Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, July 11, 2016

မေလးကုမၸဏီကို ဆီအုန္္းစိုက္ပ်ိဳးတာရပ္ဆိုင္းထားဖို႕ ညႊန္ၾကား


ၿမိတ္ခရိုင္ တနသၤာရီၿမိဳ႕နယ္က ကရင္တိုင္းရင္းသားအမ်ားစုေနထိုင္တဲ့ ကဝတ္-ေကာ့မျပင္း ေက်းရြာေတြ တ၀ိုက္က ေျမဧက ၄ ေသာင္းေက်ာ္မွာ မေလးရွားႏိုင္ငံ MSPP (Myanmar Stark Prestige Plantation) ကုမၸဏီက ဆီအုန္းစိုက္ပ်ိဳးေနတာကို ရပ္ဆုိင္းထားဖို႔ တနသာၤရီၿမိဳ႕နယ္ အေထြအေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဒီကေန႔ ညႊန္ၾကားလိုက္ပါတယ္။

MSPP ကုမၸဏီဟာ ျမန္မာႏုိင္ငံရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မရွင္ MIC ရဲ့ ခြင့္ျပဳခ်က္သာရရွိထားၿပီး ေျမယာ ပိုင္ဆိုင္မွဳနဲ႔ပတ္သက္ၿပီး ခြင့္ျပဳခ်က္မရထားတဲ့အတြက္ စိုက္ပ်ိဳးတာေတြရပ္ဆိုင္းထားဖို႔ ညႊန္ၾကားခဲ့တာလို႔ ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တဲ့ တနသာၤရီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဟိန္း က ေျပာပါတယ္။

တနသာၤရီၿမိဳ႕နယ္ အေထြအေထြအုပ္ခ်ဳပ္ေရးမွဴး၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ ကုမၸဏီတာ၀န္ရွိသူေတြဟာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးမွာ ဒီေန႔ ေတြ႔ဆံုေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

MSPP ကုမၸဏီဟာ လြန္ခဲ့တဲ့ ၂၀၁၁ ခုနွစ္ကတည္းက ဆီအုန္းပင္ေတြ စတင္စိုက္ပ်ိဳးခဲ့တာ ျဖစ္ျပီး လက္ရွိ ေျမဧက ၇၀၀၀ ေက်ာ္မွာ ဆီအုန္းပင္ေတြစိုက္ပ်ိဳးထားတယ္လို႔ ဦးေအာင္ေက်ာ္ဟိန္း က ေျပာပါတယ္။ MSPP ကုမၸဏီ ဆီအုန္းစိုက္ပ်ဳိးတဲ့ေျမေတြမွာ ေဒသခံေတြရဲ့ ဥယ်ာဥ္ျခံေျမေတြ ပါ၀င္ေနတဲ့အတြက္ ေတာင္သူေတြ စား၀တ္ေနေရး ခက္ခဲေနတဲ့အေၾကာင္း တင္ျပၾကတယ္လို႔လည္း ဦးေအာင္ေက်ာ္ဟိန္းက ေျပာပါတယ္။

အဲ့ဒီေဒသဟာ ကရင္အမ်ိဳးသားအစည္းအရံုး KNU ထိန္းခ်ဳပ္ခဲ့တဲ့ ေနရာေတြျဖစ္ၿပီး ေဒသခံေတြနဲ႔ ေျမယာပိုင္ဆိုင္မွဳ အျငင္းပြားေနတာ ျဖစ္ပါတယ္။

Photo: Kyaw Lwin Oo/ RFA ( ၿမိတ္ခရိုင္ တနသၤာရီၿမိဳ႕နယ္က ဆီအုန္းစိုက္ခင္းတစ္ခုကို ေတြ႔ရစဥ္ )

RFA Burmese
https://www.facebook.com/rfaburmese
......

မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ကရင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ကဝတ်-ကော့မပြင်း ကျေးရွာတွေ တဝိုက်က မြေဧက ၄ သောင်းကျော်မှာ မလေးရှားနိုင်ငံ MSPP (Myanmar Stark Prestige Plantation) ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးနေတာကို ရပ်ဆိုင်းထားဖို့ တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

MSPP ကုမ္ပဏီဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC ရဲ့ ခွင့်ပြုချက်သာရရှိထားပြီး မြေယာ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခွင့်ပြုချက်မရထားတဲ့အတွက် စိုက်ပျိုးတာတွေရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့တာလို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တနသာင်္ရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။

တနသာင်္ရီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

MSPP ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဆီအုန်းပင်တွေ စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပြီး လက်ရှိ မြေဧက ရ၀၀၀ ကျော်မှာ ဆီအုန်းပင်တွေစိုက်ပျိုးထားတယ်လို့ ဦးအောင်ကျော်ဟိန်း က ပြောပါတယ်။ MSPP ကုမ္ပဏီ ဆီအုန်းစိုက်ပျိုးတဲ့မြေတွေမှာ ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ ပါ၀င်နေတဲ့အတွက် တောင်သူတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အကြောင်း တင်ပြကြတယ်လို့လည်း ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

အဲ့ဒီဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ခဲ့တဲ့ နေရာတွေဖြစ်ပြီး ဒေသခံတွေနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

Photo: Kyaw Lwin Oo/ RFA ( မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ဆီအုန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ် )

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment