Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 30, 2016

အျမင္အာရံုခ်ိဳ႕ယြင္းေနသူမ်ားအား မိမိအသံျဖင့္ လွဴဒါန္းလိုပါက


အျမင္အာရံုခ်ိဳ႕ယြင္းေနသူမ်ားအား မိမိအသံျဖင့္ လွဴဒါန္းလိုပါက

အသံလွဴတာ ဘယ္လိုလဲဆိုတာ မသိေသးသူေတြအတြက္ ရွင္းျပ ခ်င္ပါတယ္။ညီမငယ္တစ္ေယာက္္က ေမးပါတယ္။

"အမ အသံလွဴတယ္ဆိုတာ သီခ်င္းဆိုျပ ရတာလား" တဲ့။ မဟုတ္ပါဘူးေနာ္။

အသံလွဴတယ္ဆိုတာက အျမင္အာရံုခ်ိဳ ့တဲ့ေနတဲ့ကေလးငယ္ေတြ နားေထာင္ႏိုင္ဖို ့ သူတို ့သင္ၾကားရမဲ့သင္ခန္းစာေတြ၊ သူတို႔ အတြက္ ဗဟုသုတျဖစ္ေစမဲ့ အေၾကာင္း အရာေတြကို ကိုယ့္အသံနဲ ့ဖတ္ျပတာပါ။ အဓိကကေတာ့ သူတို ့စိတ္၀င္စားမဲ့ စာအုပ္ေလးေတြကို ကိုယ္ေတြက ဖတ္ျပ ေပးတာပါ။

သူတို ့က ဘယ္လိုစာအုပ္မ်ိဳး စိတ္၀င္စား တတ္ပါသလဲလို ့ေမးၾကည့္ေတာ့ ဘာသာျပန္၀တၳဳေတြ၊ သမိုင္းေၾကာင္း ေတြ၊ ရာဇ၀င္ထဲကအျဖစ္အပ်က္ေတြကို စိတ္၀င္စားပါသတဲ့။ ျမန္မာဝတၳဳေတြေတာ့ သူတို႔ သိပ္မႀကိဳက္တတ္ပါဘူးတဲ့။

ကိုယ္ဖတ္ခ်င္တဲ့ စာအုပ္ကို ကိုယ္ယူလာ ျပလို ့ရသလို၊ သူတို ့ဆီမွာရွိတဲ့စာအုပ္ေတြ ထဲကလည္း မဖတ္ရေသးတဲ့စာအုပ္ေတြကို ဖတ္ျပလို ့ရပါတယ္။ ရက္ခ်ိန္းႀကိဳယူလို႔ရ ႔သလို ဖတ္မဲ့စာအုပ္ေရြးဖို့ တစ္ရက္ ေလာက္ေတာ့ ခဏသြားေပးရပါတယ္။
ဒါဆိုရင္ ကိုယ္ အခ်ိန္ေပးႏိုင္မဲ့ရက္မွာ သူတို ့ဘက္ကလည္း အားတယ္ဆိုရင္ အသံသြားလွဴလို ့ရပါၿပီ။

ထူးထူးေထြေထြေတာ့ အသံသီးျခား စစ္စရာ မလိုပါဘူးတဲ့။ တနလာၤကေန ေသာၾကာ မနက္ ၉နာရီမွ ညေန ၅နာရီအထိ အသံသြင္းလို ့ ရပါတယ္။ ဖတ္လက္စ စာအုပ္မၿပီးရင္ ေနာက္ရက္ ထပ္လာၿပီး အသံသြင္းလို ့ရပါတယ္။ ကို္ယ္ တစ္ေယာက္ထဲျဖစ္ေစ အုပ္စုလိုက္ျဖစ္ေစ လာေရာက္ၿပီး စာအုပ္မ်ားဖတ္ျပျခင္းနဲ ့ ကုသုိလ္ယူႏိုင္ပါတယ္။

ကေလးမ်ားအတြက္အစားအေသာက္နဲ ့ မုန္ ့မ်ားကိုလည္း လွဴဒါန္းႏိုင္ပါတယ္။ ကေလးဦးေရ ၁၂၀ မွ ၁၅၀ ၀န္းက်င္ခန္႔ ရွိပါတယ္။ ေက်ာင္းအိပ္ေက်ာင္းစား ေနထိုင္ကာ ပညာသင္ၾကားေနပါတယ္။ အျပင္က ေန ့ေက်ာင္းလာတက္သမား ရွိေပမဲ့ နည္းပါတယ္။

အသံလွဴတယ္လို ့ေျပာလိုက္ရင္ အေတာ္ မ်ားမ်ားက ခ၀ဲၿခံမ်က္မျမင္ေက်ာင္းကိုပဲ ေျပးျမင္ၾကပါတယ္။ ေရွ ့ပိုင္း အသံလွဴသူ အေတာ္မ်ားမ်ားကလည္း ခ၀ဲၿခံမ်က္မျမင္ ေက်ာင္းကိုပဲ သြားၾကတာမ်ားေတာ့ ဆက္သြယ္ရမဲ့ ဖုန္းနံပါတ္ကအစ အလြယ္တကူေတြ ့ရေတာ့ အဲဒီကိုပဲ ဆက္သြယ္သြားျဖစ္ၾကပါတယ္။

ကၽြန္မအခုေျပာတဲ့ ေက်ာင္းကေတာ့ ၾကည့္ျမင္တိုင္မ်က္မျမင္ေက်ာင္းပါ။ အဲဒီမွာ အသံလွဴသူ နည္းပါးေနပါ ေသးတယ္။ ၿမိဳ ့ထဲနဲ ့လည္း နီးတာေၾကာင့္ အလြယ္တကူသြားႏိုင္ပါတယ္။

လိပ္စာကေတာ့
ၾကည့္ျမင္တိုင္မ်က္မျမင္ေက်ာင္း
အမွတ္ ၁၃၂၊ ပန္းပင္ႀကီးလမ္း၊ စလင္းကြင္းေရွ ့၊ ၾကည့္ျမင့္တိုင္ၿမိဳ ့နယ္
ဆက္သြယ္ရန္ 01-9317070, 01-9317126

အသံဖမ္းဖို ့အတြက္ ဆက္သြယ္ရန္ ကိုစိန္ဘေထြး 09-420138661 ပါ။

မ်က္မျမင္ကေလးငယ္ေတြအတြက္ ကိုယ့္ကို ဘုရားေပးထားတဲ့ ကိုယ္ပိုင္အသံေတြနဲ႔ ကိုယ္တတ္ႏိုင္တဲ့ ရႈေထာင့္ေလးကေန လိုေနတဲ့ေနရာေလး ေတြကို ကြက္လပ္ျဖည့္ၾကပါစို ့လား။

ေမဇူး
May Zuu with Puzzle Infinity Giver
..........

အမြင်အာရုံချို့ယွင်းနေသူများအား မိမိအသံဖြင့် လှူဒါန်းလိုပါက

အသံလှူတာ ဘယ်လိုလဲဆိုတာ မသိသေးသူတွေအတွက် ရှင်းပြ ချင်ပါတယ်။ညီမငယ်တစ်ယောက််က မေးပါတယ်။

"အမ အသံလှူတယ်ဆိုတာ သီချင်းဆိုပြ ရတာလား" တဲ့။ မဟုတ်ပါဘူးနော်။

အသံလှူတယ်ဆိုတာက အမြင်အာရုံချို ့တဲ့နေတဲ့ကလေးငယ်တွေ နားထောင်နိုင်ဖို ့ သူတို ့သင်ကြားရမဲ့သင်ခန်းစာတွေ၊ သူတို့ အတွက် ဗဟုသုတဖြစ်စေမဲ့ အကြောင်း အရာတွေကို ကိုယ့်အသံနဲ ့ဖတ်ပြတာပါ။ အဓိကကတော့ သူတို ့စိတ်ဝင်စားမဲ့ စာအုပ်လေးတွေကို ကိုယ်တွေက ဖတ်ပြ ပေးတာပါ။

သူတို ့က ဘယ်လိုစာအုပ်မျိုး စိတ်ဝင်စား တတ်ပါသလဲလို ့မေးကြည့်တော့ ဘာသာပြန်ဝတ္ထုတွေ၊ သမိုင်းကြောင်း တွေ၊ ရာဇဝင်ထဲကအဖြစ်အပျက်တွေကို စိတ်ဝင်စားပါသတဲ့။ မြန်မာဝတ္ထုတွေတော့ သူတို့ သိပ်မကြိုက်တတ်ပါဘူးတဲ့။

ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ကိုယ်ယူလာ ပြလို ့ရသလို၊ သူတို ့ဆီမှာရှိတဲ့စာအုပ်တွေ ထဲကလည်း မဖတ်ရသေးတဲ့စာအုပ်တွေကို ဖတ်ပြလို ့ရပါတယ်။ ရက်ချိန်းကြိုယူလို့ရ ့သလို ဖတ်မဲ့စာအုပ်ရွေးဖို့ တစ်ရက် လောက်တော့ ခဏသွားပေးရပါတယ်။
ဒါဆိုရင် ကိုယ် အချိန်ပေးနိုင်မဲ့ရက်မှာ သူတို ့ဘက်ကလည်း အားတယ်ဆိုရင် အသံသွားလှူလို ့ရပါပြီ။

ထူးထူးထွေထွေတော့ အသံသီးခြား စစ်စရာ မလိုပါဘူးတဲ့။ တနလာင်္ကနေ သောကြာ မနက် ၉နာရီမှ ညနေ ၅နာရီအထိ အသံသွင်းလို ့ ရပါတယ်။ ဖတ်လက်စ စာအုပ်မပြီးရင် နောက်ရက် ထပ်လာပြီး အသံသွင်းလို ့ရပါတယ်။ ကို်ယ် တစ်ယောက်ထဲဖြစ်စေ အုပ်စုလိုက်ဖြစ်စေ လာရောက်ပြီး စာအုပ်များဖတ်ပြခြင်းနဲ ့ ကုသိုလ်ယူနိုင်ပါတယ်။

ကလေးများအတွက်အစားအသောက်နဲ ့ မုန် ့များကိုလည်း လှူဒါန်းနိုင်ပါတယ်။ ကလေးဦးရေ ၁၂၀ မှ ၁၅၀ ၀န်းကျင်ခန့် ရှိပါတယ်။ ကျောင်းအိပ်ကျောင်းစား နေထိုင်ကာ ပညာသင်ကြားနေပါတယ်။ အပြင်က နေ ့ကျောင်းလာတက်သမား ရှိပေမဲ့ နည်းပါတယ်။

အသံလှူတယ်လို ့ပြောလိုက်ရင် အတော် များများက ခဝဲခြံမျက်မမြင်ကျောင်းကိုပဲ ပြေးမြင်ကြပါတယ်။ ရှေ ့ပိုင်း အသံလှူသူ အတော်များများကလည်း ခဝဲခြံမျက်မမြင် ကျောင်းကိုပဲ သွားကြတာများတော့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကအစ အလွယ်တကူတွေ ့ရတော့ အဲဒီကိုပဲ ဆက်သွယ်သွားဖြစ်ကြပါတယ်။

ကျွန်မအခုပြောတဲ့ ကျောင်းကတော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းပါ။ အဲဒီမှာ အသံလှူသူ နည်းပါးနေပါ သေးတယ်။ မြို ့ထဲနဲ ့လည်း နီးတာကြောင့် အလွယ်တကူသွားနိုင်ပါတယ်။

လိပ်စာကတော့
ကြည့်မြင်တိုင်မျက်မမြင်ကျောင်း
အမှတ် ၁၃၂၊ ပန်းပင်ကြီးလမ်း၊ စလင်းကွင်းရှေ ့၊ ကြည့်မြင့်တိုင်မြို ့နယ်
ဆက်သွယ်ရန် 01-9317070, 01-9317126

အသံဖမ်းဖို ့အတွက် ဆက်သွယ်ရန် ကိုစိန်ဘထွေး 09-420138661 ပါ။

မျက်မမြင်ကလေးငယ်တွေအတွက် ကိုယ့်ကို ဘုရားပေးထားတဲ့ ကိုယ်ပိုင်အသံတွေနဲ့ ကိုယ်တတ်နိုင်တဲ့ ရှုထောင့်လေးကနေ လိုနေတဲ့နေရာလေး တွေကို ကွက်လပ်ဖြည့်ကြပါစို ့လား။

မေဇူး
May Zuu with Puzzle Infinity Giver

No comments:

Post a Comment