CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 4, 2016
.
ဇီးကွက် (ရိုးရာလေး)
#zeekwet_yyl
#knowledge_yyl
www.yoyarlay.com
(Unicode version)
ကမ္ဘာ့အလှဆုံး အက္ခရာ နှင့် အရေးအသား ဘာသာစကား
ကျွန်တော်ဟာ US ခရီးကို မြန်မာပြည် ကိုယ်စားပြု ရောက်ခဲ့စဉ်က နိုင်ငံပေါင်း ၂၀ ကျော်က ဂျာနယ်လစ်များနဲ့ တွေ့ဆုံခွင့်ရခဲ့ ပါတယ်။ တွေ့တဲ့အခါ စကားတွေ ပြောဆိုကြပြီး နောက်တော့ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင် အသုံးပြုတဲ့ ဘာသာစကားနဲ့ အရေးအသား ပုံစံများကို မျှဝေကြတဲ့ နေရာ ရောက်သွားပါတယ်။
တစ်ယောက်ပြီး တစ်ယောက် ပြီးသွားတဲ့အချိန် ကျွန်တော်ဟာ မြန်မာလို ရေးထားတဲ့ ကျွန်တော့ရဲ့ ဆောင်းပါးတွေကို ပြလိုက်ပါတယ်။ ဇော်ဂျီနဲ့ ရေးထားတာလည်း ပြပြီး ယူနီကုဒ်နဲ့ ရေးထားတာလည်း ပြလိုက်ပါတယ်။ နှစ်ခုစလုံးကို ပရိုဂျက်တာပေါ်မှာ မြင်တော့ အာမေဋိတ်သံတွေ ကြားရပါတယ်။ Wow, amazing. အစရှိသဖြင့်ပေါ့။ စကားလုံးတွေက အရမ်းလှတယ်တဲ့။ အားလုံးဟာ မြန်မာနိုင်ငံက အသုံးပြုတဲ့ လက်ရေးသား အက္ခရာနဲ့ ဘာသာစကားဟာ အလှဆုံး ဖြစ်ကြောင်း အားလုံး တညီတညွတ် ထောက်ခံသွားကြ ပါတယ်။ အဝိုင်းဝိုင်းတွေချည်းမို့လို့ သူတို့တွေ လေ့ကျင့် မှတ်သားဖို့ လွယ်မှာ မဟုတ်ဘူးတဲ့။ မမှတ်သားချင်လောက်အောင်လည်း အင်မတန် လှပနေတယ်တဲ့။ Circle လေးတွေက ချစ်စရာကောင်းကြောင်း ပြောသွားကြ ပါတယ်။
ယင်းမတိုင်ခင်လည်း ကျွန်တော်ဟာ အင်တာနက်ပေါ်မှာ The world most beautiful written language လို့ ရှာဖွေတဲ့အခါမှာလည်း မီဒီယာနဲ့ အဖွဲ့အစည်း တော်တော်များများက မြန်မာစာ စကားလုံး ကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ရွှေမြန်မာ မိတ်ဆွေများ အနေနဲ့ မိမိရဲ့ လကေ္ရသား ဘာသာစကားလှပမှုအပေါ် ဂုဏ်ယူ နိုင်အောင် ပီတိမျှဝေပေးလိုက်ရ ပါတယ်။
.
ဇီးကွက် (ရိုးရာလေး)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment