီး … လက္ထပ္ေပးဖုိ႔အခ်ိန္ေရာက္ၿပီလုိ႔ ဆုံးျဖတ္ခဲ့ပါတယ္ … သူတုိ႔ဟာ အတူတူ ႀကီးျပင္းလာခဲ့သူေတြ ပီပီ သံေယာဇဥ္ေတြ ပုိေနၾကပါၿပီ … ကၽြန္မဟာ သာမန္သူလုိကုိယ္လုိ အိမ္ေထာင္က်ခဲ့တာျဖစ္ေပမယ့္ သူတုိ႔ေလးေတြကုိေတာ့ ထူးျခားတဲ့ ခံစားမႈေတြ ေပးခ်င္ပါတယ္ … ဒီေန႔ဟာ ေပ်ာ္စရာေကာင္းတဲ့ ေန႔ျဖစ္ၿပီး … ကၽြန္မ ကေလးေတြရဲ႕ စိတ္ကူးအိပ္မက္ကုိ အေကာင္အထည္ ေဖာ္ေပးခဲ့တာလုိ႔ … ေတြးမိပါတယ္ “လုိ႔ ဖြင့္ဟခဲ့ပါတယ္။
ေခြးႏွစ္ေကာင္မဂၤလာေဆာင္ကို အျခားေခြးခ်စ္သူေတြကိုလည္း ဖိတ္ေခၚဧည့္ခံခဲ့ၿပီး လာေရာက္ၾကတဲ့ ဧည့္သည္ေတြရဲ႕ ခ်ီးက်ဴးေထာမနာျခင္းကို ခံခဲ့ရပါတယ္။ Padillia ဟာ ဒီမဂၤလာပြဲအတြက္ သုံးလႊာလက္ထပ္ကိတ္မုန္႕ကုိ အထူးမွာယူခဲ့ၿပီး အျခား စားဖြယ္ေသာက္ဖြယ္ေတြလည္း ပါ၀င္ပါတယ္။ မဂၤလာခန္းမအတြက္ အလွျပင္ဆင္ျခင္း၊ သတုိ႔သား သတုိ႔သမီး၀တ္စုံ၊ ဧည့္သည္ေတြကို တည္ခင္းဧည့္ခံျခင္း စာရိတ္ေတြ စုစုေပါင္းလုိက္ရင္ ေပါင္ (၂၀၀၀) ေက်ာ္အထိ ကုန္က်ခဲ့ပါတယ္။

................................

ခွေးမင်္ဂလာဆောင်အတွက် ပေါင်(၂)ထောင်အထိ အကုန်အကျခံခဲ့တဲ့သခင်
By netsetaw - July 8, 2016

တစ်ခါတလေကျတော့လည်း တိရစ္ဆာန်ချစ်သူတို့ရဲ့ စိတ်ခံစားချက်ကို အခြားလူတွေ သိပ်နားမလည်ကြပါဘူး။ အကြောင်းကတော့ အချို့လူတွေရဲ့ တိရစ္ဆာန်တွေအပေါ်မှာ ပြုမူဆက်ဆံပုံတွေဟာ အကဲပိုတယ်လို့ အထင်ရှိနေကြလို့ပါ။ အခုလည်း အသက် (၄၁)နှစ်အရွယ် Alma Padillia ဆိုတဲ့ အမျိုးသမီးကြီးဟာ သူမရဲ့ အိမ်မွေးခွေးနှစ်ကောင်အတွက် လက်ထပ်ပွဲ ဆင်နွဲပေးခဲ့ပြီး အဆိုပါခွေးနှစ်ကောင်အတွက် လက်ထပ်ကိတ်မုန့်နဲ့ အခြားအဆင်တန်ဆာတွေအတွက် ပေါင် (၂၀၀၀) (မြန်မာငွေ (သိန်း ၂၀)ကျော် အကုန်အကျခံကာ ပြင်ဆင်ပေးခဲ့ပါတယ်။
ဒီသတင်းဟာ တိရစ္ဆာန်ချစ်သူတွေကြားမှာ ရေပန်းစားနေပြီး ချီးကျူးခြင်းခံနေရတဲ့ သတင်းဖြစ်ပါတယ်။ Padillia ဟာ သူမရဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ Elvis နဲ့ Bella တို့ရဲ့အခြေအနေကို လေ့လာပြီးမှ ဒီမင်္ဂလာပွဲကို ကျင်းပပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမက ” ကျွန်မက သူတို့တစ်တွေကို လေ့လာပြီး … လက်ထပ်ပေးဖို့အချိန်ရောက်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ် … သူတို့ဟာ အတူတူ ကြီးပြင်းလာခဲ့သူတွေ ပီပီ သံယောဇဉ်တွေ ပိုနေကြပါပြီ … ကျွန်မဟာ သာမန်သူလိုကိုယ်လို အိမ်ထောင်ကျခဲ့တာဖြစ်ပေမယ့် သူတို့လေးတွေကိုတော့ ထူးခြားတဲ့ ခံစားမှုတွေ ပေးချင်ပါတယ် … ဒီနေ့ဟာ ပျော်စရာကောင်းတဲ့ နေ့ဖြစ်ပြီး … ကျွန်မ ကလေးတွေရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်ပေးခဲ့တာလို့ … တွေးမိပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။
ခွေးနှစ်ကောင်မင်္ဂလာဆောင်ကို အခြားခွေးချစ်သူတွေကိုလည်း ဖိတ်ခေါ်ဧည့်ခံခဲ့ပြီး လာရောက်ကြတဲ့ ဧည့်သည်တွေရဲ့ ချီးကျူးထောမနာခြင်းကို ခံခဲ့ရပါတယ်။ Padillia ဟာ ဒီမင်္ဂလာပွဲအတွက် သုံးလွှာလက်ထပ်ကိတ်မုန့်ကို အထူးမှာယူခဲ့ပြီး အခြား စားဖွယ်သောက်ဖွယ်တွေလည်း ပါ၀င်ပါတယ်။ မင်္ဂလာခန်းမအတွက် အလှပြင်ဆင်ခြင်း၊ သတို့သား သတို့သမီးဝတ်စုံ၊ ဧည့်သည်တွေကို တည်ခင်းဧည့်ခံခြင်း စာရိတ်တွေ စုစုပေါင်းလိုက်ရင် ပေါင် (၂၀၀၀) ကျော်အထိ ကုန်ကျခဲ့ပါတယ်။

No comments:

Post a Comment