Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 4, 2016

အ႒မတန္းေက်ာင္းသူအား စာသင္ခန္းအတြင္း ခုံေပၚတက္ မတ္တပ္ရပ္ေစကာ လက္ေျမာက္၍ ဒဏ္ေပးသျဖင့္ ဖခင္ျဖစ္သူက ဝန္ႀကီးခ်ဳပ္ထံ တိုင္ႀကားစာႏွင့္ ပတ္သက္၍ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက သြားေရာက္သတိေပးစကားေျပာႀကား


 တာခ်ီလိတ္၊ ဇူလိုင္ ၄

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊တာခ်ီလိတ္ခရိုင္၊တာခ်ီလိတ္ၿမိဳ႕နယ္၊မကာဟိုခမ္းရပ္ကြက္ရွိ အေၿခခံပညာအထက္တန္းေက်ာင္းမွာ အ႒မတန္းေက်ာင္းသူ မေအးစုမြန္ ကို သူမရဲ႕ သခ်ၤာဆရာမျဖစ္သူ ေဒၚဝင္းဝင္းသန္း က ခုံေပၚတက္ေစၿပီး လက္ေျမာက္ခိုင္းကာ ၁နာရီေက်ာ္ႀကာ အျပစ္ေပးခဲ႔တယ္လို႔ သူမရဲ႕ ဖခင္ျဖစ္သူ ဦးသန္းေအာင္ က ေရႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

''ကြ်န္ေတာ္ကေတာ့ ဒီဆရာမရဲ႕ က်ဳရွင္ကို မတက္လို႔ လူပုံအလယ္မွာ အရွက္ရေအာင္လုပ္တယ္လို႔ ထင္ပါတယ္။ အခုဆို ကြ်န္ေတာ့္ သမီးေလးက ဆရာမေတြကိုေႀကာက္ေနၿပီ။ သူ႔ရဲ႕ သူငယ္ခ်င္းေတြကိုလည္း ရွက္ေနေတာ့ ေက်ာင္းဆက္မတက္ေတာ့ဘူးေျပာတယ္။ ခုေတာ့ ေက်ာင္းေျပာင္းလက္မွတ္ယူလိုက္ပါၿပီ။
ရခိုင္ျပည္နယ္မွာပဲ ေက်ာင္းဆက္ထားေတာ့မယ္။ ခုလို တိုင္ႀကားတာက ေနာက္တစ္ခါ အၿခားေက်ာင္းသား/ေက်ာင္းသူေတြကို ဒီလိုမျဖစ္ေစခ်င္လို႔၊ၿပဳျပင္ေစခ်င္လို႔ တိုင္ႀကားျခင္းျဖစ္ပါတယ္''လို႔ ဖခင္ျဖစ္သူက ေျပာပါတယ္။

အဆိုပါတိုင္ႀကားစာကို ယေန႔နံနက္ ၁၀ နာရီခန္႔မွာ ကေလးမိဘမ်ားက ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရုံးကို လာေရာက္ေပးအပ္သည့္အတြက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ က မိဘမ်ားအား ေခၚယူေတြ႕ဆုံေမးျမန္းခဲ႔တယ္လို႔ သိရပါတယ္။ေနာက္မွာေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အတူ ခရုိင္စီမံခန္႔ခြဲမႈေကာ္မတီမွ ခရိုင္ဥပေဒအရာရွိ ဦးရဲၿမင့္၊ ခရိုင္စီမံကိန္းဦးစီးမွဴး ဦးမင္းသိမ္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္ တို ့က ွ ေက်ာင္းအုပ္ဆရာႀကီးရုံးခန္းမွာ ဆရာမ ေဒၚဝင္းဝင္းသန္း အား ၂ နာရီေက်ာ္ႀကာ ေခၚယူေတြ႕ဆုံေမးျမန္းၿပီးေနာက္၊ သတိေပးစကားေျပာခဲ႔တယ္လို႔ သိရပါတယ္။

''ကြ်န္ေတာ္ တိုင္ႀကားစာရတာနဲ႔ တစ္ၿပိဳင္တည္း၊ စီ/ခန္႔ေကာ္မတီဝင္ေတြနဲ႔ တိုင္ႀကားစာ မွန္ကန္မႈရွိမရွိ ေမးျမန္းၿပီးလို႔ သတိေပးစကားေျပာခဲ႔ပါတယ္။ ေနာင္အလားတူကိစၥမ်ိဳးေတြ ၿဖစ္ေပၚမႈမရွိေအာင္ ၿမိဳ႕နယ္ပညာေရးမွဴးနဲ႔ ေက်ာင္းအုပ္ဆရာႀကီးေတြကို ေသေသခ်ာခ်ာစီစစ္ေပးဖို႔ မွာႀကားခဲ႔ပါတယ္''ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ ကေျပာပါတယ္။

''ခုကိစၥကို ကြ်န္မတို႔အေနနဲ႔ ေသခ်ာစြာ စီစစ္ၿပီး ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရုံးကို တင္ျပေပးပါမယ္။ ေနာင္ဒီလို ကိစၥမ်ိဳးမျဖစ္ရေအာင္ ေက်ာင္းအုပ္ဆရာႀကီးေတြကို ေခၚယူသတိေပးသြားမွာပါ''ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴး ေဒၚမာမာဦး က ဆိုပါတယ္။

အဆိုပါျဖစ္စဥ္မွာ မေအးစုမြန္ရဲ႕ မိဘမ်ားက သခ်ၤာဆရာမ က်ဳရွင္ မတက္လို႔ အၿငွိဳးထားဒဏ္ေပးၿခင္းျဖစ္တယ္လို႔ စြပ္စြဲထားေပမယ့္၊ ကာယကံရွင္ျဖစ္တဲ႔ ဆရာမ ေဒၚဝင္းဝင္းသန္း ကေတာ့ အၿငွိဳးထားတာ မဟုတ္ဘဲ၊ စာကူးခ်တဲ႔အတြက္နဲ႔ ေနာင္ကို မိမိကိုယ္တိုင္ စာက်က္မွတ္ေစခ်င္လို႔၊ထူးခြ်န္လိုတဲ႔ ရည္ရြယ္ခ်က္နဲ႔ ဒဏ္ေပးၿခင္းျဖစ္တယ္။အၿငွိဳးထားစရာမရွိပါဘူးလို႔ ၿငင္းဆိုထားပါတယ္။

''ေအးစုမြန္ အေပၚအၿငိဳးထားလုပ္တာမဟုတ္ပါဘူး။ သူကိုတတ္ေစခ်င္တာပါ။ ဒီကိစၥျဖစ္ၿပီး ေက်ာင္းထုတ္မယ္ေျပာလို႔၊ ကေလးရဲ႕အိမ္ကိုလိုက္သြားၿပီး မိဘေတြကို အႀကိမ္ႀကိမ္ရွင္းျပပါတယ္။ သူတို႔က တစ္မ်ိဳးထင္ၿပီး ေျဖရွင္းျပတာလက္မခံဘဲ တိုင္တာပါ။ ဒီကေလးကို ေက်ာင္းဆက္တက္ေစခ်င္ပါတယ္။ ေက်ာင္းဆက္တက္မယ္ဆိုရင္လည္း ကိုယ့္သမီးေလးလို ေစာင့္ေရွာက္သြားမွာပါ''လို႔ ဆရာမ ေဒၚဝင္းဝင္းသန္း ကေျပာပါတယ္။

''ဒီကိစၥက က်ဳရွင္မသင္လို႔ၿဖစ္တာဆိုေပမယ့္၊ ေသခ်ာေတာ့စစ္ေဆးသင့္ပါတယ္။ မွန္ကန္ရင္ေတာ့ အေရးယူေပါ့။ နားလည္မႈလြဲတာဆိုရင္လည္း ဆရာ/တပည့္ ဆက္ဆံေရးကို မပ်က္ေစခ်င္ပါဘူး။ ဆရာမေတြကိုလည္း နားလည္ပါတယ္။ သူတို႔မွာ ရတဲ႔လစာနဲ႔ အိမ္စရိတ္၊စားစရိတ္မေလာက္ဌဘူးေလ။ မေလာက္လို႔ က်ဳရွင္သင့္ေတာ့ အျပစ္ျဖစ္တာေပါ့။ ဥပေဒအရေတာ့ မွန္ကန္ပါတယ္။ ဆရာ/ဆရာမေတြအေနနဲ႔လည္း မေတာ္ေလာဘထားၿပီး တပည့္ေတြအေပၚ အနိုင္မက်င့္မိဖို႔လိုပါတယ္''ဟု ေက်ာင္းသားမိဘ တစ္ဦးက ေျပာပါတယ္။

''ဆရာ/ဆရာမေတြရဲ႕
အခက္အခဲေတာ့ရွိတာမွန္ပါတယ္။ဒါေပမယ့္ ဆရာမမ်ားအေနနဲ႔ က်ဴရွင္ျပဖို႔ ခြင္မျပဳထားတဲ့အတြက္ေၾကာင့္ဝန္ထမ္းအေနနဲ႔လိုက္နာရမွာပါ'' ဟု ခ႐ိုင္စီမံခန္႔ခြဲမႉေကာ္မတီဥကၠဌ ဦးတင္ဝင္းေရႊ ကေျပာပါတယ္။

သတင္း/ဓာတ္ပုံ-ေရႊႀတိဂံေဒသ သတင္းလႊာ
..........
အဋ္ဌမတန်းကျောင်းသူအား စာသင်ခန်းအတွင်း ခုံပေါ်တက် မတ်တပ်ရပ်စေကာ လက်မြောက်၍ ဒဏ်ပေးသဖြင့် ဖခင်ဖြစ်သူက ဝန်ကြီးချုပ်ထံ တိုင်ကြားစာနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက သွားရောက်သတိပေးစကားပြောကြား

တာချီလိတ်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊တာချီလိတ်မြို့နယ်၊မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ အဋ္ဌမတန်းကျောင်းသူ မအေးစုမွန် ကို သူမရဲ့ သချင်္ာဆရာမဖြစ်သူ ဒေါ်ဝင်းဝင်းသန်း က ခုံပေါ်တက်စေပြီး လက်မြောက်ခိုင်းကာ ၁နာရီကျော်ကြာ အပြစ်ပေးခဲ့တယ်လို့ သူမရဲ့ ဖခင်ဖြစ်သူ ဦးသန်းအောင် က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

''ကျွန်တော်ကတော့ ဒီဆရာမရဲ့ ကျုရှင်ကို မတက်လို့ လူပုံအလယ်မှာ အရှက်ရအောင်လုပ်တယ်လို့ ထင်ပါတယ်။ အခုဆို ကျွန်တော့် သမီးလေးက ဆရာမတွေကိုကြောက်နေပြီ။ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ရှက်နေတော့ ကျောင်းဆက်မတက်တော့ဘူးပြောတယ်။ ခုတော့ ကျောင်းပြောင်းလက်မှတ်ယူလိုက်ပါပြီ။
ရခိုင်ပြည်နယ်မှာပဲ ကျောင်းဆက်ထားတော့မယ်။ ခုလို တိုင်ကြားတာက နောက်တစ်ခါ အခြားကျောင်းသား/ကျောင်းသူတွေကို ဒီလိုမဖြစ်စေချင်လို့၊ပြုပြင်စေချင်လို့ တိုင်ကြားခြင်းဖြစ်ပါတယ်''လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

အဆိုပါတိုင်ကြားစာကို ယနေ့နံနက် ၁၀ နာရီခန့်မှာ ကလေးမိဘများက ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပေးအပ်သည့်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က မိဘများအား ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။နောက်မှာတော့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အတူ ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ခရိုင်ဥပဒေအရာရှိ ဦးရဲမြင့်၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို ့က ှ ကျောင်းအုပ်ဆရာကြီးရုံးခန်းမှာ ဆရာမ ဒေါ်ဝင်းဝင်းသန်း အား ၂ နာရီကျော်ကြာ ခေါ်ယူတွေ့ဆုံမေးမြန်းပြီးနောက်၊ သတိပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

''ကျွန်တော် တိုင်ကြားစာရတာနဲ့ တစ်ပြိုင်တည်း၊ စီ/ခန့်ကော်မတီဝင်တွေနဲ့ တိုင်ကြားစာ မှန်ကန်မှုရှိမရှိ မေးမြန်းပြီးလို့ သတိပေးစကားပြောခဲ့ပါတယ်။ နောင်အလားတူကိစ္စမျိုးတွေ ဖြစ်ပေါ်မှုမရှိအောင် မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာကြီးတွေကို သေသေချာချာစီစစ်ပေးဖို့ မှာကြားခဲ့ပါတယ်''ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ကပြောပါတယ်။

''ခုကိစ္စကို ကျွန်မတို့အနေနဲ့ သေချာစွာ စီစစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြပေးပါမယ်။ နောင်ဒီလို ကိစ္စမျိုးမဖြစ်ရအောင် ကျောင်းအုပ်ဆရာကြီးတွေကို ခေါ်ယူသတိပေးသွားမှာပါ''ဟု တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်မာမာဦး က ဆိုပါတယ်။

အဆိုပါဖြစ်စဉ်မှာ မအေးစုမွန်ရဲ့ မိဘများက သချင်္ာဆရာမ ကျုရှင် မတက်လို့ အငြှိုးထားဒဏ်ပေးခြင်းဖြစ်တယ်လို့ စွပ်စွဲထားပေမယ့်၊ ကာယကံရှင်ဖြစ်တဲ့ ဆရာမ ဒေါ်ဝင်းဝင်းသန်း ကတော့ အငြှိုးထားတာ မဟုတ်ဘဲ၊ စာကူးချတဲ့အတွက်နဲ့ နောင်ကို မိမိကိုယ်တိုင် စာကျက်မှတ်စေချင်လို့၊ထူးချွန်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒဏ်ပေးခြင်းဖြစ်တယ်။အငြှိုးထားစရာမရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။

''အေးစုမွန် အပေါ်အငြိုးထားလုပ်တာမဟုတ်ပါဘူး။ သူကိုတတ်စေချင်တာပါ။ ဒီကိစ္စဖြစ်ပြီး ကျောင်းထုတ်မယ်ပြောလို့၊ ကလေးရဲ့အိမ်ကိုလိုက်သွားပြီး မိဘတွေကို အကြိမ်ကြိမ်ရှင်းပြပါတယ်။ သူတို့က တစ်မျိုးထင်ပြီး ဖြေရှင်းပြတာလက်မခံဘဲ တိုင်တာပါ။ ဒီကလေးကို ကျောင်းဆက်တက်စေချင်ပါတယ်။ ကျောင်းဆက်တက်မယ်ဆိုရင်လည်း ကိုယ့်သမီးလေးလို စောင့်ရှောက်သွားမှာပါ''လို့ ဆရာမ ဒေါ်ဝင်းဝင်းသန်း ကပြောပါတယ်။

''ဒီကိစ္စက ကျုရှင်မသင်လို့ဖြစ်တာဆိုပေမယ့်၊ သေချာတော့စစ်ဆေးသင့်ပါတယ်။ မှန်ကန်ရင်တော့ အရေးယူပေါ့။ နားလည်မှုလွဲတာဆိုရင်လည်း ဆရာ/တပည့် ဆက်ဆံရေးကို မပျက်စေချင်ပါဘူး။ ဆရာမတွေကိုလည်း နားလည်ပါတယ်။ သူတို့မှာ ရတဲ့လစာနဲ့ အိမ်စရိတ်၊စားစရိတ်မလောက်ဌဘူးလေ။ မလောက်လို့ ကျုရှင်သင့်တော့ အပြစ်ဖြစ်တာပေါ့။ ဥပဒေအရတော့ မှန်ကန်ပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့လည်း မတော်လောဘထားပြီး တပည့်တွေအပေါ် အနိုင်မကျင့်မိဖို့လိုပါတယ်''ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

''ဆရာ/ဆရာမတွေရဲ့
အခက်အခဲတော့ရှိတာမှန်ပါတယ်။ဒါပေမယ့် ဆရာမများအနေနဲ့ ကျူရှင်ပြဖို့ ခွင်မပြုထားတဲ့အတွက်ကြောင့်ဝန်ထမ်းအနေနဲ့လိုက်နာရမှာပါ'' ဟု ခရိုင်စီမံခန့်ခွဲမှူကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ ကပြောပါတယ်။

သတင်း/ဓာတ်ပုံ-ရွှေတြိဂံဒေသ သတင်းလွှာ

No comments:

Post a Comment