Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 30, 2016

ေတာင္တြင္းႀကီးၿမိဳ႕ေန အမ်ိဳးသားတစ္ဦး မိန္းမခိုးလာစဥ္ မေကြး၌ ဓါးထုိးခံရ

 ေမဖူးပြင့္ စတိုးဆိုင္အတြင္းတြင္ လူတစ္ဦး ေသြးအိုင္ထဲလဲက်ေနေ ဓါတ္ပုံ - People and Police Media
ေတာင္တြင္းႀကီးၿမိဳ႕ေန အမ်ိဳးသားတစ္ဦး မိန္းမခိုးေျပးလာစဥ္ မေကြးၿမိဳ႕၌ ဓါးထိုးခံခဲ့ရမႈ ဇြန္ ၂၉ ရက္က ျဖစ္ပြားခဲ့ေၾကာင္း မေကြးနယ္ေျမရဲစခန္းမွသိရသည္။

 ျဖစ္စဥ္မွာ ဇြန္၂၉ ရက္ ည ၁၀ နာရီအခ်ိန္ကမေကြးၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္၊ရန္ေက်ာ္ရပ္၊ျပည္ေတာ္သာ လမ္းရွိ “ေမဖူးပြင့္” စတိုးဆုိင္ေရွ႕တြင္ ခိုက္ရန္ျဖစ္ပြားေၾကာင္း သတင္းအရ မေကြးနယ္ေျမရဲစခန္းမွ ရဲအုပ္ဝင္းေဇာ္လြင္ သြားေရာက္စစ္ေဆးခဲ့ရာ ရင္ဘတ္တည့္တည့္တြင္ ထိုးသြင္း ဒဏ္ရာျဖင့္သတိလစ္ ေနေသာ အမ်ိဳးသားတစ္ဦးအားေတြ႕ရွိခဲ့ၿပီး ၎မွာ ကိုကိုဦး၊အသက္ ၂၉ ႏွစ္၊ေရႊၾကာအင္းတစ္ ရပ္ကြက္၊ေတာင္တြင္းႀကီးၿမိဳ႕ေနသူျဖစ္ေၾကာင္း သိရွိရၿပီး။

 ေမဖူးပြင့္ စတိုးဆိုင္အတြင္းတြင္ လူတစ္ဦး ေသြးအိုင္ထဲလဲက်ေနေ ဓါတ္ပုံ - People and Police Media
 ျဖစ္စဥ္အားေမးျမန္းစံုစမ္းရာ ကိုကိုဦးသည္ မခင္ေဆြဝင္း၊ အသက္ ၂၂ ႏွစ္၊ေက်ာက္မဲေက်းရြာ၊ဆင္ေပါင္ဝဲၿမိ႕နယ္ေနသူအား လက္ထပ္ေပါင္းသင္းရန္ ခိုးေျပးလာရာ မခင္ေဆြဝင္း၏ ေဆြမ်ိဳးမ်ားျဖစ္ေသာ တစ္ရြာတည္းေန ဝင္းေဇာ္၊အသက္ ၃၄ ႏွစ္၊ျမင့္သိန္း၊ အသက္ ၄၆ ႏွစ္၊ေက်ာ္ဆန္းဦး၊ အသက္ ၂၉ ႏွစ္၊ ရန္ပိုင္စိုး၊အသက္ ၁၈ ႏွစ္ႏွင့္ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ဒႏုန္းေျမာင္ေက်းရြာေန ခ်မ္းေျမ႔ေအာင္၊အသက္ ၂၀ ႏွစ္တို႔မွ ကားျဖင့္လိုက္လာၿပီး ခင္ေဆြဝင္းအား ခိုးယူေပါင္းသင္းသည္ကိုမေက်နပ္ကာ “ ေမဖူးပြင့္” စတိုးဆိုင္အတြင္း၌ ကိုကိုဦးႏွင့္ခင္ေဆြဝင္းတုိ႔အားေတြ႕ရွိစဥ္ ဝင္းေဇာ္ပါငါး ဦးကားေပၚမွဆင္းလာၿပီး ကိုကိုဦးႏွင့္ခင္ေဆြဝင္းတို႔အား ဆိုင္အတြင္းမွ ဆြဲရုန္းေခၚေဆာင္ကာ စတိုးဆိုင္ေရွ႕အဝအေရာက္တြင္ ကိုကိုဦး အား ဝင္းေဇာ္မွ အရိုးေလးလက္မ၊ အသြားေျခာက္လက္မ၊ဗ်က္တစ္လက္မခန္႔ရွိ ဓါးေျမွာင့္ျဖင့္ထိုးရာ ကိုကိုဦးတြင္ ရင္ဘတ္ထိုးသြင္းဒဏ္ရာတစ္ခ်က္ (စိုးရိမ္ရ) ရရွိခဲ့ျခင္းျဖစ္ေၾကာင္း မခင္ေဆြဝင္းမွ ေျပာျပသိရွိခဲ့ျခင္းျဖစ္ေၾကာင္း အမႈစစ္၏ကနဦးစစ္ေဆးခ်က္အရသိရသည္။

 ျဖစ္စဥ္ႏွင့္ပက္သက္၍ ဓါးျဖင့္ထိုးသူ ဝင္းေဇာ္ႏွင့္ အားေပးကူညီသူ ျမင့္သိန္းပါေလးဦးတို႔အား အေရးယူေပးရန္ ရဲအုပ္ဝင္းေဇာ္လြင္မွ တရားလိုျပဳတိုင္ၾကားခဲ့ေသာေၾကာင့္ မေကြးၿမိဳ႕နယ္၊ မေကြးနယ္ေျမရဲစခန္းမွ (ပ)၈၁၄/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၂၆/၁၁၄ ျဖင့္ကနဦးအမႈဖြင့္ထားေၾကာင္းသိရသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
.......

 မေဖူးပွင့် စတိုးဆိုင်အတွင်းတွင် လူတစ်ဦး သွေးအိုင်ထဲလဲကျနေေ ဓါတ်ပုံ - People and Police Media
တောင်တွင်းကြီးမြို့နေ အမျိုးသားတစ်ဦး မိန်းမခိုးပြေးလာစဉ် မကွေးမြို့၌ ဓါးထိုးခံခဲ့ရမှု ဇွန် ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း မကွေးနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇွန်၂၉ ရက် ည ၁၀ နာရီအချိန်ကမကွေးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ရန်ကျော်ရပ်၊ပြည်တော်သာ လမ်းရှိ “မေဖူးပွင့်” စတိုးဆိုင်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းဇော်လွင် သွားရောက်စစ်ဆေးခဲ့ရာ ရင်ဘတ်တည့်တည့်တွင် ထိုးသွင်း ဒဏ်ရာဖြင့်သတိလစ် နေသော အမျိုးသားတစ်ဦးအားတွေ့ရှိခဲ့ပြီး ၎င်းမှာ ကိုကိုဦး၊အသက် ၂၉ နှစ်၊ရွှေကြာအင်းတစ် ရပ်ကွက်၊တောင်တွင်းကြီးမြို့နေသူဖြစ်ကြောင်း သိရှိရပြီး။


 မေဖူးပွင့် စတိုးဆိုင်အတွင်းတွင် လူတစ်ဦး သွေးအိုင်ထဲလဲကျနေေ ဓါတ်ပုံ - People and Police Media
 ဖြစ်စဉ်အားမေးမြန်းစုံစမ်းရာ ကိုကိုဦးသည် မခင်ဆွေဝင်း၊ အသက် ၂၂ နှစ်၊ကျောက်မဲကျေးရွာ၊ဆင်ပေါင်ဝဲမြိ့နယ်နေသူအား လက်ထပ်ပေါင်းသင်းရန် ခိုးပြေးလာရာ မခင်ဆွေဝင်း၏ ဆွေမျိုးများဖြစ်သော တစ်ရွာတည်းနေ ဝင်းဇော်၊အသက် ၃၄ နှစ်၊မြင့်သိန်း၊ အသက် ၄၆ နှစ်၊ကျော်ဆန်းဦး၊ အသက် ၂၉ နှစ်၊ ရန်ပိုင်စိုး၊အသက် ၁၈ နှစ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ဒနုန်းမြောင်ကျေးရွာနေ ချမ်းမြေ့အောင်၊အသက် ၂၀ နှစ်တို့မှ ကားဖြင့်လိုက်လာပြီး ခင်ဆွေဝင်းအား ခိုးယူပေါင်းသင်းသည်ကိုမကျေနပ်ကာ “ မေဖူးပွင့်” စတိုးဆိုင်အတွင်း၌ ကိုကိုဦးနှင့်ခင်ဆွေဝင်းတို့အားတွေ့ရှိစဉ် ဝင်းဇော်ပါငါး ဦးကားပေါ်မှဆင်းလာပြီး ကိုကိုဦးနှင့်ခင်ဆွေဝင်းတို့အား ဆိုင်အတွင်းမှ ဆွဲရုန်းခေါ်ဆောင်ကာ စတိုးဆိုင်ရှေ့အဝအရောက်တွင် ကိုကိုဦး အား ဝင်းဇော်မှ အရိုးလေးလက်မ၊ အသွားခြောက်လက်မ၊ဗျက်တစ်လက်မခန့်ရှိ ဓါးမြှောင့်ဖြင့်ထိုးရာ ကိုကိုဦးတွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာတစ်ချက် (စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း မခင်ဆွေဝင်းမှ ပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ကနဦးစစ်ဆေးချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ဓါးဖြင့်ထိုးသူ ဝင်းဇော်နှင့် အားပေးကူညီသူ မြင့်သိန်းပါလေးဦးတို့အား အရေးယူပေးရန် ရဲအုပ်ဝင်းဇော်လွင်မှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ (ပ)၈၁၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့်ကနဦးအမှုဖွင့်ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment