Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 10, 2016



Lashio News Diary
...........
ကမ္ဘာလည်ပတ်မှုနှင့်ထပ်တူကျရန် ၂၀၁၆ ကို တစ်စက္ကန် ့တိုးရမည်။
ဇူလိုင်(၁၀) သိပ္ပံ၊ သမန်းကျား၊ ရတနာပုံနေ ့စဉ်။
ကမ္ဘာ့နာရီများသည် ကမ္ဘာလည်ပတ်ချိန်နှင့် ကိုက်ညီမှုရှိစေရန် ၂-နှစ်လျင်တစ်ကြိမ်ကျ တစ်စက္ကန် ့တိုး ပေးရမည်ဖြစ်ရာ ၂၀၁၆ တွင်လည်း တစ်စက္ကန် ့တိုးပေးရန်မည်ဖြစ်ကြောင်း စကြဝဠာစံတော်ချိန်ကို သတ်မှတ်ဖော်ပြရန်တာဝန်ရှိသူ UTC အဖွဲ ့၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာလည်ပတ် ခြင်းနှင့်ရည်ညွှန်းစနစ် ၀န်ဆောင်မှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ကမ္ဘာ့အချိန်နာရီကိုတိုင်းတာဖို ့တာဝန်ရှိသူတွေဟာ ကမ္ဘာပေါ်မှာ အချိန်အတိကျဆုံးဖြစ်တဲ့ cesium atom နာရီကြီးကိုအသုံးပြုပြီးတွက်ချက်နေတာမို ့ နောက်ထပ်နှစ်သန်းပေါင်း ၃၀၀ အထိ အချိန်နာရီဟာ တစ်စက္ကန် ့တောင်မလွဲနိုင်ပါဘူး။ ဒါပေမယ့် တစ်နှစ်မှာ စုစုပေါင်း စက္ကန် ့ဘယ်လောက်ရှိရမယ်ဆိုတာ ကျတော့ အပြောင်းအလဲရှိတတ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောသည်။
၂၀၁၆ တွင် ထပ်တိုးမည့်တစက္ကန် ့ကို ဒီဇင်ဘာလ(၃၁)ရက်နေ ့တွင် ဖြည့်သွားမည်ဖြစ်ကြောင်း။ ၁၁း၅၉ မိနစ်၊ ၅၉ စက္ကန် ့အပြီးတွင် ၁၂ နာရီထိုးသွားမည်မဟုတ်ဘဲ ၆၀ စက္ကန် ့အထိရေတွက်မည်ဖြစ်ကြောင်း၊ ပြီးမှသာ ၁၂းဝဝးဝဝ ထိုမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် သို ့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာကြီး၏လည်ပတ်မှုသည် အက်တမ်နာရီများ၏ရေတွက်မှုထက် တစ်စက္ကန် ့၏ခြောက်ပုံတစ်ပုံ နောက် ကျ လေ့ရှိကြောင်း၊ ယင်းသို ့နှေးသွားရသည်မှာ ပင်လယ်ဒီရေအတက်အကျကြောင့်ဖြစ်ကြောင်း၊ ယင်း နောက်ကျမှုနှင့်ထပ်တူကျရန် နှစ်နှစ်လျင်တစ်ကြိမ် တစ်က္ကန် ့တိုးပေးရခြင်းဖြစ်ကြောင်း သုတေသီများက ပြောပြသည်။
အဲဒီနှေးသွားခြင်းဟာ တစ်ရက်ကို ၂ မီလီစက္ကန် ့နှေးသွားခြင်းနဲ ့ ညီမျှပါတယ်။ ရက် ၅၀၀ ကြာသွားတဲ့ အခါ ကမ္ဘာလည်ပတ်တဲ့နှုန်းနဲ ့ နာရီတွေအကြားကွာဟမှုက ၁ စက်က္ကန် ့ ဖြစ်ပွားပါလိမ့်မယ်။ အဲဒီကွာဟ မှုကို ပြန်ကျုံ ့ယူတဲ့အနေနဲ ့ ၂ နှစ်ကိုတစ်ကြိမ် တစ်စက္ကန် ့ပေါင်းထည့်ရခြင်းဖြစ်ပါတယ်ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။
ကမ္ဘာ့အချိန်နာရီတွင် ၂နှစ်ပြည့်တိုင်း တစ်က္ကန် ့တိုးခြင်းကို ၁၉၇၂ တွင် စတင်ခဲ့ကြောင်း၊ ထိုစဉ်မှ ယခု အချိန်အထိ တစ်စက္ကန် ့စီတိုးခဲသည့်အကြိမ်ရေ ၂၆ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
Lashio News Diary

No comments:

Post a Comment