CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, June 8, 2016
ႏိုင္ငံတကာအဆင့္မီ ရဲသင္တန္းေက်ာင္း ေပၚေပါက္လာေအာင္ လုပ္ေပးမည္ဟု ေဒၚစု ေျပာ
ဓာတ္ပုံ - Myanmar State Counsellor Office Facebook
By ဒီဗီြဘီ
8 June 2016
ႏိုင္ငံတကာအဆင့္မီ ရဲသင္တန္းေက်ာင္းတခု ျဖစ္ထြန္းေပၚေပါက္လာေအာင္ ႀကိဳးပမ္း လုပ္ေဆာင္မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
မႏၱေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕ရွိ အမွတ္ ၁ ရဲေလ့က်င့္ေရးေက်ာင္းမွာ ဒီကေန႔က်င္းပတဲ့ ‘အၾကမ္းဖက္တိုက္ဖ်က္ေရး အနီးကပ္တိုက္ခိုက္နည္းႏွင့္ ေလ့က်င့္ေရး သင္တန္းသူမ်ား၏ လက္ေတြ႔အသံုးခ် ဖမ္းဆီးထိန္းသိမ္းနည္း သ႐ုပ္ျပပြဲ’ အခမ္းအနားမွာ ေျပာ ခဲ့တာပါ။
ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ အမွတ္ (၁) ရဲေလ့က်င့္ေရးေက်ာင္းကို ရဲတပ္ဖြဲ႔ သင္တန္းေက်ာင္းမ်ားရဲ႕ စံျပသင္တန္းေက်ာင္းအျဖစ္ အဆင့္ျမႇင့္တင္ ဖြင့္လွစ္ႏိုင္ဖို႔ ရည္ရြယ္ထားၿပီး အေျခခံလိုအပ္ခ်က္ ေတြကို ေကာ္မတီဖြဲ႔စည္း ညႇိႏိႈင္းေဆာင္ရြက္မယ္လို႔ ေျပာခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က “ရဲသင္တန္းသားေတြရဲ႕ လိုအပ္ခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို မျဖည့္ဆည္းေပးႏိုင္ရင္ အဖိုးတန္တဲ့ရဲေတြ ေမြးထုတ္ေပးတဲ့ေနရာမွာ ျပႆနာ ရွိႏိုင္ပါတယ္။ ရဲသင္တန္းကို အေကာင္းဆံုးျဖစ္ေအာင္ ျမႇင့္တင္ေပးခ်င္ပါတယ္။ ေန႔ခ်င္းညခ်င္း ျဖစ္ႏိုင္ဖို႔ဆိုတာေတာ့ မလြယ္ပါဘူး။ ကိုယ့္ႏိုင္ငံရဲ႕ ဘ႑ာေရးအေျခအေနအရ လုပ္ေပးရမွာပါ။ သင္တန္းသားေတြ အေနနဲ႔လည္း ဆရာေတြနဲ႔ ေဆြးေႏြးတင္ျပၿပီး အတၱမပါဘဲ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ႀကီးတခုလံုး အဆင့္ျမင့္မားလာဖို႔ အႀကံျပဳသင့္တယ္” လို႔ ေျပာပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က သင္တန္းေက်ာင္းအတြင္း အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ ရဲ၀တ္စံု လံုေလာက္မႈရွိမရွိ၊ လွ်ပ္စစ္မီး၊ ေသာက္သံုးေရ ဖူလံုေစေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ၊ အေဆာက္အအံု လိုအပ္ခ်က္ေတြကို ေထာက္ျပ ေဆြးေႏြးခဲ့ပါတယ္။
.............
နိုင်ငံတကာအဆင့်မီ ရဲသင်တန်းကျောင်း ပေါ်ပေါက်လာအောင် လုပ်ပေးမည်ဟု ဒေါ်စု ပြော
ဓာတ်ပုံ - Myanmar State Counsellor Office Facebook
By ဒီဗွီဘီ
8 June 2016
နိုင်ငံတကာအဆင့်မီ ရဲသင်တန်းကျောင်းတခု ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်း လုပ်ဆောင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ ‘အကြမ်းဖက်တိုက်ဖျက်ရေး အနီးကပ်တိုက်ခိုက်နည်းနှင့် လေ့ကျင့်ရေး သင်တန်းသူများ၏ လက်တွေ့အသုံးချ ဖမ်းဆီးထိန်းသိမ်းနည်း သရုပ်ပြပွဲ’ အခမ်းအနားမှာ ပြော ခဲ့တာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းကို ရဲတပ်ဖွဲ့ သင်တန်းကျောင်းများရဲ့ စံပြသင်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားပြီး အခြေခံလိုအပ်ချက် တွေကို ကော်မတီဖွဲ့စည်း ညှိနှိုင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ရဲသင်တန်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ရဲတွေ မွေးထုတ်ပေးတဲ့နေရာမှာ ပြဿနာ ရှိနိုင်ပါတယ်။ ရဲသင်တန်းကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးချင်ပါတယ်။ နေ့ချင်းညချင်း ဖြစ်နိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ လုပ်ပေးရမှာပါ။ သင်တန်းသားတွေ အနေနဲ့လည်း ဆရာတွေနဲ့ ဆွေးနွေးတင်ပြပြီး အတ္တမပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးတခုလုံး အဆင့်မြင့်မားလာဖို့ အကြံပြုသင့်တယ်” လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းကျောင်းအတွင်း အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရဲဝတ်စုံ လုံလောက်မှုရှိမရှိ၊ လျှပ်စစ်မီး၊ သောက်သုံးရေ ဖူလုံစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အဆောက်အအုံ လိုအပ်ချက်တွေကို ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။
ႏိုင္ငံတကာအဆင့္မီ ရဲသင္တန္းေက်ာင္း ေပၚေပါက္လာေအာင္ လုပ္ေပးမည္ဟု ေဒၚစု ေျပာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 08, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 08, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment