Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 28, 2016

မေန ့ကတင္ထားေသာ စိတ္မႏွံေသာလူနာအားေအာင္ျမင္စြာ ကုသျပီးပါေႀကာင္း။


မေန ့ကတင္ထားေသာ စိတ္မႏွံေသာလူနာအားေအာင္ျမင္စြာ ကုသျပီးပါေႀကာင္း။

* ဝဋ္ေႀကြးကိုေက်နပ္စြာခံယူထားသူနွင့္
ေစတနာဆရာဝန္ *

ဝဋ္ေႂကြးေက်သြားတဲ႕အတြက္
ဘာပဲျဖစ္ျဖစ္က်ေတာ္တို႔ စိတ္ခ်မ္းသာမိပါတယ္။

ဒီေန႔မနက
္စက္ဘီးစီးထြက္သြားရင္း ဘူတာႀကီးအေနာက္ဘက္ျခမ္းမွာ
လမ္းမေလ်ာက္နိုင္ဘဲ ညည္းညဴေနတဲ႕ ..

က်ေတာ့္ကိုေဆးရံုပို႔ေပးပါဆိုတဲ႕
လက္ေခ်ာင္းေတြမွာနတ္ေခါင္းေတြစြပ္ထါးေသာ
စိတ္ေဝဒနာရွင္တစ္ေယာက္ ကိုေတြ႕မိျပီး
အနီးမွာရွိတဲ႕ပရဟိတဓါရီကားကိုအကူအညီေတာင္းကာ
ေဆးရံုကိုပို႔ခဲ႕ႀကတယ္....

ျမစ္ႀကီးနားမွာ
ေရႊေညာင္ရပ္ကြက္မွာေနျပီးဆိုက္ကားနင္းခဲ႕ဖူးတယ္ဆိုတဲ႕
လိုင္စင္ေလးေတာ့ရွိတယ္..
လူအမည္ကေတာ့
ပ်က္ေနျပီးသူ့ကိုယ္သူကိုဖူးစံုဆိုျပီးေျပာတယ္။

အသက္က၃၇ဝန္းက်င္ေပါ့
က်ေတာ္တို့ အဝတ္အစားလဲေပး/ဓါတ္မွန္႐ိုက္လိုအပ္တဲ႕ေဆးဝါးဝယ္ျပီး……

အရမ္းသေဘာေကာင္းျပီးစိတ္ရွည္တဲ႕အ႐ိုးအေႀကာက ေစတနာဆရာဝန္နွင့္အတူ……

လူနာလက္တြင္စြပ္မိေနတဲ႕နတ္ေခါင္းမ်ားနွင့္
ေျခေထါက္တြင္ရစ္ခ်ည္နွစ္ဝင္ေနေသာစတီးနာရီ
ေႀကးစြတ္မ်ားသံလံဳးမ်ားကိုသံျဖတ္ကပ္ေႀကးႀကီးမ်ားနဲ႕
လုပ္ငန္းသံုးပလာရာမ်ားသံုးျပီးခက္ခက္ခဲခဲျဖဳတ္ခဲ႕ႀကတယ္ ...

တစ္သက္နဲ႕တစ္ကိုယ္ကြ်မ္းက်င္တဲ႕
ဆရာဝန္နဲ႕အတူ ၄နာရီႀကာအခုလိုလူနာကို
ကုသေပးခဲ႕ဖူးတာ ပထမဆံဳးပါပဲ..

ညာဘက္လက္ဆိုအရင္တစ္ခါကစည္းေပးလိုက္တဲ႕ပါတ္တီးထဲမွာ ေလါက္အေကာင္ေပါင္းမ်ားစြာက ေဆးနဲ႕ေလာင္းခ်အျပီးမွာ
ရြစိထိုးတတ္ျပီးအနံ႕အသက္ေတြေႀကာင့္
ပ်ိဳ႕အန္လါျခင္ေပမယ့္...

ဒီလူဒီဝဋ္က မႀကာခင္လြတ္ေတာ့မယ္ဆိုတဲ႕အသိေႀကာင့္
မဆီမဆိုင္ဝမ္းသာမိပါတယ္..

ေနာက္ဆံဳးဆရာဝန္မ်ားသူနာျပဳမ်ားရဲ႕ကၽြမ္းက်င္မႈေႀကာင့္ အကုန္ျဖဳတ္နိုင္ခဲ႕ပါတယ္။

လက္တစ္ဖက္တည္းသာ ခြဲစိတ္ဆရာဝန္နွင့္
ေသခ်ာစီစစ္မွရမွာမို႔ ယေန႔ညမွ ခြဲစိတ္ရမွာပါ..

စိတ္ေရာဂါသည္ျဖစ္တဲ႕အတြက္စိတ္ေရာဂါကုသဆရာဝန္ေမ့ေဆးဆရာဝန္ ခြဲစိတ္ဆရာဝန္မ်ားပူးေပါင္းလုပ္ရမွာပါ။

ေရရွည္အကူအညီေပးရမွာျဖစ္တဲ႕အတြက္က်ေတာ္တို႔အေမွာင္ခြင္းမည့္အလင္းတန္းက ေန႔စဥ္ ေဆးရံုႀကီးနွင့္အတူအလွည့္က်
ေဆးကုသစရိတ္မ်ားတာဝန္ယူေပးမွာပါ။

စိတ္ေရာဂါအေျခအေနအေကာင္းႀကီးထိ
ေကာင္းဖို႔မေမ်ွာ္လင့္ပါဘူး ...

အမ်ားသူငါလို
အခ်ဳပ္အေနွာင္မဲ႕လြတ္လပ္စြာသြားနိုင္ဖို႔
အထိေတာ့ေမွ်ာ္လင့္ပါတယ္။

လူနာကိုလည္း
သက္ဆိုင္ရာဝန္ထမ္းမ်ားႀကည့္ရႈ႕ေစာင့္ေရွာက္ဖို႔အပ္ခဲ႕ပါတယ္ ။

ေအာက္မွာက်ေတာ္တို႔ကူညီေအာင္ျမင္ခဲ႕တဲ့ပံုေလးေတြ ပီတိမ်ားျဖင့္ႀကည့္ေပးပါ။

အဝတ္အစားေတြလါလွဴေပးတဲ႕ညီမငယ္ေရာ
ေစတနာ ဆရာဝန္ဆရာမမ်ားအားလံုးကို
မွတ္တမ္းတင္ပါတယ္ ....

ဒီေန႔ဟာအဓိပၸါယ္ရွိေသာေန႔ကေလးပါ။

WMA. 28-6-2016

ေလးစားစြာနဲ႔ Credit ေပး သာဓုေခၚပါတယ္
ညီငယ္ Wai Min Aung ေရ ..
Pyae Sone Aung
.............











မနေ ့ကတင်ထားသော စိတ်မနှံသောလူနာအားအောင်မြင်စွာ ကုသပြီးပါကြောင်း။

* ဝဋ်ကြွေးကိုကျေနပ်စွာခံယူထားသူနှင့်
စေတနာဆရာဝန် *

ဝဋ်ကြွေးကျေသွားတဲ့အတွက်
ဘာပဲဖြစ်ဖြစ်ကျတော်တို့ စိတ်ချမ်းသာမိပါတယ်။

ဒီနေ့မနက
်စက်ဘီးစီးထွက်သွားရင်း ဘူတာကြီးအနောက်ဘက်ခြမ်းမှာ
လမ်းမလျောက်နိုင်ဘဲ ညည်းညူနေတဲ့ ..

ကျတော့်ကိုဆေးရုံပို့ပေးပါဆိုတဲ့
လက်ချောင်းတွေမှာနတ်ခေါင်းတွေစွပ်ထါးသော
စိတ်ဝေဒနာရှင်တစ်ယောက် ကိုတွေ့မိပြီး
အနီးမှာရှိတဲ့ပရဟိတဓါရီကားကိုအကူအညီတောင်းကာ
ဆေးရုံကိုပို့ခဲ့ကြတယ်....

မြစ်ကြီးနားမှာ
ရွှေညောင်ရပ်ကွက်မှာနေပြီးဆိုက်ကားနင်းခဲ့ဖူးတယ်ဆိုတဲ့
လိုင်စင်လေးတော့ရှိတယ်..
လူအမည်ကတော့
ပျက်နေပြီးသူ့ကိုယ်သူကိုဖူးစုံဆိုပြီးပြောတယ်။

အသက်က၃၇ဝန်းကျင်ပေါ့
ကျတော်တို့ အဝတ်အစားလဲပေး/ဓါတ်မှန်ရိုက်လိုအပ်တဲ့ဆေးဝါးဝယ်ပြီး……

အရမ်းသဘောကောင်းပြီးစိတ်ရှည်တဲ့အရိုးအကြောက စေတနာဆရာဝန်နှင့်အတူ……

လူနာလက်တွင်စွပ်မိနေတဲ့နတ်ခေါင်းများနှင့်
ခြေထေါက်တွင်ရစ်ချည်နှစ်ဝင်နေသောစတီးနာရီ
ကြေးစွတ်များသံလုံးများကိုသံဖြတ်ကပ်ကြေးကြီးများနဲ့
လုပ်ငန်းသုံးပလာရာများသုံးပြီးခက်ခက်ခဲခဲဖြုတ်ခဲ့ကြတယ် ...

တစ်သက်နဲ့တစ်ကိုယ်ကျွမ်းကျင်တဲ့
ဆရာဝန်နဲ့အတူ ၄နာရီကြာအခုလိုလူနာကို
ကုသပေးခဲ့ဖူးတာ ပထမဆုံးပါပဲ..

ညာဘက်လက်ဆိုအရင်တစ်ခါကစည်းပေးလိုက်တဲ့ပါတ်တီးထဲမှာ လေါက်အကောင်ပေါင်းများစွာက ဆေးနဲ့လောင်းချအပြီးမှာ
ရွစိထိုးတတ်ပြီးအနံ့အသက်တွေကြောင့်
ပျို့အန်လါခြင်ပေမယ့်...

ဒီလူဒီဝဋ်က မကြာခင်လွတ်တော့မယ်ဆိုတဲ့အသိကြောင့်
မဆီမဆိုင်ဝမ်းသာမိပါတယ်..

နောက်ဆုံးဆရာဝန်များသူနာပြုများရဲ့ကျွမ်းကျင်မှုကြောင့် အကုန်ဖြုတ်နိုင်ခဲ့ပါတယ်။

လက်တစ်ဖက်တည်းသာ ခွဲစိတ်ဆရာဝန်နှင့်
သေချာစီစစ်မှရမှာမို့ ယနေ့ညမှ ခွဲစိတ်ရမှာပါ..

စိတ်ရောဂါသည်ဖြစ်တဲ့အတွက်စိတ်ရောဂါကုသဆရာဝန်မေ့ဆေးဆရာဝန် ခွဲစိတ်ဆရာဝန်များပူးပေါင်းလုပ်ရမှာပါ။

ရေရှည်အကူအညီပေးရမှာဖြစ်တဲ့အတွက်ကျတော်တို့အမှောင်ခွင်းမည့်အလင်းတန်းက နေ့စဉ် ဆေးရုံကြီးနှင့်အတူအလှည့်ကျ
ဆေးကုသစရိတ်များတာဝန်ယူပေးမှာပါ။

စိတ်ရောဂါအခြေအနေအကောင်းကြီးထိ
ကောင်းဖို့မမျှော်လင့်ပါဘူး ...

အများသူငါလို
အချုပ်အနှောင်မဲ့လွတ်လပ်စွာသွားနိုင်ဖို့
အထိတော့မျှော်လင့်ပါတယ်။

လူနာကိုလည်း
သက်ဆိုင်ရာဝန်ထမ်းများကြည့်ရှု့စောင့်ရှောက်ဖို့အပ်ခဲ့ပါတယ် ။

အောက်မှာကျတော်တို့ကူညီအောင်မြင်ခဲ့တဲ့ပုံလေးတွေ ပီတိများဖြင့်ကြည့်ပေးပါ။

အဝတ်အစားတွေလါလှူပေးတဲ့ညီမငယ်ရော
စေတနာ ဆရာဝန်ဆရာမများအားလုံးကို
မှတ်တမ်းတင်ပါတယ် ....

ဒီနေ့ဟာအဓိပ္ပါယ်ရှိသောနေ့ကလေးပါ။

WMA. 28-6-2016

လေးစားစွာနဲ့ Credit ပေး သာဓုခေါ်ပါတယ်
ညီငယ် Wai Min Aung ရေ ..
Pyae Sone Aung


No comments:

Post a Comment