Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 7, 2016

သေပြီးရင်ဘာဆက်ဖြစ်လဲဆိုတာ ပြန်ပြောပြနိုင်ခဲ့တဲ့သေရွာပြန်(၆)ယောက်

သေပြီးရင်ဘာဆက်ဖြစ်လဲဆိုတာ ပြန်ပြောပြနိုင်ခဲ့တဲ့သေရွာပြန်(၆)ယောက်

By netsetaw - July 7, 2016

လူ့သမိုင်းမှာ သေခြင်းဟာ အရေးပါပါတယ်။ သေခြင်းနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ သီအိုရီတွေ ထွက်ခဲ့ထွက်ခဲ့ အတိအကျ ဖွင့်ဆိုနိုင်ခြင်းမရှိတဲ့ အဓိပ္ပါယ်တွေကြားမှာ လူတွေဟာ သို့လောသို့လောနဲ့ ရှုပ်ထွေးနေကြဆဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဆေးဘက်စမ်းသပ်မှုအရ သေဆုံးခဲ့ပြီလို့ သတ်မှတ်ထားခြင်းခံရတဲ့လူ(၆)ယောက်က သူတို့ကံကောင်းထောက်မလို့ သေရွာကနေ ပြန်လာခွင့်ရတဲ့အခါ သေပြီးနောက်ဘာဖြစ်သလဲဆိုတာကို သူတို့က တင်ပြထားပါတယ်။

(၁) စာအုပ်တစ်အုပ် ဖတ်နေရတဲ့အတိုင်း (ခွဲစိပ်မှုမအောင်မြင်ဘဲ သေဆုံးခဲ့တဲ့ သေရွာပြန်တစ်ဦး)

သေရတာက စာအုပ်တစ်အုပ် ဖတ်နေရသလိုပါဘဲ။ ဒါပေမယ့် ကျွန်တော် အဲဒီကမ္ဘာမှာ နိုးလာတော့ ဘာကြယ်တွေ၊ နတ္ခတ်တွေမှာ မရှိပါဘူး၊ ခန္ဓာကိုယ်ကြီးက လေထဲမှာ မျောပါမနေပါဘူး၊ အဲဒီဘက်မှာ ပူခြင်းအေးခြင်း၊ ဆာလောင်ခြင်း မောပန်းခြင်းတို့ မရှိပါဘူး၊ သိပ်ကို ငြိမ်းချမ်းတဲ့သဘောသဘာဝကို ခံစားရပါတယ် … ဒါပေမယ့် အလင်းရောင်မရှိ ပကတိကြီးမို့ အလင်းရှိမလား ရှာမိတယ် .. နောက်ပြီး ပြီးခဲ့တဲ့ဘ၀ရဲ့ ဖြစ်စဉ်တွေကိုလည်း မှတ်မိနေပါတယ် … ကျွန်တော်ပြန်လည် နိုးထလာတော့ ကျွန်တော့်အတွေးအခေါ်တစ်ချို့ ပြောင်းသွားပါတယ် .. ဒါပေမယ့် တကယ်တမ်းဝန်ခံရရင် ထပ်သေမှာကိုတော့ ကြောက်ပါတယ်။

(၂) တစ်စုံတစ်ယောက်ဆီကို သွားလည်ရသလိုပါဘဲ
 (ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးပြီး ပြန်လည်ရှင်သန်လာသူတစ်ဦး)

အမှန်တော့ သေခြင်းဟာ ကိုယ်မသိတဲ့တစ်နေရာကို သွားလည်ရတဲ့ခရီးစဉ်တစ်ခုနဲ့ တူပါတယ်၊ ကျွန်တော်သတိရနေတာကတော့ လူသွားစင်္ကြန့်ဘေးမှာ ရှိနေတဲ့ အရာတွေဟာ မဲမှောင်တိတ်ဆိတ်နေတယ်ဆိုတာပါဘဲ၊ ကျွန်တော် အိပ်မောကျသွားသလို ခံစားလိုက်ရပြီး နားထဲမှာ ” ဟေ့လူ ထ .. ထ …”ဆိုတဲ့အသံကို ကြားရပါတယ် … တစ်ယောက်ယောက်က ကျွန်တော့်ဆိုင်ကယ်ဦးထုပ်ကို ဖိထားလို့ ကျွန်တော့်ခေါင်းတွေ ကျိန်းစပ်နာကျင်နေတာတော့ အမှန်ပါ .. ကျွန်တော် မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ပြီးခဲတဲ့ (၇)နှစ်က သေသွားတဲ့ ကျွန်တော့်အစ်ကိုကိုလည်း ကျွန်တော့်နဲ့မနီးမဝေးမှာ ဆောင့်ကြောင်ထိုင်နေတာကို တွေ့ရပါတယ် … သူတို့တစ်တွေဟာ ဒီကို ရောက်လာတာ မကြာသေးဘူးလို့လည်း ကျွန်တော် ကြားလိုက်ရပါတယ် … ဒီထက် ပိုပြီးတော့ မမှတ်မိတော့ပါဘူး။

(၃) ဥယျာဉ်တစ်ခုပါဘဲ (ဓာတ်မတည့်မှုကြောင့် သေဆုံးပြီးပြန်လည်ရှင်သန်လာရသူတစ်ဦး)

သေရတာက ဥယျာဉ်တစ်ခုထဲကို သွားနေရတာနဲ့ တူပါတယ် … ပန်းတွေနဲ့ ပြည့်နှက်နေတယ် … မြက်ရိုင်းတွေလည်း ပေါက်နေတယ် … ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က ပန်းခြံအလယ်က ကစားကွင်းဆီကို ပြေးသွားနေတယ်၊ ကျွန်တော် လက်ရှိဘ၀ကို ပြန်ရောက်လာတော့ ဆရာဝန်တွေက ခင်ဗျားရဲ့နှလုံးဟာ 6 မိနစ်လောက် အလုပ်မလုပ်တော့ဘဲ ရပ်သွားတယ်လို့ ပြောပါတယ်။

(၄) နာရီနှိုးစက်သံလိုလို အမှောင်ထဲမှာ ကြားနေရတယ်
 (ထူးဆန်းသောနှာခေါင်းသွေးလျှံရောဂါဖြင့် ကွယ်လွန်ရာမှာ ပြန်လည်ရှင်သန်ခဲ့သော
 ဆယ်ကျော်သက်တစ်ဦး)

အမှောင်ထဲကနေ နှိုးစက်အသံလိုလို ကြားနေရလို့ ကျွန်တော့်အတွက်တော့ အိပ်ရတာ သိပ်မလက်ဆက်ပါဘူး … တစ်ကြိမ် .. နှစ်ကြိမ် .. ကြားပြီးတော့  … ကျွန်တော် တစ်ခုခုလုပ်ဖို့ အိပ်ယာကနေ ထရတော့မယ်ဆိုတာ သိလိုက်ပါတယ် … နောက် ကျွန်တော် လက်ရှိဘ၀မှာ ပြန်နိုးလာတော့တယ်။

(၅) ဇီးကွက်အော်သံလိုလို ကြားရတယ် (နှလုံးရောဂါဖြင့်သေဆုံးပြီး ပြန်လည်ရှင်သန်လာသူတစ်ဦး)

ကျွန်တော် သေတယ်ပဲ ဆိုပါတော့ … ဇီးကွက်သံလိုလို စူးစူးဝါးဝါး အသံတွေ ကြားရတယ် … အဲဒီမှာ ဘာအလင်းရောင်မှ မရှိဘူး … အိပ်ယာဝင်ပြီး ပြန်လည်နိုးထလာရတာမျိုးနဲ့ ပိုတူပါတယ်။

(၆) ဘာမှ မရှိဘူး … ဘာမှ မမြင်ရဘူး
(ဆိုင်ကယ်မတော်တဆမှုဖြင့် သေဆုံးပြီးပြန်လည်ရှင်သန်လာသူတစ်ဦး)

ကျွန်တော်အတွက်ကတော့ သေရွာမှာ ဘာမှမတွေ့ခဲ့ရဘူး … ဘာမှမရှိဘူး … အိပ်မက်တွေ … အမြင်အာရုံတွေ … ဘာမှ မရှိဘူး … ပြန်လည်ရှင်သန်လာရတာကို ပိုပြီးတော့ နှစ်ခြိုက်ပါတယ်။

source : mirror.co.uk

No comments:

Post a Comment