Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 17, 2016

ထိုင္းႏိုင္ငံေရာက္ ျမန္မာ ဒုကၡသည္ေတြနဲ႔ ေဒၚေအာင္ဆန္း စုၾကည္ ေတြ႕ဆံုမည္

ေဒၚေအာင္ဆန္းစုၾကည္ ကို ၂ဝ၁၄ ခုႏွစ္က ခ်င္းျပည္နယ္ခရီးစဥ္တစ္ခုမွာ ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/RFA
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ဟာ အခုလ ၂၃ ရက္ကေန ၂၅ ရက္ေန႔အထိ ထိုင္းႏိုင္ငံကို သံုးရက္ၾကာ သြားေရာက္မွာျဖစ္ၿပီး ခရီးစဥ္အတြင္း ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြ အမ်ားစု လုပ္ကိုင္ေနၾကတဲ့ မဟာခ်ိဳင္နဲ႔ ထိုင္း-ျမန္မာ နယ္စပ္ မယ္လဒုကၡသည္စခန္းေတြကို သြားေရာက္မွာျဖစ္ ပါတယ္။

ျမန္မာေရႊေျပာင္းလုပ္သားေတြ၊ ဒုကၡသည္ေတြနဲ႔ ေတြ႕ဆံုၿပီးေနာက္မွသာ ထိုင္းအစိုးရအဖြဲ႔ တာဝန္ရွိသူေတြ နဲ႔ ေတြ႔ဆံုမွာျဖစ္တယ္လို႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအဖြဲ႔ရဲ႕ ဒါရိုက္တာ ဦးေက်ာ္ေသာင္း က ေျပာ ပါတယ္။

"အလုပ္သမားစုစုေဝးေဝး အမ်ားႀကီးရွိတဲ့ေနရာျဖစ္တဲ့ဲ့ မဟာခ်ိဳင္ကအလုပ္သမားေတြနဲ႔ ေတ႔ြမွာ ဆိုတာျဖစ္တဲ့အတြက္ အဲ့ဒီမဟာခ်ိဳင္နယ္ေျမမွာပဲ က်ေနာ္တို႔ရွာထားရတာကိုး၊ ၂၃ ရက္ေန႔ အလုပ္သမားေတြနဲ႔ေတြ႔မယ္၊ ၂၄ ရက္ေန႔ ျမန္မာဒုကၡသည္စခန္းေတြသြားမယ္၊ မေလးရွားအနီး ပတ္ဝန္းက်င္ မယ္လဒုကၡသည္စခန္းဘက္လို႔ေတာ့ အၾကမ္းအားျဖင့္သိထားတယ္၊ ၂၅ ရက္ေန႔မွာ ထိုင္းအစိုးရနဲ႔ စကားေျပာမယ္လို႔ ေျပာတယ္၊ ဒီအခင္းအက်င္းကို ၾကည့္ျခင္းအားျဖင့္ အလုပ္သမားေတြ ဆီကရရွိတဲ့ သတင္းအခ်က္အလက္ရယ္၊ အဲ့ဒီဒုကၡသည္စခန္းေတြရဲ႕ အခင္းအက်င္းေတြရယ္၊ အကုန္လံုး စုၿပံဳၿပီးေတာ့မွ ထိုင္းအစိုးရနဲ႔ စကားေျပာမယ္လို႔ က်ေနာ္တို႔ခန္႔မွန္းတယ္"

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မဟာခ်ိဳင္က ျမန္မာအလုပ္သမားေတြနဲ႔ ေတြ႕ဆံုႏိုင္ဖို႔အတြက္ အလုပ္သမား အေရး ေဆာင္ရြက္ေနသူေတြကို စီစဥ္ေပးဖို႔ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးဝင္းေမာင္ က အကူ အညီေတာင္းထားတာေၾကာင့္ စီစဥ္ေပးေနတယ္လို႔ ဦးေက်ာ္ေသာင္းက ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း ထိုင္းအစိုးရက ျမန္မာေရႊ႕ေျပာင္းလုပ္သားေတြကို ေရွာင္တခင္ ဖမ္းဆီးမႈေတြလည္း ဆက္တိုက္ေဆာင္ရြက္ေနတယ္လို႔ ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ အလုပ္သမားေတြဟာ ဥပေဒအရ ေထာင္ ၄၈ ရက္က်ခံရၿပီး လြတ္ေျမာက္လာတဲ့အခါ ထိုင္း-ျမန္မာ နယ္စပ္ကို ျပန္လည္ပို႔ေဆာင္ခံၾကရတယ္လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ ျမန္မာလုပ္သား ၅ သန္းခန္႔ရွိၿပီး တရားဝင္မွတ္ပံုတင္ၿပီး အလုပ္လုပ္ေနတဲ့ လုပ္သားေပါင္းဟာ ၁. ၅ သန္းသာ ရွိတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....

ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၄ ခုနှစ်က ချင်းပြည်နယ်ခရီးစဉ်တစ်ခုမှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံကို သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု လုပ်ကိုင်နေကြတဲ့ မဟာချိုင်နဲ့ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ် ပါတယ်။

မြန်မာရွှေပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီးနောက်မှသာ ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော ပါတယ်။

"အလုပ်သမားစုစုဝေးဝေး အများကြီးရှိတဲ့နေရာဖြစ်တဲဲ့့ မဟာချိုင်ကအလုပ်သမားတွေနဲ့ တွေ့မှာ ဆိုတာဖြစ်တဲ့အတွက် အဲ့ဒီမဟာချိုင်နယ်မြေမှာပဲ ကျနော်တို့ရှာထားရတာကိုး၊ ၂၃ ရက်နေ့ အလုပ်သမားတွေနဲ့တွေ့မယ်၊ ၂၄ ရက်နေ့ မြန်မာဒုက္ခသည်စခန်းတွေသွားမယ်၊ မလေးရှားအနီး ပတ်ဝန်းကျင် မယ်လဒုက္ခသည်စခန်းဘက်လို့တော့ အကြမ်းအားဖြင့်သိထားတယ်၊ ၂၅ ရက်နေ့မှာ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ပြောတယ်၊ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် အလုပ်သမားတွေ ဆီကရရှိတဲ့ သတင်းအချက်အလက်ရယ်၊ အဲ့ဒီဒုက္ခသည်စခန်းတွေရဲ့ အခင်းအကျင်းတွေရယ်၊ အကုန်လုံး စုပြုံပြီးတော့မှ ထိုင်းအစိုးရနဲ့ စကားပြောမယ်လို့ ကျနော်တို့ခန့်မှန်းတယ်"

ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် အလုပ်သမား အရေး ဆောင်ရွက်နေသူတွေကို စီစဉ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က အကူ အညီတောင်းထားတာကြောင့် စီစဉ်ပေးနေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရှောင်တခင် ဖမ်းဆီးမှုတွေလည်း ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေဟာ ဥပဒေအရ ထောင် ၄၈ ရက်ကျခံရပြီး လွတ်မြောက်လာတဲ့အခါ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်ခံကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅ သန်းခန့်ရှိပြီး တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်နေတဲ့ လုပ်သားပေါင်းဟာ ၁. ၅ သန်းသာ ရှိတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment