Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 30, 2016

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသက္သက္ခိုင္တို႔ အစည္းအေ၀းတခုတြင္ အေခ်အတင္ စကားမ်ားခဲ့ဟု သတင္းထြက္ေပၚ

ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ ဒဂံုၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚသက္သက္ခိုင္တို႔သည္ ဇြန္ ၂၇ ရက္ ရန္ကုန္တိုင္းေဒသႀကီး အစည္းအေ၀းခန္းမ၌ ျပဳလုပ္သည့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုပြဲတြင္ အေျခအတင္စကားမ်ားခဲ့ေၾကာင္း အစည္းအေ၀းတက္ေရာက္ခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။

“ေဒၚသက္သက္ခိုင္က စကားေျပာတဲ့အခါမွာ သီအိုရီပိုင္းေတြကိုပဲ ေျပာေနလို႔ ၀န္ႀကီးခ်ဳပ္က အစ္မႀကီး သီအိုရီပိုင္းေတြကိုပဲ မေျပာပါနဲ႔ သီအိုရီပိုင္းဆိုရင္ ကၽြန္ေတာ္တို႔လည္း သိပါတယ္လို႔ ေျပာတယ္။ အဲဒါကို ေဒၚသက္သက္ခိုင္က သူ႕အေနနဲ႔ ေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ တေယာက္ျဖစ္တဲ့အတြက္ အေတြ႕ႀကံဳေကာင္းေတြ အမ်ားႀကီးရွိတဲ့ အေၾကာင္းနဲ႔ ၀န္ႀကီးခ်ဳပ္ေျပာေနတုန္းက သူနားေထာင္ေနတဲ့အတြက္ သူေျပာေနတဲ့အခ်ိန္မွာလည္း နားေထာင္ေပးဖို႔ ျပန္ေျပာတာပါ။ ေအးေအးေဆးေဆးပါပဲ”ဟု အစည္းအေ၀းသို႔ တက္ေရာက္ခဲ့သည့္ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက News Watch ဂ်ာနယ္သို႔ ေျပာၾကားသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေဒါက္တာေဒၚသက္သက္ခိုင္အား News Watch မွ ဆက္သြယ္ေမးျမန္းရာတြင္ ၎က ေျဖၾကားလိုျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။

“ဒီျဖစ္စဥ္ မွန္တယ္၊ မမွန္ဘူးဆိုတာထက္ ကၽြန္မ အေနနဲ႔ ေျဖၾကားလိုျခင္းမရွိပါဘူး”ဟု ေဒါက္တာေဒၚသက္သက္ခိုင္က ေျပာသည္။

အဆိုပါ အစည္းအေ၀း၌ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၀င္ ဦး၀င္းထိန္က ၾကားျဖတ္ေရြးေကာက္ပြဲကာလ ၂၀၁၅ ေရြးေကာက္ပြဲကာလမွ NLD သို႔ ၀င္ေရာက္ခဲ့သူမ်ားသည္ NLD ၏ သမိုင္းေၾကာင္း၊ ပါတီအမာခံမ်ား၏ ျဖစ္သန္းမႈကို မသိၾကေၾကာင္း ေျပာၾကားခဲ့သည္။

“ေဒၚစုဆိုရင္ ၁၅ ႏွစ္ ထိန္းသိမ္းခံရတယ္။ နာယကႀကီး ဦးတင္ဦး၊ ဦးဥာဏ္၀င္းတို႔၊ ေဒၚေမ၀င္းျမင့္တို႔၊ ကိုၿဖိဳးမင္းသိန္းတို႔၊ ကၽြန္ေတာ္တို႔တေတြ ဘယ္လို႐ုန္းကန္ခဲ့ရတယ္ဆိုတာ သူတို႔ေခါင္းထဲမွာ သိပ္မရွိဘူး”ဟု ေျပာသည္။

နႏၵမ်ဳိးေဆာင္
News watch journal
.......
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်တို့ အစည်းအဝေးတခုတွင် အချေအတင် စကားများခဲ့ဟု သတင်းထွက်ပေါ်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်တို့သည် ဇွန် ၂၇ ရက် ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် အခြေအတင်စကားများခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ဒေါ်သက်သက်ခိုင်က စကားပြောတဲ့အခါမှာ သီအိုရီပိုင်းတွေကိုပဲ ပြောနေလို့ ၀န်ကြီးချုပ်က အစ်မကြီး သီအိုရီပိုင်းတွေကိုပဲ မပြောပါနဲ့ သီအိုရီပိုင်းဆိုရင် ကျွန်တော်တို့လည်း သိပါတယ်လို့ ပြောတယ်။ အဲဒါကို ဒေါ်သက်သက်ခိုင်က သူ့အနေနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်တဲ့အတွက် အတွေ့ကြုံကောင်းတွေ အများကြီးရှိတဲ့ အကြောင်းနဲ့ ၀န်ကြီးချုပ်ပြောနေတုန်းက သူနားထောင်နေတဲ့အတွက် သူပြောနေတဲ့အချိန်မှာလည်း နားထောင်ပေးဖို့ ပြန်ပြောတာပါ။ အေးအေးဆေးဆေးပါပဲ”ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးက News Watch ဂျာနယ်သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါက်တာဒေါ်သက်သက်ခိုင်အား News Watch မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ဖြေကြားလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“ဒီဖြစ်စဉ် မှန်တယ်၊ မမှန်ဘူးဆိုတာထက် ကျွန်မ အနေနဲ့ ဖြေကြားလိုခြင်းမရှိပါဘူး”ဟု ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောသည်။

အဆိုပါ အစည်းအဝေး၌ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ကြားဖြတ်ရွေးကောက်ပွဲကာလ ၂၀၁၅ ရွေးကောက်ပွဲကာလမှ NLD သို့ ၀င်ရောက်ခဲ့သူများသည် NLD ၏ သမိုင်းကြောင်း၊ ပါတီအမာခံများ၏ ဖြစ်သန်းမှုကို မသိကြကြောင်း ပြောကြားခဲ့သည်။

“ဒေါ်စုဆိုရင် ၁၅ နှစ် ထိန်းသိမ်းခံရတယ်။ နာယကကြီး ဦးတင်ဦး၊ ဦးဉာဏ်ဝင်းတို့၊ ဒေါ်မေဝင်းမြင့်တို့၊ ကိုဖြိုးမင်းသိန်းတို့၊ ကျွန်တော်တို့တတွေ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာ သူတို့ခေါင်းထဲမှာ သိပ်မရှိဘူး”ဟု ပြောသည်။

နန္ဒမျိုးဆောင်
News watch journal

No comments:

Post a Comment