CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, July 4, 2016
အသက္အရြယ္ ႀကီးတဲ့ နိုင္ငံသားေတြ အတြက္ သီးသန္႔ကတ္ျပားေတြ ထုတ္ေပးမယ္
ျမန္မာနိုင္ငံမွာ အသက္ ၆ဝ အထက္ သူေတြကို သီးသန္႔ အသိအမွတ္ျပဳ ကတ္ျပားေတြ ထုတ္ေပး နိုင္ဖို႔ အစိုးရဘက္က စာရင္းျပဳစု ေနပါတယ္။
အသက္အရြယ္ ႀကီးရင့္တဲ့ နိုင္ငံသားေတြ အေနနဲ႔ အမ်ားျပည္သူ သုံး ယာဥ္ ရထား ေတြ စီးနင္း ရာမွာ သက္သာတဲ့ ႏွုန္းထား ခံစား ခြင့္ အပါအဝင္၊ လိုအပ္တဲ့ က်န္းမာေရး ဆိုင္ရာ ေထာက္ပံ့မွုေတြ ရရွိ နိုင္ဖို႔ စီစဥ္ ေနတယ္ ဆိုၿပီး လူမွု၀န္ထမ္း ဦးစီးဌာနရဲ့ ညြန္ၾကားေရးမွူးခ်ဳပ္ ဦးစိုးၾကည္က ဘီဘီစီကို ေျပာပါတယ္။
နိုင္ငံရပ္ျခား တိုင္းျပည္ေတြ မွာလည္း စီနီယာ စီတင္ဇင္လို႔ ေခၚတဲ့ ပင္စင္စား အရြယ္ နိုင္ငံသားေတြ အတြက္ အထူး ခံစားခြင့္ ေတြ ရွိပါတယ္။
ဒါေပမယ့္ ျမန္မာ နိုင္ငံ လက္ရွိ အေျခအေန မွာေတာ့ သက္ႀကီး ရြယ္အိုေတြ အတြက္ လိုအပ္ေနတာဟာ သာမန္ အခြင့္အေရး မ်ိဳးေတြ သာမက ပဲ၊ အိုမင္းမစြမ္း အခ်ိန္ေတြမွာ လမ္းနံေဘး အလွူခံစား ေနရတဲ့ ဘဝမ်ိဳးက လြတ္ေျမာက္ေအာင္ လုံေလာက္တဲ့ လူမွုဖူလုံးေရး စနစ္ ရွိဖို႔ လိုအပ္ ေနတယ္လို႔ ဘီဘီစီ သတင္းေထာက္ က ဆိုပါတယ္။
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစိုးရသစ္ လက္ထက္ ပထမဆုံး ရက္ ၁ဝဝ စီမံကိန္းထဲ လမ္းနံေဘး ေရာက္ေနတဲ့ သက္ႀကီးရြယ္အိုေတြ၊ ကေလးသူငယ္ေတြ၊ မသန္စြမ္းေတြ အေရအတြက္ ေလ်ာ့နည္း သြားေအာင္ လုပ္ေဆာင္မယ္ ဆိုတဲ့ အခ်က္လည္း ပါဝင္ တယ္ ဆိုၿပီး ဦးစိုးၾကည္က ေျပာပါတယ္။
သက္ႀကီးရြယ္အိုမ်ား ဆိုင္ရာ ဥပေဒမူၾကမ္း တစ္ေစာင္လည္း အစိုးရ အဖြဲ႕႐ုံးကေန လႊတ္ေတာ္ကို တင္ၿပ ထား ပါတယ္။
၂၀၁၄ သန္းေခါင္စာရင္းအရ လူဦးေရ ၅၂ သန္း ရွိတဲ့ ျမန္မာနိုင္ငံမွာ အသက္ ေျခာက္ဆယ္ေက်ာ္ ဦးေရ ၁၀ % နီးပါး ရွိပါတယ္။
BBC Burmese
http://www.bbc.com/burmese/
...........
မြန်မာနိုင်ငံမှာ အသက် ၆ဝ အထက် သူတွေကို သီးသန့် အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေး နိုင်ဖို့ အစိုးရဘက်က စာရင်းပြုစု နေပါတယ်။
အသက်အရွယ် ကြီးရင့်တဲ့ နိုင်ငံသားတွေ အနေနဲ့ အများပြည်သူ သုံး ယာဉ် ရထား တွေ စီးနင်း ရာမှာ သက်သာတဲ့ နှုန်းထား ခံစား ခွင့် အပါအဝင်၊ လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ ထောက်ပံ့မှုတွေ ရရှိ နိုင်ဖို့ စီစဉ် နေတယ် ဆိုပြီး လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံရပ်ခြား တိုင်းပြည်တွေ မှာလည်း စီနီယာ စီတင်ဇင်လို့ ခေါ်တဲ့ ပင်စင်စား အရွယ် နိုင်ငံသားတွေ အတွက် အထူး ခံစားခွင့် တွေ ရှိပါတယ်။
ဒါပေမယ့် မြန်မာ နိုင်ငံ လက်ရှိ အခြေအနေ မှာတော့ သက်ကြီး ရွယ်အိုတွေ အတွက် လိုအပ်နေတာဟာ သာမန် အခွင့်အရေး မျိုးတွေ သာမက ပဲ၊ အိုမင်းမစွမ်း အချိန်တွေမှာ လမ်းနံဘေး အလှူခံစား နေရတဲ့ ဘဝမျိုးက လွတ်မြောက်အောင် လုံလောက်တဲ့ လူမှုဖူလုံးရေး စနစ် ရှိဖို့ လိုအပ် နေတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး ရက် ၁ဝဝ စီမံကိန်းထဲ လမ်းနံဘေး ရောက်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေ အရေအတွက် လျော့နည်း သွားအောင် လုပ်ဆောင်မယ် ဆိုတဲ့ အချက်လည်း ပါဝင် တယ် ဆိုပြီး ဦးစိုးကြည်က ပြောပါတယ်။
သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေမူကြမ်း တစ်စောင်လည်း အစိုးရ အဖွဲ့ရုံးကနေ လွှတ်တော်ကို တင်ပြ ထား ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်း ရှိတဲ့ မြန်မာနိုင်ငံမှာ အသက် ခြောက်ဆယ်ကျော် ဦးရေ ၁၀ % နီးပါး ရှိပါတယ်။
BBC Burmese
http://www.bbc.com/burmese/
အသက္အရြယ္ ႀကီးတဲ့ နိုင္ငံသားေတြ အတြက္ သီးသန္႔ကတ္ျပားေတြ ထုတ္ေပးမယ္
Reviewed by MP4 YoU
on
July 04, 2016
Rating: 5
Reviewed by MP4 YoU
on
July 04, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment