Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 9, 2016

ဓားသမားမ်ားကိုယ္ဝန္ေန႔ေစ့လေစ့အိမ္ရွင္ကိုႏွင္ခ်ၿပီး က်ဴးေက်ာ္တဲ လုယူ


ရန္ကုန္၊ ဇြန္ ၄

လႈိင္သာယာၿမိဳ႕နယ္ ေညာင္ေက်း႐ြာတြင္ ဇြန္လ ၃ ရက္ မြန္းလြဲ ၁ နာရီခြဲက ဓားမ်ား ကိုင္ေဆာင္ထားသည့္ အဖြဲ႕က က်ဴးေက်ာ္ေနတဲတစ္လုံးကို ၿခိမ္းေျခာက္လုယူခဲ့ၿပီး အိမ္ရွင္ျဖစ္သူ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ကို ေန အိမ္ေပၚမွ န္းခ်ခဲ့ေသာေၾကာင့္ဝမ္းဗိုက္အတြင္းရွိကေလးငယ္ မွာ ေသ ဆုံးခဲ့ေၾကာင္းယင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံမွသိရွိရသည္။

အဆိုပါ ဓားကိုင္ေဆာင္ၿပီး ေနအိမ္လုယူခဲ့သူမ်ားမွာ ဘိတ္သား(စုံစမ္းဆဲ)ႏွင့္ အေပါင္းအပါ ငါးဦးျဖစ္ၿပီး ယင္းေန႔က ေညာင္ေက်း႐ြာ၊ ေအာင္ ခ်မ္းသာယာ လမ္းေဘးရွိ က်ဴးေက်ာ္ေနအိမ္မွ အိမ္ရွင္ျဖစ္သူ အသက္ ၃၅ ႏွစ္အ႐ြယ္ ကိုယ္ ဝန္ သည္အမ်ိဳးသမီးကို ညစ္ညမ္းစြာ ဆဲဆိုခဲ့ေၾကာင္း၊ ယင္းေနာက္ ၎တို႔အဖြဲ႕ က အိမ္ရွင္အမ်ိဳးသမီးကို ေနအိမ္ေပၚမွ ဆင္းခိုင္းခဲ့ေၾကာင္း အမႈဖြင့္ တိုင္ၾကား ခ်က္ မ်ားအရ လႈိင္သာယာၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာၾကားသည္။

“ဘိတ္သားတို႔ အဖြဲ႕က က်ဴးေက်ာ္ေနအိမ္ကို သူတို႔ သိမ္းယူလိုက္ၿပီဆိုၿပီး အိမ္ရွင္အမ်ိဳးသမီးကို ဆဲဆိုၿပီး အိမ္ေပၚက ႏွင္ခ်ခဲ့တယ္၊ အမ်ိဳးသမီးက ကိုယ္ဝန္ေန႔ေစ့လေစ့ ျဖစ္ေနတာေၾကာင့္ ေမြးဖြားၿပီးမွ အိမ္ေပၚက ဆင္းပါ ရေစ ေတာင္းပန္တာကို အတင္းတြန္းခ်ခဲ့တာေၾကာင့္ ကိုယ္ဝန္သည္က ဗိုက္ေအာင့္ၿပီး လမ္းေဘး လဲက်ေနခဲ့တယ္၊ ေဘးပတ္ဝန္းက်င္က အမ်ိဳးသမီး ကို ေရဥကၠံ႐ြာက သားဖြားဆရာမဆီ ပို႔ခဲ့ၿပီး ကေလးေမြးဖြား ေပးခဲ့ေပမယ့္ ကေလးမွာ အသက္မပါလာေတာ့ဘူး ” ဟု ေညာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

အဆိုပါအိမ္လုယက္သူမ်ားမွာ လူအမ်ားဝိုင္းအုံလာသျဖင့္ ထြက္ေျပသြား ၾကေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ဆိုသည္။

ယင္းအုပ္စုဖြဲ႕ ဓားကိုင္ေဆာင္ၿပီး ေနအိမ္လုယက္ကာ ကိုယ္ဝန္ေဆာင္သည္ အမ်ိဳးသမီးကို အိမ္ေပၚမွ တြန္းခ် ခဲ့သည္ဟု တိုင္ၾကားခံရသည့္ ဘိတ္ သား(စုံစမ္းဆဲ) အပါအဝင္ ငါးဦးကို ဖမ္းဆီးအေရးယူရန္ ျပစ္မႈပုဒ္မ ၄၅၂/ ၃၁၆ / ၂၉၄/ ၁၁၄ ျဖင့္ အမႈဖြင့္ စုံစမ္းေဆာင္႐ြက္ေနေၾကာင္းလႈိင္သာယာၿမိဳ႕မရဲ စခန္းထံမွ သိရွိရသည္။

(လမ္းေဘး၌ စြန္႔ပစ္ထားေသာ ကေလးငယ္ပုံအား
နမူနာအျဖစ္ ေဖာ္ျပျခင္းျဖစ္သည္။)
လိႈင္သာယာ သတင္း
ဓားသမားများကိုယ်ဝန်နေ့စေ့လစေ့အိမ်ရှင်ကိုနှင်ချပြီး ကျူးကျော်တဲ လုယူ
ရန်ကုန်၊ ဇွန် ၄

လှိုင်သာယာမြို့နယ် ညောင်ကျေးရွာတွင် ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ဓားများ ကိုင်ဆောင်ထားသည့် အဖွဲ့က ကျူးကျော်နေတဲတစ်လုံးကို ခြိမ်းခြောက်လုယူခဲ့ပြီး အိမ်ရှင်ဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ကို နေ အိမ်ပေါ်မှ န်းချခဲ့သောကြောင့်ဝမ်းဗိုက်အတွင်းရှိကလေးငယ် မှာ သေ ဆုံးခဲ့ကြောင်းယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

အဆိုပါ ဓားကိုင်ဆောင်ပြီး နေအိမ်လုယူခဲ့သူများမှာ ဘိတ်သား(စုံစမ်းဆဲ)နှင့် အပေါင်းအပါ ငါးဦးဖြစ်ပြီး ယင်းနေ့က ညောင်ကျေးရွာ၊ အောင် ချမ်းသာယာ လမ်းဘေးရှိ ကျူးကျော်နေအိမ်မှ အိမ်ရှင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုယ် ဝန် သည်အမျိုးသမီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့အဖွဲ့ က အိမ်ရှင်အမျိုးသမီးကို နေအိမ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း အမှုဖွင့် တိုင်ကြား ချက် များအရ လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဘိတ်သားတို့ အဖွဲ့က ကျူးကျော်နေအိမ်ကို သူတို့ သိမ်းယူလိုက်ပြီဆိုပြီး အိမ်ရှင်အမျိုးသမီးကို ဆဲဆိုပြီး အိမ်ပေါ်က နှင်ချခဲ့တယ်၊ အမျိုးသမီးက ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေတာကြောင့် မွေးဖွားပြီးမှ အိမ်ပေါ်က ဆင်းပါ ရစေ တောင်းပန်တာကို အတင်းတွန်းချခဲ့တာကြောင့် ကိုယ်ဝန်သည်က ဗိုက်အောင့်ပြီး လမ်းဘေး လဲကျနေခဲ့တယ်၊ ဘေးပတ်ဝန်းကျင်က အမျိုးသမီး ကို ရေဥက္ကံရွာက သားဖွားဆရာမဆီ ပို့ခဲ့ပြီး ကလေးမွေးဖွား ပေးခဲ့ပေမယ့် ကလေးမှာ အသက်မပါလာတော့ဘူး ” ဟု ညောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါအိမ်လုယက်သူများမှာ လူအများဝိုင်းအုံလာသဖြင့် ထွက်ပြေသွား ကြကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ယင်းအုပ်စုဖွဲ့ ဓားကိုင်ဆောင်ပြီး နေအိမ်လုယက်ကာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးကို အိမ်ပေါ်မှ တွန်းချ ခဲ့သည်ဟု တိုင်ကြားခံရသည့် ဘိတ် သား(စုံစမ်းဆဲ) အပါအဝင် ငါးဦးကို ဖမ်းဆီးအရေးယူရန် ပြစ်မှုပုဒ်မ ၄၅၂/ ၃၁၆ / ၂၉၄/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်းလှိုင်သာယာမြို့မရဲ စခန်းထံမှ သိရှိရသည်။

(လမ်းဘေး၌ စွန့်ပစ်ထားသော ကလေးငယ်ပုံအား
နမူနာအဖြစ် ဖော်ပြခြင်းဖြစ်သည်။)
လှိုင်သာယာ သတင်း

No comments:

Post a Comment