Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

အျမစ္တြယ္ေနတဲ့ က်ဴရွင္စနစ္ကို ေျပာင္းလဲမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

အျမစ္ တြယ္ေနတဲ့ က်ဴရွင္စနစ္ကို အစိုးရသစ္က ေျပာင္းလဲမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ထုိင္းေရာက္ တကၠသိုလ္ ဆရာ၊ ဆရာမမ်ားနဲ႔ ေတြ႕ဆံုစဥ္မွာ ေျပာၾကားလိုက္ပါတယ္။

ဆရာ၊ ဆရာမေတြကို လစာတိုးျမႇင့္ေပးတာေတြ လုပ္ခဲ့ေပမဲ့ ၾကားက ျဖတ္ေတာက္တာေတြ ရွိတာေၾကာင့္ လစာအျပည့္အဝရဖို႔ ဘဏ္အေကာင့္က လႊဲေပးတဲ့စနစ္ကို စတင္က်င့္သံုးမယ္လို႔လည္း သိရပါတယ္။

ေတာ္ေတာ္ကို ေျပာင္းယူရမွာ ျဖစ္ျပီး က်ဴရွင္ေပးရတဲ့အေၾကာင္းရင္းဟာ ဆရာ၊ ဆရာမေတြ လစာျပည့္ျပည့္ဝဝမရလို႔ ျဖစ္ျပီး ဒီကိစၥကို ေျပာင္းရမွာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ပညာေရးစနစ္မွာ တစ္ခ်ိန္က က်ဴရွင္ေပးျခင္းေတြ မရွိသလို က်ဴရွင္ယူသူေတြဟာ အင္မတန္မွ ညံ့ဖ်င္းသူေတြျဖစ္ၿပီး ရွက္စရာအလြန္ေကာင္းခဲ့တယ္လို႔လည္း ထည့္သြင္းေျပာၾကားထားေၾကာင္း သိရပါတယ္။

Source: 7Day Daily
Photos Source: DVB
.......
အမြစ်တွယ်နေတဲ့ ကျူရှင်စနစ်ကို ပြောင်းလဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


အမြစ် တွယ်နေတဲ့ ကျူရှင်စနစ်ကို အစိုးရသစ်က ပြောင်းလဲမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းရောက် တက္ကသိုလ် ဆရာ၊ ဆရာမများနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဆရာ၊ ဆရာမတွေကို လစာတိုးမြှင့်ပေးတာတွေ လုပ်ခဲ့ပေမဲ့ ကြားက ဖြတ်တောက်တာတွေ ရှိတာကြောင့် လစာအပြည့်အဝရဖို့ ဘဏ်အကောင့်က လွှဲပေးတဲ့စနစ်ကို စတင်ကျင့်သုံးမယ်လို့လည်း သိရပါတယ်။

တော်တော်ကို ပြောင်းယူရမှာ ဖြစ်ပြီး ကျူရှင်ပေးရတဲ့အကြောင်းရင်းဟာ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့ ဖြစ်ပြီး ဒီကိစ္စကို ပြောင်းရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ တစ်ချိန်က ကျူရှင်ပေးခြင်းတွေ မရှိသလို ကျူရှင်ယူသူတွေဟာ အင်မတန်မှ ညံ့ဖျင်းသူတွေဖြစ်ပြီး ရှက်စရာအလွန်ကောင်းခဲ့တယ်လို့လည်း ထည့်သွင်းပြောကြားထားကြောင်း သိရပါတယ်။

Source: 7Day Daily
Photos Source: DVB

No comments:

Post a Comment