Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, July 10, 2016

နိုင္္ငံ့ေခါင္းေဆာင္ဆိုသူမ်ားကို အမ်ဳိးသားေရး ကိုယ္ခံအားမ်ားစစ္ၾကရမည္


နိုင္္ငံ့ေခါင္းေဆာင္ဆိုသူမ်ားကို အမ်ဳိးသားေရး ကိုယ္ခံအားမ်ားစစ္ၾကရမည္
========================================
ေမာင္သိန္းညြန့္(ေကာ႕ကရိတ္)
========================================
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လူကို မၾကည့္နဲ႕၊ ပါတီကိုၾကည့္ၿပီး မဲေပးပါ ဆိုတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အရင္ကရခဲ့ တဲ့ လႊတ္ေတာ္ေနရာေတြ လက္လႊတ္ခဲ့ရ တယ္၊ လူထုႀကီးကိုသနားတယ္။
ေရြးေကာက္ပြဲဝင္တဲ့ အခ်ိန္မွာလည္း လူထုအေပၚမွာ ကြၽန္ေတာ္က႐ုဏာထား တုန္းပဲ။
ေရြးေကာက္ပြဲၿပီးတဲ့အခါမွာ လူထု ကို ပိုေတာင္သနားေသးတယ္ဆုိတာ ကြၽန္ေတာ္ေရးခဲ့တာပါ။
ရက္ ၁ဝဝ ျပည့္မယ့္ လႊတ္ေတာ္က ေတာ့ ကြၽန္ေတာ့္အျမင္ေျပာရရင္ အရင္ ဆံုးကေတာ့ ဒီလႊတ္ေတာ္ရဲ႕အႀကီးဆံုး အမွားကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ဥပေဒကို ျပ႒ာန္းလိုက္တာပဲ။
ဘာျဖစ္လို႔ အႀကီးဆံုးအမွားလို႔ေျပာ လဲဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဟာ အေျခခံဥပေဒကို လိုက္နာရမယ့္ တာဝန္ရွိတယ္။
အေျခခံဥပေဒအရ ျပည္ေထာင္စု လႊတ္ေတာ္က တာဝန္ခံရမယ့္အပိုင္းေတြ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ ေရးအပိုင္းေတြကို ခြဲျခားက်င့္သံုးမယ္ ဆိုတဲ့ ပုဒ္မ-၁၁နဲ႔ မညီၫြတ္တဲ့အတြက္ ဒါဟာအင္မတန္မွားတယ္လို႔ယူဆတယ္။ လုပ္ဟန္အေနနဲ႔ေျပာရင္လည္း ဒီေလာက္ အေရးႀကီးတဲ့ ဥပေဒႀကီးတစ္ခုကို အျမင္ မတူတာေတြရဲ႕တင္ျပခ်က္ကို စကားလုံး တစ္လံုးကအစ မစဥ္းစားဘဲနဲ႔ သံုးရက္နဲ႔ အတည္ျပဳလုိက္တာကေတာ့ တပ္မေတာ္ က ကိုယ္စားလွယ္ေတြေျပာသလိုပဲ ဒီမို ကေရစီအႏိုင္က်င့္မႈဆိုတဲ့ဟာမ်ဳိးလုပ္သြား တယ္ဆိုတာ သာမန္အျမင္နဲ႔ေတာ့လက္ခံ ႏိုင္စရာသေဘာမဟုတ္ဘူး။
အဲဒါေၾကာင့္ အျမင့္ဆံုးအျမင္နဲ႔ေျပာ ရင္ေတာ့ဥပေဒျပဳသူဟာဥပေဒခ်ဳိးေဖာက္ သူမျဖစ္ရဘူးဆိုတဲ့ မူသေဘာကို ဒုတိယ အႀကိမ္ျပည္သူ႔လႊတ္ေတာ္ကေရြ႕လာတယ္။ မထိန္းႏိုင္ဘူးလို႔ ကြၽန္ေတာ္ျမင္တယ္။
ပါတီလိုင္းကေပးတဲ့အေပၚမွာဥပေဒ ကိုလုပ္ေနရတဲ့ ပံုစံေတြရွိတယ္။ ဥပမာ-ပူပူေႏြးေႏြး ၁၉၈၂ ႏိုင္ငံသားဥပေဒအရ ေဒၚခင္ေစာေဝ ရခိုင္ပါတီကတင္တဲ့ဟာ မ်ဳိး၊ အဲဒါဟာ ႏိုင္ငံသားစိစစ္ေရး ဥပေဒ နဲ႔ညီရင္ ႏိုင္ငံသားေပးလိုက္ေပ့ါ။ မညီရင္ အေရးယူေပါ့။ အဲဒီအဆိုမ်ဳိးကုိေတာင္ လႊတ္ေတာ္ကအတည္မျပဳဘဲနဲ႔ မွတ္တမ္း တင္ခုိင္းတယ္ဆိုကတည္းကပထမအႀကိမ္ လႊတ္ေတာ္နဲ႔ယွဥ္ၾကည့္ရင္ဒုတိယအႀကိမ္ လႊတ္ေတာ္ရဲ႕ ႏိုင္ငံေရးအရည္အေသြးကို ခန္႔မွန္းလို႔ရတယ္။ ျပည္ခိုင္ၿဖိဳးပါတီက ဘာေျပာေျပာ ကြၽန္ေတာ္တုိ႔တက္ခဲ့တဲ့ ငါးႏွစ္မွာ သူတုိ႔ဟာေမးခြန္းကို လြတ္လပ္ စြာေမးခြင့္ေပးတယ္။
ေမးခြန္းကို ႀကိဳက္သလိုေမး၊ အဆို တုိ႔၊ ဥပေဒၾကမ္းတုိ႔ကိုပဲ သူတုိ႔ပါတီက ဖြဲ႕ထားတဲ့အဖြဲ႕ကို တင္ရတယ္။
အခုလႊတ္ေတာ္မွာက ေမးခြန္းက အစတင္ေနရတယ္ဆိုေတာ့ဘာေျပာေျပာ ဒီမိုကေရစီ ဦးထုပ္ေဆာင္းထားတဲ့လူ ေတြ အလွည့္က်မွ ၾကံ့ခုိင္ေရးေလာက္မွ ခြင့္မျပဳဘူးဆိုရင္ေတာ့ အမ်ားႀကီးစဥ္းစား စရာျဖစ္သြားၿပီ။
႐ိုဟင္ဂ်ာျပႆနာဟာ အမ်ဳိးသား ေရး၊ လူ႔အခြင့္အေရးလို႔ေျပာၿပီး ကဗ်ာ ဆန္လို႔မရဘူး။ အဲဒီေတာ့ ဒီဟာနဲ႔ပတ္ သက္ရင္ ျပတ္သားတဲ့ ေပၚလစီရွိရမယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ တဲ့ပြဲမွာဆိုရင္ ႐ိုဟင္ဂ်ာျပႆနာထက္ အေရးႀကီးတဲ့ ကိစၥေတြရွိေသးတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တယ္။
႐ိုဟင္ဂ်ာျပႆနာဟာ အေရးမႀကီး တဲ့ပံုစံမ်ဳိး ေျပာသြားတယ္။
ဦးသိန္းစိန္မွာ အင္မတန္ခ်ီးက်ဴးစရာ ေကာင္းတဲ့ အရည္အခ်င္းေတြ အမ်ားႀကီး ရွိတယ္။ ဒီတိုင္းပဲ ေဝဖန္စရာေတြလည္း အမ်ားႀကီးရွိတယ္။
ေဝဖန္စရာေတြ၊ ခ်ီးက်ဴးစရာေတြထဲ မွာ ဦးသိန္းစိန္ကို ကြၽန္ေတာ္တုိ႔ မခ်ီး က်ဴးရမေနႏိုင္ေလာက္တဲ့အခ်က္ႏွစ္ခ်က္ ကေတာ့ တ႐ုတ္ရဲ႕ဖိအား ဘယ္ေလာက္ ေပးေပးဘယ္ေလာက္ပဲၿငိဳျငင္မႈေတြ ၾကံဳရ ၾကံဳရ၊ ဘယ္ေလာက္ပဲ အက်ဳိးသက္ ေရာက္မႈေတြျဖစ္ျဖစ္ ျမစ္ဆံုစီမံကိန္းကို ရပ္တန္႔ႏိုင္ခဲ့တယ္။
အဲဒီလိုပဲ ႐ိုဟင္ဂ်ာနဲ႔ပတ္သက္ရင္ မြတ္စလင္အသိုင္းအဝိုင္းကဘယ္ေလာက္ ေျပာေျပာ မြတ္စလင္အသိုင္းအဝိုင္းနဲ႔ ဆက္ႏႊယ္တဲ့ ႏိုင္ငံတကာကအင္အားႀကီး ႏိုင္ငံေတြ အထူးသျဖင့္ အေနာက္ႏိုင္ငံ ေတြ ဘယ္ေလာက္ဖိအားေပးေပး၊ တိုင္း ရင္းသား ၁၃၅ မ်ဳိးမွာ ႐ိုဟင္ဂ်ာမရွိဘူး ဆိုတာအျပတ္ေျပာခဲ့တယ္။ ျမန္မာျပည္ မွာ ႐ိုဟင္ဂ်ာမရွိဘူး။ ႐ိုဟင္ဂ်ာ လက္မခံ ႏိုင္ဘူး။ တရားဝင္အသံုးအႏႈန္းကိုေျပာ ခဲ့တယ္။
အခုအစိုးရသစ္က ႐ိုဟင္ဂ်ာနဲ႔ပတ္ သက္လို႔ ျပတ္ျပတ္သားသား ဘာေျပာ ရဲလို႔လဲ။ ဟိုေမးခြန္းကို ကဗ်ာဆန္ဆန္ ဒါထက္အေရးႀကီးတာရွိလို႔လားတိုင္းျပည္ မွာ။ အေရးႀကီးတာရွိတယ္လို႔ေျဖတယ္။ ႐ိုဟင္ဂ်ာမရွိဘူးလို႔ မေျပာဘူး။ အခုေျပာ ပံုအရဆိုရင္ေတာ့ ႏွစ္ဖက္စလံုး လက္ခံ ႏိုင္တဲ့ အသံုးအႏႈန္းရွာမယ္ဆိုတဲ့ သေဘာ မ်ဳိးပဲေျပာတာရွိတယ္။
ရပ္တည္ခ်က္အရ ေျပာရင္ေတာ့ ႐ိုဟင္ဂ်ာကိစၥ အေရးမႀကီးဘူးလို႔ေျပာတဲ့ အတြက္ က်န္တဲ့လူေတာ့ ကြၽန္ေတာ္ မေျပာလိုပါဘူး။ အဲဒီေျပာတဲ့ ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕ အမ်ဳိးသားကိုယ္ခံအင္ အားကို ကြၽန္ေတာ္တို႔ ျပန္ၿပီးေတာ့ ဆန္း စစ္ရမယ့္အဆင့္ေရာက္လာၿပီ။
ကြၽန္ေတာ္ ေျပာႏိုင္တဲ့အခ်က္က ေတာ့ ဦးထင္ေက်ာ္ ဦးေဆာင္တဲ့အစိုးရ ဆိုေပမယ့္ အားလံုးသိတဲ့အတိုင္းပဲေလ။ ဒီေန႔ ႏိုင္ငံေတာ္ရဲ႕အခင္းအက်င္းအားလံုး ကိုကိုင္တြယ္ေနတာကအေျခခံဥပေဒအရ သမၼတကိုေပးထားတာကို။ လက္ေတြ႕ မွာ ေဒၚေအာင္ဆန္းစုၾကည္ ကိုင္တြယ္ ေနတာပဲ။
ေဒၚေအာင္ဆန္းစုၾကည္ ကိုင္တြယ္ ေနတဲ့အခ်ိန္မွာ အရင္ဆံုး ၂၁ ပင္လံု ညီလာခံလို႔ ေျပာင္းလိုက္တဲ့အတြက္ပဲ။
သတင္းအရဆိုရင္ ေရြးေကာက္ပြဲမွာ အနည္းဆံုးတစ္ေနရာရတဲ့ ပါတီေတြမွ သာ ၿငိမ္းခ်မ္းေရးမွာပါခြင့္ေပးမယ္ဆိုရင္ ဥပမာ-ခ်င္းဆိုရင္ ဇိုမီးပါတီတစ္ခုကလြဲ လို႔ က်န္တဲ့ပါတီေတြမရဘူး။
ကရင္ဆိုလည္း သံေတာင္မွာ ကရင္ ျပည္သူ႔ပါတီတစ္ခုကလြဲရင္ က်န္တဲ့ ကရင္ပါတီေတြမရဘူး။ အဲဒီေတာ့ ကရင္ ႏိုင္ငံေရး ပါတီေတြ၊ ခ်င္းႏိုင္ငံေရးပါတီ ေတြ ကိုယ္စားျပဳမႈဟာ အင္မတန္နည္း ေတာ့မယ္။
အဲဒီေတာ့ လက္နက္ကိုင္အင္အားစု ေခါင္းေဆာင္ေတြနဲ႔ အေနအထားေတာ့ ကြၽန္ေတာ္တုိ႔ မသိဘူး။
ႏိုင္ငံေရးပါတီေတြအေနနဲ႔ကေတာ့ တုိင္းရင္းသားပါတီေတြ ေတာ္ေတာ္မ်ား မ်ား ဒီညီလာခံမွာပါေတာ့မွာမဟုတ္ဘူး။
အဲဒီလိုပဲ ႏိုင္ငံေရးပါတီ ၉ဝ နဲ႔ ပတ္သက္ရင္လည္း အႏိုင္ရပါတီတစ္ဦး တစ္ေယာက္မွပါရမယ္ဆိုရင္ ဒါကေတာ့ သူ႔ကိုေမးခြန္းထုတ္ရမွာေပါ့။
ကြၽန္ေတာ္တို႔ဖြဲ႕စည္းပံုအေျခခံဥပေဒ မွာက ႏိုင္ငံေရးပါတီဆိုတာ ႏိုင္ငံေရး ပါတီမွတ္ပံုတင္ဥပေဒအရ ဖြဲ႕စည္းထား တဲ့ ပါတီအားလံုးဟာ ႏိုင္ငံေရးပါတီ ေတြပဲ။
အဲဒီေတာ့ အေျခခံဥပေဒကို ျပန္ျပင္ ဖို႔(သို႔မဟုတ္) အေျခခံဥပေဒမွာ အနည္း ဆံုးမဲဆႏၵနယ္ တစ္ေနရာရတဲ့ပါတီကို သာ ႏိုင္ငံေရးပါတီလို႔ သတ္မွတ္တယ္ ဆိုရင္ေတာ့ အခုသူတုိ႔ေဆာင္ရြက္ေနတာ ေတြဟာအေျခခံဥပေဒနဲ႔ညီတာေပါ့။ အခု ဆိုရင္ အေျခခံဥပေဒမွာမပါဘဲနဲ႔ ေရြး ေကာက္ခံကိုယ္စားလွယ္တစ္ဦး အနည္း ဆံုးရွိရမယ္ဆိုတဲ့ျပ႒ာန္းခ်က္က ဘာေျပာ ေျပာကိုယ္မျပင္ႏိုင္ေသးတဲ့အခ်ိန္မွာ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒရဲ႕ တကယ့္ျပ႒ာန္း ခ်က္ေတြကို ေသးသိမ္ေအာင္ေတာ့မလုပ္ သင့္ဘူး။ အဲဒီေတာ့ ႏိုင္ငံေရးပါတီဥပေဒ ရဲ႕ အသိအမွတ္ျပဳမႈကို ၿငိမ္းခ်မ္းေရးကိုယ္ စားျပဳမႈမွာ ျငင္းပယ္ခဲ့တာေပါ့။
ေနာက္တစ္ခုက အခ်က္အလက္အရ အားလံုးကေထာက္စရာျဖစ္လာၿပီ။ ကိုယ္ လႊတ္ေတာ္ထဲမေရာက္ခင္ ကိုယ္ေရြး ေကာက္ပြဲမဝင္ခင္တုန္းက အားလံုးပါဝင္ All inclusive လို႔ ေအာ္ခဲ့တာဘယ္သူ ေတြလဲ။
အခု အဲလူေတြက လႊတ္ေတာ္ထဲ သူတို႔ ေရာက္လာတဲ့အခါက်ေတာ့ အား လံုးပါဝင္ေရးကို ျပန္ဖ်က္တယ္ဆုိေတာ့ ဘာပဲေျပာေျပာ ႏုိင္ငံေရးကို စစ္စစ္ ေပါက္ေပါက္ေလ့လာတဲ့သူေတြ၊ ႏိုင္ငံ ေရးသုေတသီေတြ၊ ႏိုင္ငံေရးကို ဒီေန႔မွ ထဲထဲဝင္ဝင္လုပ္ဖို႔ ႀကိဳးစားေနတဲ့ လူငယ္ ေတြအဖို႔ကေတာ့ ျမန္မာျပည္ႏိုင္ငံေရးမွာ သင္ခန္းစာတစ္ခုရခဲ့တယ္။
ဘာလဲဆုိရင္ ကိုယ္အာဏာမဲ့ရင္ တစ္မ်ဳိးေျပာ၊ ကိုယ္အာဏာရွိရင္တစ္မ်ဳိး ေျပာ ေရွ႕ေနာက္မညီတဲ့ ေျပာတာမ်ိဳးက ျမန္မာ့ႏိုင္ငံေရးသမားေတြအတြက္တကယ့္ သင္ခန္းစာယူစရာပဲလို႔ ေျပာရမယ့္အေန အထားေရာက္လာၿပီ။
အထူးသျဖင့္ အေျခခံဥပေဒကို ပံုပန္းပ်က္ေအာင္ လုပ္တာမ်ိဳးကိုေတာ့ ကြၽန္ေတာ္တုိ႔ သတိေပးရမယ့္တာဝန္၊ ဒါကေတာ့ တိုင္းျပည္ကို ၿငိမ္းၿငိမ္းခ်မ္း ခ်မ္းနဲ႕ ဒီမိုကေရစီကို အသြင္ကူးေျပာင္း ခ်င္တဲ့လူတုိင္းမွာတာဝန္ရွိတယ္လို႔ ယူဆ တဲ့အတြက္ ယေန႔ ကြၽန္ေတာ္ေျပာသင့္ ေျပာထိုက္တာမ်ားကုိ မီဒီယာကတစ္ဆင့္ ေျပာလိုက္တာျဖစ္ပါတယ္။
နိုင််ငံ့ခေါင်းဆောင်ဆိုသူများကို အမျိုးသားရေး ကိုယ်ခံအားများစစ်ကြရမည်
========================================
မောင်သိန်းညွန့်(ကော့ကရိတ်)
========================================
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကို မကြည့်နဲ့၊ ပါတီကိုကြည့်ပြီး မဲပေးပါ ဆိုတဲ့အချိန်မှာ ကျွန်တော်တို့အရင်ကရခဲ့ တဲ့ လွှတ်တော်နေရာတွေ လက်လွှတ်ခဲ့ရ တယ်၊ လူထုကြီးကိုသနားတယ်။
ရွေးကောက်ပွဲဝင်တဲ့ အချိန်မှာလည်း လူထုအပေါ်မှာ ကျွန်တော်ကရုဏာထား တုန်းပဲ။
ရွေးကောက်ပွဲပြီးတဲ့အခါမှာ လူထု ကို ပိုတောင်သနားသေးတယ်ဆိုတာ ကျွန်တော်ရေးခဲ့တာပါ။
ရက် ၁ဝဝ ပြည့်မယ့် လွှတ်တော်က တော့ ကျွန်တော့်အမြင်ပြောရရင် အရင် ဆုံးကတော့ ဒီလွှတ်တော်ရဲ့အကြီးဆုံး အမှားကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို ပြဋ္ဌာန်းလိုက်တာပဲ။
ဘာဖြစ်လို့ အကြီးဆုံးအမှားလို့ပြော လဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ အခြေခံဥပဒေကို လိုက်နာရမယ့် တာဝန်ရှိတယ်။
အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်က တာဝန်ခံရမယ့်အပိုင်းတွေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးအပိုင်းတွေကို ခွဲခြားကျင့်သုံးမယ် ဆိုတဲ့ ပုဒ်မ-၁၁နဲ့ မညီညွတ်တဲ့အတွက် ဒါဟာအင်မတန်မှားတယ်လို့ယူဆတယ်။ လုပ်ဟန်အနေနဲ့ပြောရင်လည်း ဒီလောက် အရေးကြီးတဲ့ ဥပဒေကြီးတစ်ခုကို အမြင် မတူတာတွေရဲ့တင်ပြချက်ကို စကားလုံး တစ်လုံးကအစ မစဉ်းစားဘဲနဲ့ သုံးရက်နဲ့ အတည်ပြုလိုက်တာကတော့ တပ်မတော် က ကိုယ်စားလှယ်တွေပြောသလိုပဲ ဒီမို ကရေစီအနိုင်ကျင့်မှုဆိုတဲ့ဟာမျိုးလုပ်သွား တယ်ဆိုတာ သာမန်အမြင်နဲ့တော့လက်ခံ နိုင်စရာသဘောမဟုတ်ဘူး။
အဲဒါကြောင့် အမြင့်ဆုံးအမြင်နဲ့ပြော ရင်တော့ဥပဒေပြုသူဟာဥပဒေချိုးဖောက် သူမဖြစ်ရဘူးဆိုတဲ့ မူသဘောကို ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော်ကရွေ့လာတယ်။ မထိန်းနိုင်ဘူးလို့ ကျွန်တော်မြင်တယ်။
ပါတီလိုင်းကပေးတဲ့အပေါ်မှာဥပဒေ ကိုလုပ်နေရတဲ့ ပုံစံတွေရှိတယ်။ ဥပမာ-ပူပူနွေးနွေး ၁၉၈၂ နိုင်ငံသားဥပဒေအရ ဒေါ်ခင်စောဝေ ရခိုင်ပါတီကတင်တဲ့ဟာ မျိုး၊ အဲဒါဟာ နိုင်ငံသားစိစစ်ရေး ဥပဒေ နဲ့ညီရင် နိုင်ငံသားပေးလိုက်ပေ့ါ။ မညီရင် အရေးယူပေါ့။ အဲဒီအဆိုမျိုးကိုတောင် လွှတ်တော်ကအတည်မပြုဘဲနဲ့ မှတ်တမ်း တင်ခိုင်းတယ်ဆိုကတည်းကပထမအကြိမ် လွှတ်တော်နဲ့ယှဉ်ကြည့်ရင်ဒုတိယအကြိမ် လွှတ်တော်ရဲ့ နိုင်ငံရေးအရည်အသွေးကို ခန့်မှန်းလို့ရတယ်။ ပြည်ခိုင်ဖြိုးပါတီက ဘာပြောပြော ကျွန်တော်တို့တက်ခဲ့တဲ့ ငါးနှစ်မှာ သူတို့ဟာမေးခွန်းကို လွတ်လပ် စွာမေးခွင့်ပေးတယ်။
မေးခွန်းကို ကြိုက်သလိုမေး၊ အဆို တို့၊ ဥပဒေကြမ်းတို့ကိုပဲ သူတို့ပါတီက ဖွဲ့ထားတဲ့အဖွဲ့ကို တင်ရတယ်။
အခုလွှတ်တော်မှာက မေးခွန်းက အစတင်နေရတယ်ဆိုတော့ဘာပြောပြော ဒီမိုကရေစီ ဦးထုပ်ဆောင်းထားတဲ့လူ တွေ အလှည့်ကျမှ ကြံ့ခိုင်ရေးလောက်မှ ခွင့်မပြုဘူးဆိုရင်တော့ အများကြီးစဉ်းစား စရာဖြစ်သွားပြီ။
ရိုဟင်ဂျာပြဿနာဟာ အမျိုးသား ရေး၊ လူ့အခွင့်အရေးလို့ပြောပြီး ကဗျာ ဆန်လို့မရဘူး။ အဲဒီတော့ ဒီဟာနဲ့ပတ် သက်ရင် ပြတ်သားတဲ့ ပေါ်လစီရှိရမယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ တဲ့ပွဲမှာဆိုရင် ရိုဟင်ဂျာပြဿနာထက် အရေးကြီးတဲ့ ကိစ္စတွေရှိသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။
ရိုဟင်ဂျာပြဿနာဟာ အရေးမကြီး တဲ့ပုံစံမျိုး ပြောသွားတယ်။
ဦးသိန်းစိန်မှာ အင်မတန်ချီးကျူးစရာ ကောင်းတဲ့ အရည်အချင်းတွေ အများကြီး ရှိတယ်။ ဒီတိုင်းပဲ ဝေဖန်စရာတွေလည်း အများကြီးရှိတယ်။
ဝေဖန်စရာတွေ၊ ချီးကျူးစရာတွေထဲ မှာ ဦးသိန်းစိန်ကို ကျွန်တော်တို့ မချီး ကျူးရမနေနိုင်လောက်တဲ့အချက်နှစ်ချက် ကတော့ တရုတ်ရဲ့ဖိအား ဘယ်လောက် ပေးပေးဘယ်လောက်ပဲငြိုငြင်မှုတွေ ကြုံရ ကြံုရ၊ ဘယ်လောက်ပဲ အကျိုးသက် ရောက်မှုတွေဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်တန့်နိုင်ခဲ့တယ်။
အဲဒီလိုပဲ ရိုဟင်ဂျာနဲ့ပတ်သက်ရင် မွတ်စလင်အသိုင်းအဝိုင်းကဘယ်လောက် ပြောပြော မွတ်စလင်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်တဲ့ နိုင်ငံတကာကအင်အားကြီး နိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံ တွေ ဘယ်လောက်ဖိအားပေးပေး၊ တိုင်း ရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာမရှိဘူး ဆိုတာအပြတ်ပြောခဲ့တယ်။ မြန်မာပြည် မှာ ရိုဟင်ဂျာမရှိဘူး။ ရိုဟင်ဂျာ လက်မခံ နိုင်ဘူး။ တရားဝင်အသုံးအနှုန်းကိုပြော ခဲ့တယ်။
အခုအစိုးရသစ်က ရိုဟင်ဂျာနဲ့ပတ် သက်လို့ ပြတ်ပြတ်သားသား ဘာပြော ရဲလို့လဲ။ ဟိုမေးခွန်းကို ကဗျာဆန်ဆန် ဒါထက်အရေးကြီးတာရှိလို့လားတိုင်းပြည် မှာ။ အရေးကြီးတာရှိတယ်လို့ဖြေတယ်။ ရိုဟင်ဂျာမရှိဘူးလို့ မပြောဘူး။ အခုပြော ပုံအရဆိုရင်တော့ နှစ်ဖက်စလုံး လက်ခံ နိုင်တဲ့ အသုံးအနှုန်းရှာမယ်ဆိုတဲ့ သဘော မျိုးပဲပြောတာရှိတယ်။
ရပ်တည်ချက်အရ ပြောရင်တော့ ရိုဟင်ဂျာကိစ္စ အရေးမကြီးဘူးလို့ပြောတဲ့ အတွက် ကျန်တဲ့လူတော့ ကျွန်တော် မပြောလိုပါဘူး။ အဲဒီပြောတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသားကိုယ်ခံအင် အားကို ကျွန်တော်တို့ ပြန်ပြီးတော့ ဆန်း စစ်ရမယ့်အဆင့်ရောက်လာပြီ။
ကျွန်တော် ပြောနိုင်တဲ့အချက်က တော့ ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရ ဆိုပေမယ့် အားလုံးသိတဲ့အတိုင်းပဲလေ။ ဒီနေ့ နိုင်ငံတော်ရဲ့အခင်းအကျင်းအားလုံး ကိုကိုင်တွယ်နေတာကအခြေခံဥပဒေအရ သမ္မတကိုပေးထားတာကို။ လက်တွေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ် နေတာပဲ။
ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ် နေတဲ့အချိန်မှာ အရင်ဆုံး ၂၁ ပင်လုံ ညီလာခံလို့ ပြောင်းလိုက်တဲ့အတွက်ပဲ။
သတင်းအရဆိုရင် ရွေးကောက်ပွဲမှာ အနည်းဆုံးတစ်နေရာရတဲ့ ပါတီတွေမှ သာ ငြိမ်းချမ်းရေးမှာပါခွင့်ပေးမယ်ဆိုရင် ဥပမာ-ချင်းဆိုရင် ဇိုမီးပါတီတစ်ခုကလွဲ လို့ ကျန်တဲ့ပါတီတွေမရဘူး။
ကရင်ဆိုလည်း သံတောင်မှာ ကရင် ပြည်သူ့ပါတီတစ်ခုကလွဲရင် ကျန်တဲ့ ကရင်ပါတီတွေမရဘူး။ အဲဒီတော့ ကရင် နိုင်ငံရေး ပါတီတွေ၊ ချင်းနိုင်ငံရေးပါတီ တွေ ကိုယ်စားပြုမှုဟာ အင်မတန်နည်း တော့မယ်။
အဲဒီတော့ လက်နက်ကိုင်အင်အားစု ခေါင်းဆောင်တွေနဲ့ အနေအထားတော့ ကျွန်တော်တို့ မသိဘူး။
နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ တိုင်းရင်းသားပါတီတွေ တော်တော်များ များ ဒီညီလာခံမှာပါတော့မှာမဟုတ်ဘူး။
အဲဒီလိုပဲ နိုင်ငံရေးပါတီ ၉ဝ နဲ့ ပတ်သက်ရင်လည်း အနိုင်ရပါတီတစ်ဦး တစ်ယောက်မှပါရမယ်ဆိုရင် ဒါကတော့ သူ့ကိုမေးခွန်းထုတ်ရမှာပေါ့။
ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေ မှာက နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေအရ ဖွဲ့စည်းထား တဲ့ ပါတီအားလုံးဟာ နိုင်ငံရေးပါတီ တွေပဲ။
အဲဒီတော့ အခြေခံဥပဒေကို ပြန်ပြင် ဖို့(သို့မဟုတ်) အခြေခံဥပဒေမှာ အနည်း ဆုံးမဲဆန္ဒနယ် တစ်နေရာရတဲ့ပါတီကို သာ နိုင်ငံရေးပါတီလို့ သတ်မှတ်တယ် ဆိုရင်တော့ အခုသူတို့ဆောင်ရွက်နေတာ တွေဟာအခြေခံဥပဒေနဲ့ညီတာပေါ့။ အခု ဆိုရင် အခြေခံဥပဒေမှာမပါဘဲနဲ့ ရွေး ကောက်ခံကိုယ်စားလှယ်တစ်ဦး အနည်း ဆုံးရှိရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်က ဘာပြော ပြောကိုယ်မပြင်နိုင်သေးတဲ့အချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တကယ့်ပြဋ္ဌာန်း ချက်တွေကို သေးသိမ်အောင်တော့မလုပ် သင့်ဘူး။ အဲဒီတော့ နိုင်ငံရေးပါတီဥပဒေ ရဲ့ အသိအမှတ်ပြုမှုကို ငြိမ်းချမ်းရေးကိုယ် စားပြုမှုမှာ ငြင်းပယ်ခဲ့တာပေါ့။
နောက်တစ်ခုက အချက်အလက်အရ အားလုံးကထောက်စရာဖြစ်လာပြီ။ ကိုယ် လွှတ်တော်ထဲမရောက်ခင် ကိုယ်ရွေး ကောက်ပွဲမဝင်ခင်တုန်းက အားလုံးပါဝင် All inclusive လို့ အော်ခဲ့တာဘယ်သူ တွေလဲ။
အခု အဲလူတွေက လွှတ်တော်ထဲ သူတို့ ရောက်လာတဲ့အခါကျတော့ အား လုံးပါဝင်ရေးကို ပြန်ဖျက်တယ်ဆိုတော့ ဘာပဲပြောပြော နိုင်ငံရေးကို စစ်စစ် ပေါက်ပေါက်လေ့လာတဲ့သူတွေ၊ နိုင်ငံ ရေးသုတေသီတွေ၊ နိုင်ငံရေးကို ဒီနေ့မှ ထဲထဲဝင်ဝင်လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ် တွေအဖို့ကတော့ မြန်မာပြည်နိုင်ငံရေးမှာ သင်ခန်းစာတစ်ခုရခဲ့တယ်။
ဘာလဲဆိုရင် ကိုယ်အာဏာမဲ့ရင် တစ်မျိုးပြော၊ ကိုယ်အာဏာရှိရင်တစ်မျိုး ပြော ရှေ့နောက်မညီတဲ့ ပြောတာမျိုးက မြန်မာ့နိုင်ငံရေးသမားတွေအတွက်တကယ့် သင်ခန်းစာယူစရာပဲလို့ ပြောရမယ့်အနေ အထားရောက်လာပြီ။
အထူးသဖြင့် အခြေခံဥပဒေကို ပုံပန်းပျက်အောင် လုပ်တာမျိုးကိုတော့ ကျွန်တော်တို့ သတိပေးရမယ့်တာဝန်၊ ဒါကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ ဒီမိုကရေစီကို အသွင်ကူးပြောင်း ချင်တဲ့လူတိုင်းမှာတာဝန်ရှိတယ်လို့ ယူဆ တဲ့အတွက် ယနေ့ ကျွန်တော်ပြောသင့် ပြောထိုက်တာများကို မီဒီယာကတစ်ဆင့် ပြောလိုက်တာဖြစ်ပါတယ်။

No comments:

Post a Comment