Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 7, 2016

ပရီမီယာေကာ္ဖီကုမၸဏီက အလုပ္သမားကို လုပ္အားခေပးရန္ သေဘာတူညီ

တရားစြဲဆိုခံထားရတဲ့ ပရီမီယာေကာ္ဖီ ကုမၸဏီဟာ ဝန္ႀကီးဌာနက စတင္ညိႇႏိႈင္းျဖန္ေျဖစဥ္က ဥပေဒရဲ့ အဆံုးအျဖတ္ပဲ ခံရယူမယ္လို႔ အေၾကာင္းျပန္ထားတဲ့အတြက္ အလုပ္႐ုံႏွင့္ ဥပေဒမ်ားစစ္ေဆးေရး ဦးစီးဌာန (လိႈင္သာယာၿမိဳ႕နယ္)က တရားလိုျပဳၿပီး လိႈင္သာယာၿမိဳ႕နယ္တရား႐ုံးမွာ ဇြန္လ ၂၈ ရက္ေန႔က တရားစြဲဆိုထားတာျဖစ္ပါတယ္။

အလုပ္႐ုံႏွင့္ ဥပေဒမ်ားစစ္ေဆးေရးဦးစီးဌာနက လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးခ်စ္ေပါက “မေန႔က (ဇူလိုင္ ၆ရက္) က်ေနာ္ဆီဆက္သြယ္ၿပီး အလုပ္သမားေတြကိုေပးရမယ့္ လုပ္အားခေတြ ေပးဖို႔ သေဘာတူတယ္လို႔ ေျာတယ္။ သူတို့တြက္ေနတယ္ ။ ဒီေန႔ (ဇူလိုင္ ၇ ရက္) စာရင္းေတြေပးမယ္လို႔ ေျပာတယ္။ ဘယ္ေန႔ေပးမယ္ေတာ့ မသိရေသးဘူး။ ဥပေဒအရ တရားစြဲ ထားတာကေတာ့ ဒီအတိုင္းပဲ။ မရုပ္သိမ္းဘူး”လို႔ ေျပာပါတယ္။

ပရီမီယာေကာ္ဖီကုမၸဏီ အေနနဲ႔အလုပ္သမား ၃၀၀ နီးပါးကို ေပးရမယ့္လုပ္အားခ က်ပ္သိန္း ၅၂၅ သိန္းေက်ာ္တယ္လို႔ သိရပါတယ္။

ဒီကုမၸဏီကို အခ်ိန္ပို လုပ္အားခ အျပည့္အဝမေပးတဲ့အတြက္ ၁၉၅၁ အလုပ္႐ုံမ်ား အက္ဥေဒ ပုဒ္မ ၈၅ နဲ႔၊နားရက္မေပးတဲ့အတြက္ ၁၉၅၁ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္ အက္ဥပေဒ ၁၄(၁)ေတြနဲ႔ တရားစြဲဆိုထားတာပါ။

Source: DVB
............
 ပရီမီယာကော်ဖီကုမ္ပဏီက အလုပ်သမားကို လုပ်အားခပေးရန် သဘောတူညီ

တရားစွဲဆိုခံထားရတဲ့ ပရီမီယာကော်ဖီ ကုမ္ပဏီဟာ ဝန်ကြီးဌာနက စတင်ညှိနှိုင်းဖြန်ဖြေစဉ်က ဥပဒေရဲ့ အဆုံးအဖြတ်ပဲ ခံရယူမယ်လို့ အကြောင်းပြန်ထားတဲ့အတွက် အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေး ဦးစီးဌာန (လှိုင်သာယာမြို့နယ်)က တရားလိုပြုပြီး လှိုင်သာယာမြို့နယ်တရားရုံးမှာ ဇွန်လ ၂၈ ရက်နေ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါက “မနေ့က (ဇူလိုင် ၆ရက်) ကျနော်ဆီဆက်သွယ်ပြီး အလုပ်သမားတွေကိုပေးရမယ့် လုပ်အားခတွေ ပေးဖို့ သဘောတူတယ်လို့ ေြာတယ်။ သူတို့တွက်နေတယ် ။ ဒီနေ့ (ဇူလိုင် ရ ရက်) စာရင်းတွေပေးမယ်လို့ ပြောတယ်။ ဘယ်နေ့ပေးမယ်တော့ မသိရသေးဘူး။ ဥပဒေအရ တရားစွဲ ထားတာကတော့ ဒီအတိုင်းပဲ။ မရုပ်သိမ်းဘူး”လို့ ပြောပါတယ်။

ပရီမီယာကော်ဖီကုမ္ပဏီ အနေနဲ့အလုပ်သမား ၃၀၀ နီးပါးကို ပေးရမယ့်လုပ်အားခ ကျပ်သိန်း ၅၂၅ သိန်းကျော်တယ်လို့ သိရပါတယ်။

ဒီကုမ္ပဏီကို အချိန်ပို လုပ်အားခ အပြည့်အဝမပေးတဲ့အတွက် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေ ပုဒ်မ ၈၅ နဲ့၊နားရက်မပေးတဲ့အတွက် ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)တွေနဲ့ တရားစွဲဆိုထားတာပါ။

Source: DVB

No comments:

Post a Comment