Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 7, 2016

လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တွေ့ရှိသောရေတံခွန်ကို သွားရောက် လည်ပါတ်ရာမှ ရေနစ်သေဆုံး



The voice
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာ ဘင်ဂလန်တောင်ကျ ရေတံခွန်ကြီးကို လူငယ် ၁၁ ဦးက ဇူလိုင် ၅ ရက်နေ့ နံနက်တွင် လာရောက် ရေကစားရာမှ လူငယ်တစ်ဦး ရေနစ် သေဆုံးခဲ့ရကြောင်း ကွမ်လှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသန်းက ပြောကြားသည်။
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ၌ ဘင်ဂလန် ရေတံခွန်၏ သာယာပုံကို တွေ့ရသဖြင့် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်အစပ်ရှိ ရေတံခွန် တည်ရှိရာ အရပ်သို့ မော်လမြိုင် တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှင့် သေဆုံးခဲ့သူ ပြင်ပမှ သူငယ်ချင်း တစ်ဦးတို့ လာရောက်ခဲ့ကြောင်း၊ ရေတံခွန်မှာ တောနက်ထဲတွင် တည်ရှိနေပြီး ရေလာရောက် ကစားရာမှ ရေနစ် သေဆုံးခဲ့ကြောင်း မော်လမြိုင် တက္ကသိုလ်မှ ရုက္ခဗေဒ ပထမနှစ် ကျောင်းသူ ဖူးပွင့်ဟန်က ရှင်းပြသည်။

No comments:

Post a Comment