CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 17, 2016
ရွှေဈေး (၈)သိန်းကျော်မြင့်တက် ပြန်လည်ရောင်းချသူများပြား
ကမ္ဘာရွှေဈေးနှုန်းမြင့်တက်နေမှုကြောင့် ဈေးကွက်အတွင်းမှာ ပြန်လည်ရောင်းချသူတွေများ နေတယ်လို့သိရပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ လတ်တလောမြင့်တတ်နေပြီး ဇွန်လ(၁၆)ရက်မှာ ပြည်တွင်းရွှေဈေးနှုန်းဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၈၁၀၀၀၀) ၀န်းကျင်နဲ့ စံချိန်တင်မြင့်တတ်ခဲ့ကာ တစ်ပတ်အတွင်းမှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ၃သောင်းဝန်းကျင်လောက်မြင့်တတ်သွားခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေအထွေအတွင်းရေးမှူး ဦးကျော်ဝင်းက 5Plusကိုပြောပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာရွှေဈေးနှုန်းဟာ ဒီတစ်ပတ်အတွင်းတစ်ကျပ်သားကို ကျပ် (၇၈၀၀၀၀)၀န်းကျင်ကနေ မြင့်တက်လာတာဖြစ်ပြီး ဇွန်လ(၁၆)ရက်နေ့ဈေးဖွင့်ချိန်မှာတော့ ကျပ် (၈၀၄၅၀၀)နဲ့ဈေးဖွင့်ခဲ့ကာ နေ့လည်ပိုင်းမှာတော့ ကျပ် (၈၁၀၀၀၀)ထိဈေးမြင့်တတ်ခဲ့ပါတယ်။ ညနေဈေးပိတ်ချင်မှာတော့ ကျပ် (၈၀၉၀၀၀)၀န်းကျင် ဖြစ်တယ်လို့လည်း ဦးကျော်ဝင်း ကပြောပါတယ်။ ဒါ့အပြင်ရွှေဈေးနှုန်းဟာ လာမယ့်တစ်ပတ်အတွင်း (၈)သိန်းဝန်းကျင်နဲ့ ဈေးငြိမ်မယ့် အနေအထားမှာရှိနေနိုင်သေးပြီး ဈေးနှုန်းအတတ်အကျကတော့ ကမ္ဘာ့ရွှေဈေးနှုန်းပေါ်မှာမှုတည်နေတဲ့အတွက် ကမ္ဘာ့ရွှေဈေးကိုပဲ စောင့်ကြည့် ရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ ဒီလိုရွှေဈေးနှုန်းမြင့်တတ်နေတဲ့ အတွက် လက်ရှိအချိန်မှာ ရွှေဈေးကွက်အတွင်း ရွှေပြန်ရောင်းချတဲ့သူများနေပြီး ဇွန်လ (၁၆)ရက် တစ်ရက်အတွင်းမှာပဲ ရွှေဆိုင်မှာ ရွှေပြန်သွင်းတာဟာ (၈)ပိသာဝန်းကျင်ခဲ့ရှိတယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အရောင်းတာဝန်ခံ ကိုမျိုးမျိုးအောင်ကပြောပါတယ်။
ဇွန်လ(၁၇)ရက်မှာတော့ ရန်ကုန်ရွှေဈေးနှုန်းဟာ နေ့လည်(၁၂)နာရီ ၀န်းကျင်မှာ အခေါက်ရွှေတစ်ကျပ်သားကို ရောင်းဈေး (၈၀၂၉၀၀)နဲ့ ၀ယ်ဈေးမှာ (၈၀၂၇၀၀)ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို (၁၂၈၄)ဒေါ်လာရှိနေတယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းရွှေဈေးကွက်မှာ ရွှေဈေးနှုန်းဟာ ကျပ်(၈၀၁၅၀၀)ထိမြင့်တတ်ခဲ့ပြီး နာရီပိုင်းအတွင်း ဈေးပြန်လည်ကျဆင်းခဲ့ပါတယ်။
5 Plus News
........
ကမ္ဘာရွှေစျေးနှုန်းမြင့်တက်နေမှုကြောင့် စျေးကွက်အတွင်းမှာ ပြန်လည်ရောင်းချသူတွေများ နေတယ်လို့သိရပါတယ်။ ပြည်တွင်းရွှေစျေးနှုန်းဟာ လတ်တလောမြင့်တတ်နေပြီး ဇွန်လ(၁၆)ရက်မှာ ပြည်တွင်းရွှေစျေးနှုန်းဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၈၁၀၀၀၀) ၀န်းကျင်နဲ့ စံချိန်တင်မြင့်တတ်ခဲ့ကာ တစ်ပတ်အတွင်းမှာ ရွှေစျေးနှုန်းဟာ တစ်ကျပ်သားကို ၃သောင်းဝန်းကျင်လောက်မြင့်တတ်သွားခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေအထွေအတွင်းရေးမှူး ဦးကျော်ဝင်းက 5Plusကိုပြောပါတယ်။
ပြည်တွင်းရွှေစျေးကွက်မှာရွှေစျေးနှုန်းဟာ ဒီတစ်ပတ်အတွင်းတစ်ကျပ်သားကို ကျပ် (၇၈၀၀၀၀)၀န်းကျင်ကနေ မြင့်တက်လာတာဖြစ်ပြီး ဇွန်လ(၁၆)ရက်နေ့စျေးဖွင့်ချိန်မှာတော့ ကျပ် (၈၀၄၅၀၀)နဲ့စျေးဖွင့်ခဲ့ကာ နေ့လည်ပိုင်းမှာတော့ ကျပ် (၈၁၀၀၀၀)ထိစျေးမြင့်တတ်ခဲ့ပါတယ်။ ညနေစျေးပိတ်ချင်မှာတော့ ကျပ် (၈၀၉၀၀၀)၀န်းကျင် ဖြစ်တယ်လို့လည်း ဦးကျော်ဝင်း ကပြောပါတယ်။ ဒါ့အပြင်ရွှေစျေးနှုန်းဟာ လာမယ့်တစ်ပတ်အတွင်း (၈)သိန်းဝန်းကျင်နဲ့ စျေးငြိမ်မယ့် အနေအထားမှာရှိနေနိုင်သေးပြီး စျေးနှုန်းအတတ်အကျကတော့ ကမ္ဘာ့ရွှေစျေးနှုန်းပေါ်မှာမှုတည်နေတဲ့အတွက် ကမ္ဘာ့ရွှေစျေးကိုပဲ စောင့်ကြည့် ရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ ဒီလိုရွှေစျေးနှုန်းမြင့်တတ်နေတဲ့ အတွက် လက်ရှိအချိန်မှာ ရွှေစျေးကွက်အတွင်း ရွှေပြန်ရောင်းချတဲ့သူများနေပြီး ဇွန်လ (၁၆)ရက် တစ်ရက်အတွင်းမှာပဲ ရွှေဆိုင်မှာ ရွှေပြန်သွင်းတာဟာ (၈)ပိသာဝန်းကျင်ခဲ့ရှိတယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အရောင်းတာဝန်ခံ ကိုမျိုးမျိုးအောင်ကပြောပါတယ်။
ဇွန်လ(၁၇)ရက်မှာတော့ ရန်ကုန်ရွှေစျေးနှုန်းဟာ နေ့လည်(၁၂)နာရီ ၀န်းကျင်မှာ အခေါက်ရွှေတစ်ကျပ်သားကို ရောင်းစျေး (၈၀၂၉၀၀)နဲ့ ၀ယ်စျေးမှာ (၈၀၂၇၀၀)ရှိပြီး ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စကို (၁၂၈၄)ဒေါ်လာရှိနေတယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းရွှေစျေးကွက်မှာ ရွှေစျေးနှုန်းဟာ ကျပ်(၈၀၁၅၀၀)ထိမြင့်တတ်ခဲ့ပြီး နာရီပိုင်းအတွင်း စျေးပြန်လည်ကျဆင်းခဲ့ပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
ရွှေဈေး (၈)သိန်းကျော်မြင့်တက် ပြန်လည်ရောင်းချသူများပြား
Reviewed by MP4 YoU
on
June 17, 2016
Rating: 5
Reviewed by MP4 YoU
on
June 17, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment