Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 21, 2016

ရခုိင္အေရး ေဆြးေႏြးရာမွာ ရုိဟင္ဂ်ာသုံးႏွွဳန္းမွႈ မျပဳဖုိ့ ကုလကုိ ေဒၚစုေျပာၾကား

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူး ကုိယ္စားလွယ္ မစၥ Yanghee lee ေတြ႕ဆံု ေနစဥ္။ ဓါတ္ပံု (MOFA)
ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္က လူမႈအသိုင္းအ၀ိုင္းၾကားမွာ ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြ အေရး ေျဖရွင္းရာမွာ အဟန္႔အတား ျဖစ္ေစႏုိင္တာေၾကာင့္ ႐ုိဟင္ဂ်ာ ဆုိတဲ့ အမည္ကုိ အစုိးရက သုံးႏႈန္းမွာ မဟုတ္တဲ့အေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ကုိယ္စားလွယ္နဲ႔ ဒီကေန႔ ေတြ႔ဆုံရာမွာ ႏုိင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆုိလုိက္ပါတယ္။ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူး ကုိယ္စားလွယ္ Yanghee Lee နဲ႔ ေနျပည္ေတာ္မွာ ေတြ႔ဆုံရာမွာ အစုိးရရဲ႕ ရပ္တည္ခ်က္ကုိ အခုလို ရွင္းျပခဲ့တာပါ။ ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္ အတြင္းက အခုလို လူ႔ အသိုင္းအ၀ိုင္း ၂ ရပ္ၾကားက ပဋိပကၡေတြကို ေျဖရွင္းရာမွာ အေႏွာက္အယွက္ျဖစ္ေစတဲ့ အသံုးအႏႈန္း မ်ဳိးကို ေရွာင္က်ဥ္ေစလိုေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ကုလ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ယန္ဟီးလီးနဲ႔ ေတြ႔ဆံု ရာမွာ ေျပာၾကားခဲ့တယ္လို႔ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန အၿမဲတန္းအတြင္း၀န္ ဦးေအာင္လင္းက ေျပာပါတယ္။

“ျမန္မာႏိုင္ငံနဲ႕ ကုလသမဂၢ ၾကားထဲမွာ ကၽြန္ေတာ္တို႕ ရခိုင္ကိစၥကို ေျပလည္ဖို႕ကို အေထာက္အကူ မျဖစ္ေစတဲ့ စကားလံုး အသံုးအႏႈန္းေတြကို မသံုးသင့္ပါဘူး ဆိုတဲ့ ဟာကို ကၽြန္ေတာ္တို႕ ႏိုင္ငံျခားေရး ၀န္ႀကီးက ေျပာခဲ့ပါတယ္။ ”

လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္က ျမန္မာအစုိးရသစ္ ရက္ေပါင္း ၁၀၀ အတြင္း ေဆာင္ရြက္ဖုိ႔ တုိက္တြန္းခ်က္ေတြကုိ ၿပီးခဲ့တဲ့ မတ္လထဲ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကုိ တင္ျပရာမွာေတာ့ ႐ုိဟင္ဂ်ာမူဆလင္ေတြရဲ႕ နိမ့္က်တဲ့ အေျခအေနေတြကုိ တုိးတက္ေအာင္ ေဆာင္ရြက္ဖုိ႔ ထည့္သြင္းထားတာပါ။ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔အစည္းေတြကေတာ့ ႐ုိဟင္ဂ်ာေတြ အေပၚ ခဲြျခားဆက္ဆံမႈေတြ မလုပ္ဖုိ႔ဆုိၿပီး တုိက္တြန္းမႈေတြ ရွိေနတာ ျဖစ္ပါတယ္။ HRW လို႔ ေခၚတဲ့ လူ႔အခြင့္အေရးအဖြဲ႔ႀကီးရဲ႔ အာရွေရးရာ ညႊန္ၾကားေရးမႈး Brad Adam ကေတာ့ လူမ်ဳိးစုတစုရဲ႔ တည္ရွိမႈကို ဖံုးကြယ္ဖို႔ ႀကိဳးစားတာ ဟာ ျပႆနာကို ေျဖရွင္းရာ မေရာက္ဘဲ ပိုႀကီးထြားေစတယ္လို႔ ဆိုပါတယ္။

”သူတို႔ဟာ ဘဂၤါလီဆိုတာထက္ ရိုဟင္ဂ်ာလို႔ ခံယူထားသူေတြပါ။ သူတို႔ိကို ျမန္မာႏိုင္ငံသား ရိုဟင္ဂ်ာလို႔ပဲ သံုးႏႈန္းသင့္ပါတယ္။ သူတို႔ဟာ ႏုိင္ငံသားေတြ ျဖစ္သင့္ပါတယ္။ ဒါကို လစ္လ်ဴရႈတယ္ဆိုရင္ေတာ့ ရလာဘ္ ေကာင္းထြက္မွာမဟုတ္ဘဲျပႆနာပိုႀကီးထြားဖို႔ပဲရွိပါတယ္။ အသားအေရာင္နဲ႔ ကိုးကြယ္တဲ့ ဘာသာေၾကာင့္ ခြဲျခားဆက္ဆံတာဆိုရင္ ဒါဟာ လူမ်ဳိးေရးခြဲျခားမႈပါ။ လက္ရွိ အစိုးရအေနနဲ႔ ရိုဟင္ဂ်ာအေပၚ ႏိုင္ငံသားေတြလို တန္းတူထား ဆက္ဆံ သင့္ပါတယ္။”

သမၼတ ဦးသိန္းစိန္ ဦးေဆာင္တဲ့ အစိုးရလက္ထက္တုန္းက ရိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈကို အဆံုးသတ္ဖို႔ ေတာင္းဆိုတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္ကို ယန္ဟီးလီးကို သေဘာထားျပင္းထန္တဲ့ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးနဲ႔ လူပုဂၢိဳလ္ တခ်ိဳ႔က ျပင္းျပင္းထန္ထန္ စကားလံုးေတြနဲ႔ တိုက္ခုိက္ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း လူ႔အခြင့္အေရး အဖြဲ႔ျဖစ္တဲ့ HRW ကေတာ့ လူမ်ဳိးတမ်ဳိးရဲ႔ ျဖစ္တည္မႈကို လစ္လ်ဴရႈလို႔ မရဘူးလို႔ ဆိုပါတယ္။ Brad Adam က ခုလို ေျပာပါတယ္။

“ျမန္မာႏို္င္ငံက လူ႔အခြင့္အေရး အေျခအေနေတြ တိုးတက္လာတာေတာ့ အမွန္ပါ။ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးလာတယ္။ မီဒီယာ လြတ္လပ္ခြင့္ေတြလည္း ရွိလာပါတယ္။ ဒါေပမယ့္ လူ႔အခြင့္အေရးနဲ႔ ပါတ္သတ္ၿပီး ေျဖရွင္းရမွာေတြ အမ်ားႀကီးရွိေနပါေသးတယ္။ က်ေနာ္တို႔ကေတာ့ ရိုဟင္ဂ်ာဆိုတာကို ဆက္သံုးသြားမွာပါ။ ျမန္မာႏို္င္ငံအျပင္ဘက္က အစိုးရ၊ အဖြဲ႔အစည္းေတြ၊ မီဒီယာေတြအေနနဲ႔လည္း ဆက္သံုးသင့္ပါတယ္။”

ရခိုင္ျပည္နယ္က အသိုင္းအ၀ိုင္းႏွစ္ခုၾကားက ပဋိပကၡကို ေျဖရွင္းရာမွာ လံုေလာက္တဲ့ အခ်ိန္ေပးဖို႔ ျမန္မာႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ဂြ်န္ကယ္ရီနဲ႔ ပူးတဲြသတင္းစာ ရွင္းလင္းပဲြအတြင္း ေျပာၾကားခဲ့သလိုဒီျပသနာကိုေျဖရွင္းရာမွာ အေမရိကန္ ဘက္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ကူညီၿပီး ပူးေပါင္းေဆာင္ရြက္ မွာ ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီး ဂြ်န္ကယ္ရီက လည္း ေျပာၾကားခဲ့ဘူးပါတယ္ခင္ဗ်ာ။

 ေအာင္ေအာင္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ Yanghee lee တွေ့ဆုံ နေစဉ်။ ဓါတ်ပုံ (MOFA)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အရေး ဖြေရှင်းရာမှာ အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို အစိုးရက သုံးနှုန်းမှာ မဟုတ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ အစိုးရရဲ့ ရပ်တည်ချက်ကို အခုလို ရှင်းပြခဲ့တာပါ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက အခုလို လူ့ အသိုင်းအဝိုင်း ၂ ရပ်ကြားက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ အသုံးအနှုန်း မျိုးကို ရှောင်ကျဉ်စေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီးနဲ့ တွေ့ဆုံ ရာမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ကြားထဲမှာ ကျွန်တော်တို့ ရခိုင်ကိစ္စကို ပြေလည်ဖို့ကို အထောက်အကူ မဖြစ်စေတဲ့ စကားလုံး အသုံးအနှုန်းတွေကို မသုံးသင့်ပါဘူး ဆိုတဲ့ ဟာကို ကျွန်တော်တို့ နိုင်ငံခြားရေး ၀န်ကြီးက ပြောခဲ့ပါတယ်။ ”

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာအစိုးရသစ် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ဖို့ တိုက်တွန်းချက်တွေကို ပြီးခဲ့တဲ့ မတ်လထဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြရာမှာတော့ ရိုဟင်ဂျာမူဆလင်တွေရဲ့ နိမ့်ကျတဲ့ အခြေအနေတွေကို တိုးတက်အောင် ဆောင်ရွက်ဖို့ ထည့်သွင်းထားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ HRW လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှုး Brad Adam ကတော့ လူမျိုးစုတစုရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ကြိုးစားတာ ဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုကြီးထွားစေတယ်လို့ ဆိုပါတယ်။

”သူတို့ဟာ ဘင်္ဂါလီဆိုတာထက် ရိုဟင်ဂျာလို့ ခံယူထားသူတွေပါ။ သူတိို့ကို မြန်မာနိုင်ငံသား ရိုဟင်ဂျာလို့ပဲ သုံးနှုန်းသင့်ပါတယ်။ သူတို့ဟာ နိုင်ငံသားတွေ ဖြစ်သင့်ပါတယ်။ ဒါကို လစ်လျူရှုတယ်ဆိုရင်တော့ ရလာဘ် ကောင်းထွက်မှာမဟုတ်ဘဲပြဿနာပိုကြီးထွားဖို့ပဲရှိပါတယ်။ အသားအရောင်နဲ့ ကိုးကွယ်တဲ့ ဘာသာကြောင့် ခွဲခြားဆက်ဆံတာဆိုရင် ဒါဟာ လူမျိုးရေးခွဲခြားမှုပါ။ လက်ရှိ အစိုးရအနေနဲ့ ရိုဟင်ဂျာအပေါ် နိုင်ငံသားတွေလို တန်းတူထား ဆက်ဆံ သင့်ပါတယ်။”

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်တုန်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကို ယန်ဟီးလီးကို သဘောထားပြင်းထန်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနဲ့ လူပုဂ္ဂိုလ် တချို့က ပြင်းပြင်းထန်ထန် စကားလုံးတွေနဲ့ တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ HRW ကတော့ လူမျိုးတမျိုးရဲ့ ဖြစ်တည်မှုကို လစ်လျူရှုလို့ မရဘူးလို့ ဆိုပါတယ်။ Brad Adam က ခုလို ပြောပါတယ်။

“မြန်မာနို်င်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာတော့ အမှန်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလာတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေလည်း ရှိလာပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပါတ်သတ်ပြီး ဖြေရှင်းရမှာတွေ အများကြီးရှိနေပါသေးတယ်။ ကျနော်တို့ကတော့ ရိုဟင်ဂျာဆိုတာကို ဆက်သုံးသွားမှာပါ။ မြန်မာနို်င်ငံအပြင်ဘက်က အစိုးရ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေအနေနဲ့လည်း ဆက်သုံးသင့်ပါတယ်။”

ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုကြားက ပဋိပက္ခကို ဖြေရှင်းရာမှာ လုံလောက်တဲ့ အချိန်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သလိုဒီပြသနာကိုဖြေရှင်းရာမှာ အမေရိကန် ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပြီး ပူးပေါင်းဆောင်ရွက် မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက လည်း ပြောကြားခဲ့ဘူးပါတယ်ခင်ဗျာ။

 အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment