Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

Premier ေကာ္ဖီစက္ရံုကို အစိုးရက တရားစဲြမည္


အလုပ္သမားေတြအတြက္ အခ်ိန္ပိုေၾကးက်ပ္သိန္း ၅၀၀ ေလာက္ေပးဖို႔ က်န္ေနတဲ့ Premier ေကာ္ဖီမစ္စက္ရံုကို အစိုးရက မနက္ျဖန္ တရားစြဲဆုိမယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့နွစ္ စက္တင္ဘာလကတည္းက ဒီေန႔အထိ ေပးဖို႕က်န္ေနတဲ့အတြက္ တရားစြဲမွာျဖစ္တယ္လို႔ လွိဳင္သာယာျမိဳ႕နယ္ အလုပ္သမား ဥပေဒစစ္ေဆးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးခ်စ္ေပါ က ေျပာပါတယ္။
ပရီးမီးယား စက္ရံုကို ဆက္သြယ္ေမးျမန္းရာမွာ ေျဖဆိုမည့္ လူႀကီးမရိွေၾကာင္း ေျဖၾကားပါတယ္။

ပရီးမီးယားစက္ရံုဟာ ရန္ကုန္တုိင္းေဒသႀကီး လႈိင္သာယာစက္မႈဇုန္ ၃မွာရွိတာျဖစ္ၿပီး အလုပ္သမား အေရအတြက္က တစ္ေထာင္ေက်ာ္ေလာက္ ရိွတာျဖစ္ပါတယ္။

Premier ေကာ္ဖီမစ္စက္ရံုမွာ ေန႔စားအလုပ္သမားေတြကို အခ်ိန္ပိုေၾကး အျပည့္မေပးတဲ့အျပင္ ဥပေဒ အရ သတ္မွတ္ေပးထားတဲ့ နားရက္ေတြအတြက္ လုပ္အားချဖတ္ေတာက္မႈေတြ ရွိေနတယ္လို႔လည္း ဦးခ်စ္ေပါ က ေျပာပါတယ္။

အခ်ိန္ပိုေၾကး အျပည့္မရတဲ႔ ေန႔စားအလုပ္သမား ၃၀၀ ေလာက္ရိွၿပီး အဲဒီအထဲမွာ အမ်ားဆံုး လုပ္သက္ ၂ ႏွစ္ကေန အနည္းဆံုး လုပ္သက္တစ္လ ရွိသူေတြ ပါ၀င္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
........

အလုပ်သမားတွေအတွက် အချိန်ပိုကြေးကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဒီနေ့အထိ ပေးဖို့ကျန်နေတဲ့အတွက် တရားစွဲမှာဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါ က ပြောပါတယ်။
ပရီးမီးယား စက်ရုံကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုမည့် လူကြီးမရှိကြောင်း ဖြေကြားပါတယ်။

ပရီးမီးယားစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃မှာရှိတာဖြစ်ပြီး အလုပ်သမား အရေအတွက်က တစ်ထောင်ကျော်လောက် ရှိတာဖြစ်ပါတယ်။

Premier ကော်ဖီမစ်စက်ရုံမှာ နေ့စားအလုပ်သမားတွေကို အချိန်ပိုကြေး အပြည့်မပေးတဲ့အပြင် ဥပဒေ အရ သတ်မှတ်ပေးထားတဲ့ နားရက်တွေအတွက် လုပ်အားခဖြတ်တောက်မှုတွေ ရှိနေတယ်လို့လည်း ဦးချစ်ပေါ က ပြောပါတယ်။

အချိန်ပိုကြေး အပြည့်မရတဲ့ နေ့စားအလုပ်သမား ၃၀၀ လောက်ရှိပြီး အဲဒီအထဲမှာ အများဆုံး လုပ်သက် ၂ နှစ်ကနေ အနည်းဆုံး လုပ်သက်တစ်လ ရှိသူတွေ ပါ၀င်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment