Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 11, 2016

မေလးရွားမွာ ျမန္မာနိုင္ငံသား(၃)ဦး အသတ္ခံရသည့္ကိစၥ ျမန္မာသံရုံးထုတ္ျပန္ခ်က္



မေလးရွားနိုင္ငံ၊ ပီနန္း ဘာတာဝပ္၊ နာကာဆာရီအရပ္တြင္ ျမန္မာနိုင္ငံသား(၃)ဦး အသတ္ခံရသည့္ကိစၥအား အသိေပးေဖာ္ျပျခင္း

၁။ မေလးရွားနိုင္ငံ၊ ပီနန္း ဘာတာဝပ္၊ နာကာဆာရီအရပ္တြင္ ျမန္မာနိုင္ငံသား (၃) ဦး အသတ္ခံရသည့္ကိစၥႏွင့္ပတ္သက္၍ ျမန္မာသံ႐ုံး၊ ကြာလာလမ္ပူၿမိဳ႕မွ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ ဆက္ သြယ္စုံစမ္းခဲ့ရာ ရဲစခန္းအစီရင္ခံစာအရ ေအာက္ပါအတိုင္း သိရွိရပါသည္-

(က) နံနက္ ၀၆၃၈ နာရီအခ်ိန္တြင္ အေရးေပၚတယ္လီဖုန္းလိုင္း ၉၉၉ မွတစ္ဆင့္ နာကာဆာရီရပ္ကြက္၊ အိမ္အမွတ္ (၇) ၌ အခင္းျဖစ္ပြားေၾကာင္း သတင္းေပးတိုင္ၾကားခ်က္ ရရွိခဲ့ပါေၾကာင္း၊

(ခ) အခင္းျဖစ္ပြားရာေနရာသို႔ သက္ဆိုင္ရာနယ္ေျမရဲစခန္း၏ အမွုစစ္အရာရွိ ASP Rusnah binit Saidin ဦးေဆာင္သည့္အဖြဲ႕မွ ၀၇၀၁ နာရီအခ်ိန္တြင္ ေရာက္ရွိခဲ့ၿပီး စုံစမ္းစစ္ေဆးမွုမ်ားကို ျပဳလုပ္ခဲ့ပါေၾကာင္း၊

(ဂ) စုံစမ္းေတြ႕ရွိခ်က္မ်ားအရ Chin Well Fasteners Co. Sdn Bhd စက္႐ုံတြင္ အလုပ္ လုပ္ကိုင္လ်က္ရွိေသာ ျမန္မာနိုင္ငံသား အလုပ္သမား (၁၇) ဦး ေနထိုင္သည့္ ေနအိမ္ၿခံဝန္းအတြင္း (၂) ဦးႏွင့္ ေနအိမ္ေရွ႕ ၿခံဝန္းအျပင္ဘက္တြင္ (၁) ဦးတို႔သည္ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ရွိၿပီး၊ ၿခံဝန္းအတြင္း (၁) ဦးမွာလည္း အျပင္းအထန္ ဒဏ္ရာရရွိလ်က္ရွိသည္ကို ေတြ႕ရွိရပါေၾကာင္း၊

(ဃ) နယ္ေျမရဲတပ္ဖြဲ႕ဝင္မ်ား၏ ဆက္လက္စုံစမ္းစစ္ေဆးခ်က္မ်ားအရ ေသဆုံးသူ (၃)ဦးႏွင့္ ဒဏ္ရာရရွိသူ(၁)ဦးတို႔ႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါေၾကာင္း-

- နိုင္ဝင္း (ၿခံဝန္းအတြင္းေသဆုံး)
အသက္ (၂၈) ႏွစ္၊ နိုင္ငံကူးလက္မွတ္အမွတ္ M 694876၊ Chin Well Fasteners Co. Sdn Bhd စက္႐ုံအလုပ္သမား

- ေက်ာ္မိုး (ၿခံဝန္းအတြင္းေသဆုံး)
အသက္ (၃၃) ႏွစ္၊ နိုင္ငံကူးလက္မွတ္အမွတ္ MA 804443၊ Chin Well Fasteners Co. Sdn Bhd စက္႐ုံအလုပ္သမား

- ဝမ္းဝင္း (ေနအိမ္အျပင္ဘက္တြင္ေသဆုံး)
အသက္ (၂၄) ႏွစ္၊ UNHCR No 512-07C01147

- ျမထြန္း (အျပင္းအထန္ဒဏ္ရာရ)
အသက္ (၃၃) ႏွစ္၊ အေထာက္အထားမရွိ၊ Chin Well Fasteners Co. Sdn Bhd စက္႐ုံအလုပ္သမား

(င) အခင္းျဖစ္ပြားရျခင္းမွာ ယေန႔ ၀၆၃၀ နာရီအခ်ိန္တြင္ ခိုက္ရန္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အခင္းျဖစ္ပြားမွုႏွင့္ပတ္သက္၍ ဟိန္းထက္ေအာင္၊ အသက္(၂၃)ႏွစ္၊ နိုင္ငံကူးလက္မွတ္ M539503 ႏွင့္ အျခား (၁၃) ဦး၊ ေပါင္း (၁၄) ဦးတို႔အား ဖမ္းဆီးထိန္းသိမ္း၍ စုံစမ္းစစ္ေဆးလ်က္ရွိပါေၾကာင္း ကနဦး စုံစမ္းသိရွိရခ်က္မ်ားကို ျပည္သူလူထု သိရွိနိုင္ပါရန္ ေဖာ္ျပအပ္ပါသည္။

၂။ ျမန္မာသံ႐ုံးအေနျဖင့္ အမွုျဖစ္စဥ္ႏွင့္ပတ္သက္၍ နယ္ေျမခံရဲအဖြဲ႕၊ ေဒသခံလူမွုေရးအသင္း အဖြဲ႕မ်ားႏွင့္ ဆက္သြယ္ၿပီး ဥပေဒႏွင့္အညီ ျဖစ္ေစေရး လိုအပ္သည္မ်ား ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

ေလးစားမွုျဖင့္
ျမန္မာသံ႐ုံး၊ ကြာလာလမ္ပူၿမိဳ႕
Myanmar Embassy in Kuala Lumpur, Malaysia
.....



မလေးရှားနိုင်ငံ၊ ပီနန်း ဘာတာဝပ်၊ နာကာဆာရီအရပ်တွင် မြန်မာနိုင်ငံသား(၃)ဦး အသတ်ခံရသည့်ကိစ္စအား အသိပေးဖော်ပြခြင်း

၁။ မလေးရှားနိုင်ငံ၊ ပီနန်း ဘာတာဝပ်၊ နာကာဆာရီအရပ်တွင် မြန်မာနိုင်ငံသား (၃) ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆက် သွယ်စုံစမ်းခဲ့ရာ ရဲစခန်းအစီရင်ခံစာအရ အောက်ပါအတိုင်း သိရှိရပါသည်-

(က) နံနက် ၀၆၃၈ နာရီအချိန်တွင် အရေးပေါ်တယ်လီဖုန်းလိုင်း ၉၉၉ မှတစ်ဆင့် နာကာဆာရီရပ်ကွက်၊ အိမ်အမှတ် (၇) ၌ အခင်းဖြစ်ပွားကြောင်း သတင်းပေးတိုင်ကြားချက် ရရှိခဲ့ပါကြောင်း၊

(ခ) အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာနယ်မြေရဲစခန်း၏ အမှုစစ်အရာရှိ ASP Rusnah binit Saidin ဦးဆောင်သည့်အဖွဲ့မှ ၀၇၀၁ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊

(ဂ) စုံစမ်းတွေ့ရှိချက်များအရ Chin Well Fasteners Co. Sdn Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမား (၁၇) ဦး နေထိုင်သည့် နေအိမ်ခြံဝန်းအတွင်း (၂) ဦးနှင့် နေအိမ်ရှေ့ ခြံဝန်းအပြင်ဘက်တွင် (၁) ဦးတို့သည် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိပြီး၊ ခြံဝန်းအတွင်း (၁) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

(ဃ) နယ်မြေရဲတပ်ဖွဲ့ဝင်များ၏ ဆက်လက်စုံစမ်းစစ်ဆေးချက်များအရ သေဆုံးသူ (၃)ဦးနှင့် ဒဏ်ရာရရှိသူ(၁)ဦးတို့နှင့် ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း-

- နိုင်ဝင်း (ခြံဝန်းအတွင်းသေဆုံး)
အသက် (၂၈) နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် M 694876၊ Chin Well Fasteners Co. Sdn Bhd စက်ရုံအလုပ်သမား

- ကျော်မိုး (ခြံဝန်းအတွင်းသေဆုံး)
အသက် (၃၃) နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် MA 804443၊ Chin Well Fasteners Co. Sdn Bhd စက်ရုံအလုပ်သမား

- ဝမ်းဝင်း (နေအိမ်အပြင်ဘက်တွင်သေဆုံး)
အသက် (၂၄) နှစ်၊ UNHCR No 512-07C01147

- မြထွန်း (အပြင်းအထန်ဒဏ်ရာရ)
အသက် (၃၃) နှစ်၊ အထောက်အထားမရှိ၊ Chin Well Fasteners Co. Sdn Bhd စက်ရုံအလုပ်သမား

(င) အခင်းဖြစ်ပွားရခြင်းမှာ ယနေ့ ၀၆၃၀ နာရီအချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ဟိန်းထက်အောင်၊ အသက်(၂၃)နှစ်၊ နိုင်ငံကူးလက်မှတ် M539503 နှင့် အခြား (၁၃) ဦး၊ ပေါင်း (၁၄) ဦးတို့အား ဖမ်းဆီးထိန်းသိမ်း၍ စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်း ကနဦး စုံစမ်းသိရှိရချက်များကို ပြည်သူလူထု သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

၂။ မြန်မာသံရုံးအနေဖြင့် အမှုဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံရဲအဖွဲ့၊ ဒေသခံလူမှုရေးအသင်း အဖွဲ့များနှင့် ဆက်သွယ်ပြီး ဥပဒေနှင့်အညီ ဖြစ်စေရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

လေးစားမှုဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့

Myanmar Embassy in Kuala Lumpur, Malaysia

No comments:

Post a Comment