Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 6, 2016



By netsetaw - May 31, 2016


(၁) ဘယ်ရီသီး








(၂) ကြက်ဥ




(၃) ဒိန်ချဉ်




(၄) ရေနွေးကြမ်း




(၅) ချင်း(ဂျင်း)




နတ်စည်တော် (Shwemom)


......................................


အဆီကျချင်ရင် စားသင့်တဲ့အစားအစာများ
By netsetaw - May 31, 2016

စားသမျှ အစားအစာတွေအတွက် လေ့ကျင့်ခန်းလည်း မလုပ်နိုင်၊ ကျန်းမာရေးနဲ့လည်း မညီညွှတ်၊ သင်ဟာ အဲဒီအစားအစာတွေကို မငြင်းပယ်နိုင်စွာ နေ့စဉ်စားခဲ့ရသူတစ်ယောက် ဖြစ်နေတယ်ဆိုရင် သင့်အသက်ကို လောလောဆယ် 30 ပဲထားဦးပါဦး … ဒီလိုအချိန်မှာ သင်ဟာ သင့်ခန္ဓာကိုယ် ဖွဲစည်းပုံနဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်နေမယ်ဆိုတာ သေချာသလောက်ပါဘဲ။ ဒီတော့ သင့်ခန္ဓာကိုယ်ထဲက အဆီပိုတွေကို မပင်မပန်း ဖယ်ထုတ်နိုင်တဲ့နည်းကို Shwemom က မျှဝေ လိုက်ပါတယ်။

(၁) ဘယ်ရီသီး








ဘယ်ရီမျိုးရင်းဝင် အသီးတွေဟာ အဓိကအားဖြင့်တော့ ဗီတာမင် C, B-12, ပိုတက်စီယမ်ဓာတ်တွေ ပါ၀င်ပါတယ်။ နေ့စဉ်အစာစားပြီးတာနဲ့ ဘယ်ရီသီးများများစားပေးပါက စားသမျှအစားအစာတွေကို အဆီပိုတွေ မဖြစ်စေပါဘူး။ ဒါ့အပြင် ကိုယ်တွင်း အဆီပိုတွေကိုလည်း လွယ်ကူစွာ ကျဆင်းစေပါတယ်။

(၂) ကြက်ဥ




ကြက်ဥမှာတော့ ဗီတာမင် A,C,B-6,B-12 စတဲ့ဓာတ်တွေအပြင် ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝကိုလက်စထရောဓာတ်တို့ ပါ၀င်ပါတယ်။ အစာကို မြန်စွာကြေညက်စေပြီး၊ အားအင်းကို ပေးကာ ကိုယ်တွင်းအဆီလောင်ကျွမ်းမှုကိုလည်း ကျေးဇူးပြုပါတယ်။

(၃) ဒိန်ချဉ်




ဆေးဘက်ဝင် ဒိန်ချဉ်မှာတော့ ဗီတာမင် အုပ်စုတွေ၊ ဆိုဒီယမ်၊ ပိုတက်စီယံအစရှိတဲ့ ဓာတ်တွေ ပါ၀င်ပါတယ်။ နေ့စဉ် ပုံမှန်သောက်ပေးပါက အဆီကို ကျစေပြီး သက်ရှည်ကျန်းမာခြင်းကို ပေးစွမ်းနိုင်ပါတယ်။

(၄) ရေနွေးကြမ်း




မြန်မာနိုင်ငံမှာ ပေါပေါလောလော ရနိုင်တဲ့ ရေနွေးကြမ်းကိုလည်း ပုံမှန်သောက်ပေးပါက အဆီကို ကျစေပါတယ်။ အချို့ဒေသများမှာတော့ လက်ဖက်ညွှန့်ကို သဘာဝအတိုင်း ခူးပြီး သောက်တာမျိုးကလည်း ပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

(၅) ချင်း(ဂျင်း)




ချင်းကို များသောအားဖြင့် ရေနွေးနဲ့ အနည်းငယ်စိမ်ပြီး သောက်လေ့ရှိကြပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ ဓလေ့ဖြစ်ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ အဆီပိုတွေကို အလျှင်အမြန် ချေဖြတ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ် အလေးချိန်လျှော့ရာမှာလည်း ထိရောက်မှုတွေ ပေးပါတယ်။

နတ်စည်တော် (Shwemom)

source : cookinglight.com


No comments:

Post a Comment