Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 10, 2016



မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် နိုင်ငံတော် သံဃာ့ မဟာနာယက (မဟန)က ကြေညာချက် ထုတ်မည်
==========================================
မဟန ဦးဆောင် ဆရာတော်ကြီး တစ်ပါးက သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်း အရ မဘသ ဖွဲ့စည်းခွင့် မရှိဟု မြွက်ကြား
=========================================
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) သည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် ဆိုသည်ကို နိုင်ငံတော် သံဃာ့ မဟာနာယက (မဟန) ၄၇ ပါး စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ပြီး ယခုရက်ပိုင်း အတွင်း ကြေညာချက် ထုတ်မည်ဖြစ်ကြောင်း မဟန ဦးဆောင် ဆရာတော်ကြီး တစ်ပါးက မြန်မာပို့စ်သို့ မြွက်ကြားသည်။
“မနက်ဖြန်(ဇူလိုင် ၁၁) မှာ ၄၇ ပါး စုံညီ ဆုံးဖြတ်ချက် အရ ကြေညာချက် ထုတ်ပြန် မှာပါ။ တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ်ကို ကြေညာပေးမှာပါ”ဟု ဆရာတော် ကြီးက မြွက်ကြားသည်။
ဆရာတော်ကြီးက မဘသ အဖွဲ့သည် သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်း အရ ဖွဲ့စည်းခွင့် မရှိကြောင်း၊ သံဃာ့ အဖွဲ့အစည်း စည်းမျဉ်းအရ ရပ်ကွက် သံဃာ့ နာယက၊ မြို့နယ် သံဃာ့ နာယက၊ တိုင်း သံဃာ့ နာယက၊ နိုင်ငံတော် သံဃာ့ မဟာနယက အဖွဲ့သာ ဖွဲ့စည်းခွင့် ရှိကြောင်း ဆက်လက် မိန့်ကြားခဲ့သည်။
“အခုအချိန်က အရေးယူတဲ့ ကဏ္ဍ ပါဦးမှာ မဟုတ်ဘူး။ နောက် ဆက်လက်ပြီး လှုပ်ရှားရင်တော့ အရေးယူမှာပေါ့”ဟု ဆရာတော်ကြီးက မဘသကို သံဃာ့ အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန် ရှိမရှိ မေးခွန်းကို ဖြေကြား ခဲ့သည်။
သံဃာ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင် ဂိုဏ်းပေါင်းစုံ ပါဝင်သော သံဃာ့ အဖွဲ့အစည်း တစ်ခုသာ ရှိရမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းမှ သံဃာ အားလုံး ယင်းအဖွဲ့ဝင် ဖြစ်သည်ဟု သတ်မှတ် ထားသည်။
မြန်မာပို့စ် သတင်းဂျာနယ်
အတွဲ(၈) အမှတ် (၂၆)မှ ကောက်နုတ်ချက်

မဘသ သည်တရားဝင်အဖွဲ့အစည်းဟုတ်၊မဟုတ် နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)က ရက်ပိုင်းအတွင်းကြေညာချက်ထုတ်ပြန်မည်

No comments:

Post a Comment