Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 17, 2016
မြန်မာလယ်သမား ၁၀၀ကျော် နယ်ခြားမြစ် ရေစီးကို ပိတ်ဆို့ တားဆီးနေကြောင်း ထိုင်းသတင်းကဖေါ်ပြ
Breaking news on 17June2016
......
Breaking news on 17June2016
မြန်မာနဲ ့ ထိုင်းနယ်ခြား တာချီလိတ် နဲ ့ မယ်စိုင် ကို ဖြတ်သန်းစီးဆင်းနေတဲ့ မဲခေါင် မြစ်လက်တက် တခုကို ဇွန်လ (၁၇)ရက်နေ ့ယနေ ့မနက်ပိုင်းက မြန်မာလယ်သမား ၁၀၀ ကျော်က ရေစီးလမ်းကြောင်းကို မြေဖို ့ ပိတ်ဆို ့နေကြကြောင်း ထိုင်နိုင်ငံပြည်တွင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
တာချီလိတ်မြို ့နယ် မြစ်အထက်ပိုင်းက တရုတ်စက်ရုံတွေကစွန် ့ပစ်နေတဲ့ အညစ်အကြေးတွေကြောင့် မြစ်ရေဟာ အဝါရောင်ပြောင်းသွားခဲ့လို ့ ရေစီး ကို အားကိုးနေရတဲ့ ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးမှာကို ကာကွယ် တာဖြစ်တယ်လို ့ မြန်မာလယ်သမားတွေက ပြောဆိုခဲ့ပါတယ်။
မဲခေါင်မြစ်ဟာ ၄၆၆၀ ကီလိုမီတာ ရှည်လျားပြီးတိဗက်လွင်ပြင်မှစတင် မြစ်ဖျား ခံပြီး၊ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်ကို ဖြတ်သန်း စီးဆင်းကာ မြန်မာ ထိုင်း-လာအို အဖွဲ့ဝင် လေးနိုင်ငံနှင့် ဆက်စပ်စီးဆင်းပြီး နောက်ဆုံး ဗီယက်နမ် တောင် ပိုင်းမှ တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်ခဲ့တာပါ။
တရုတ်ကိုဖြတ်စီးခဲ့လို ့ မဲခေါင်မြစ်ကံကြမ္မာဆိုးနဲ ့ ရင်ဆိုင်ခဲ့ရတာကတော့ မြစ်ကစီးနေတဲ့ ရေတွေကို ဆည်ကြီး(၈) ခုတည်ဆောင် မောင်ပိုင်စီး ထားခဲ့တော့ မဲခေါင်မြစ်ရေ အကြီးအကျယ် ခမ်းခြောက်သွားခဲ့ဖူးပါတယ်။ ။
Social Action for Women - SAW
No comments:
Post a Comment