Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 29, 2016

ထိုင္းအရာရိွေတြ အေရးယူခံရတဲ့ ကိစၥ နုိင္ငံေတာ္အတိုင္ပင္ခံ စိတ္္မေကာင္းျဖစ္

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိုင္းႏုိင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္တို႔ ေနျပည္ေတာ္မွာ ဇြန္လ ၂၉ ရက္ေန႔က ေတြ႔ဆံုေနစဥ္။ Photo: Pool
ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ထိုင္းႏုိင္ငံခရီးစဥ္အၿပီး ထိုင္းအရာရွိ ၂၃ ဦး ရာထူးကေန ယာယီဖယ္ရွားခံရတာဟာ လူကုန္ကူးမႈေတြမွာ ပါ၀င္ပတ္သက္ေနတာေၾကာင့္ျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ခရီးစဥ္နဲ႔ပတ္သက္မႈမရွိေၾကာင္း ထိုင္းႏုိင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္လည္းျဖစ္ ကာကြယ္ေရး ၀န္ႀကီးလည္းျဖစ္တဲ့ General Prawit Wongsuwon က ေျပာပါတယ္။

ဒီေန႔ ေနျပည္ေတာ္မွာ ထိုင္းႏုိင္ငံ ဒုတိယ၀န္ႀကီးခ်ဳပ္ နဲ႔ ေတြ႔ဆံုစဥ္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က သူ႔ေၾကာင့္ ထိုင္းအရာရွိေတြ ရာထူးကေန ဖယ္ရွားခံရတာကို မျဖစ္ေစ ခ်င္ေၾကာင္း သူ႔အေနနဲ႔ စိတ္မေကာင္းေၾကာင္း ေျပာရာမွာ ဒုတိယ၀န္ႀကီးခ်ဳပ္ က ျပန္လည္ရွင္းျပ ခဲ့တာျဖစ္တယ္ လို႔ ႏုိင္ငံေတာ္သမၼတရံုး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌး က ေျပာပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ နဲ႔ ေတြ႔ဆံုရာမွာ ထား၀ယ္အထူးစီးပြားေရးဇုန္ တည္ေဆာက္မႈကို အရွိန္ အဟုန္ျမွင့္ေဆာင္ရြက္ဖို႔၊ ႏွစ္ႏိုင္ငံရဲတပ္ဖဲြ႔ေတြ အျပန္အလွန္ပူးေပါင္းေဆာင္ရြက္ဖို႔၊ နယ္နိမိတ္တုိင္းတာ ေရးကိစၥေတြနဲ႔ ထိုင္းႏုိင္ငံကေန ျမန္မာဒုကၡသည္ ၂၀၀ နီးပါးကို ျပန္လည္ေခၚယူမယ့္ အစီအစဥ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္ဟာ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္နဲ႔ ေတြ႔ဆံုရာမွာ ထိုင္းေရာက္ ျမန္မာ အလုပ္သမားေတြကို ဥပေဒနဲ႔အညီ ကာကြယ္ေစာင့္ေရွာက္ေပး ဖို႔၊ အလုပ္သမားေတြဖက္က မွားယြင္းမႈေတြ ျဖစ္ခဲ့ရင္ နားလည္ေပးဖို႔၊ သူ႔ဖက္ကလည္း ျမန္မာအလုပ္သမားေတြကို တည္ဆဲဥပေဒ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာေအာင္ တည့္မတ္ေပးမွာျဖစ္ေၾကာင္း ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္ကို ေမတၱာရပ္ခံခဲ့တယ္လို႔လည္း ဦးေဇာ္ေဌး က ေျပာပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္က စိုးရိမ္ဖို႔ မလိုေၾကာင္း နဲ႔ ထိုင္း၀န္ႀကီးခ်ဳပ္အေနနဲ႔ တည္္ဆဲဥပေဒေတြကို လုိအပ္တာေတြ ျပင္ ဆင္ေပးေနေၾကာင္း၊ လာမယ့္ ၂၀၁၇ ခုႏွစ္မွာ ႏွစ္ႏုိင္ငံ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ဘီလီယံ ၂၀အထိ တုိးျမွင့္လာေစဖို႔ကိစၥေတြကို ေဆြးေႏြး ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံနေစဉ်။ Photo: Pool
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းအရာရှိ ၂၃ ဦး ရာထူးကနေ ယာယီဖယ်ရှားခံရတာဟာ လူကုန်ကူးမှုတွေမှာ ပါ၀င်ပတ်သက်နေတာကြောင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ၀န်ကြီးလည်းဖြစ်တဲ့ General Prawit Wongsuwon က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နဲ့ တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သူ့ကြောင့် ထိုင်းအရာရှိတွေ ရာထူးကနေ ဖယ်ရှားခံရတာကို မဖြစ်စေ ချင်ကြောင်း သူ့အနေနဲ့ စိတ်မကောင်းကြောင်း ပြောရာမှာ ဒုတိယဝန်ကြီးချုပ် က ပြန်လည်ရှင်းပြ ခဲ့တာဖြစ်တယ် လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တွေ့ဆုံရာမှာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မှုကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံရဲတပ်ဖွဲ့တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့၊ နယ်နိမိတ်တိုင်းတာ ရေးကိစ္စတွေနဲ့ ထိုင်းနိုင်ငံကနေ မြန်မာဒုက္ခသည် ၂၀၀ နီးပါးကို ပြန်လည်ခေါ်ယူမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းဒုတိယဝန်ကြီးချုပ်ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံရာမှာ ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေး ဖို့၊ အလုပ်သမားတွေဖက်က မှားယွင်းမှုတွေ ဖြစ်ခဲ့ရင် နားလည်ပေးဖို့၊ သူ့ဖက်ကလည်း မြန်မာအလုပ်သမားတွေကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာအောင် တည့်မတ်ပေးမှာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဒုတိယဝန်ကြီးချုပ်က စိုးရိမ်ဖို့ မလိုကြောင်း နဲ့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ တည််ဆဲဥပဒေတွေကို လိုအပ်တာတွေ ပြင် ဆင်ပေးနေကြောင်း၊ လာမယ့် ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀အထိ တိုးမြှင့်လာစေဖို့ကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment