Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 6, 2016

အုိင္စတုိင္းေပးခဲ့တဲ့ အဖုိးတန္ဘ၀အေတြးအေခၚမ်ား

အုိင္စတုိင္းေပးခဲ့တဲ့ အဖုိးတန္ဘ၀အေတြးအေခၚမ်ား
By netsetaw - June 3, 2016



အဲလ္ဘတ္အုိင္စတုိင္းကုိ လူတုိင္းသိပါလိမ့္မယ္။ ႐ူပေဗဒနဲ႔ပတ္သက္တဲ့ သီအုိရီေတြကုိ ေဖာ္ထုတ္ခဲ့ၿပီး 1921 ခုႏွစ္မွာ ႐ူပေဗဒႏုိဘယ္ဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ ကမာၻေက်ာ္ပုဂၢိဳလ္ႀကီး အုိင္စတုိင္းရဲ႕ သိမွတ္ဖြယ္ရာ ဘ၀အေတြးအေခၚေတြကုိ Shwemom က ေဖာ္ျပလုိက္ပါတယ္။

(၁) ဉာဏ္ပညာရဲ႕ အတုိင္းအတာဟာ ေျပာင္းလဲဖုိ႔အတြက္ စြမ္းရည္ျဖစ္တယ္။

ဒီစကားရဲ႕အဓိပၸါယ္ကေတာ့ ကၽြန္ေတာ္တုိ႔တစ္ေတြဟာ ကိုယ့္ဉာဏ္စြမ္းရွိသေလာက္ စုိက္ထုတ္ဖုိ႔လုိတယ္လုိ႔ အသိေပး
ျခင္း ျဖစ္ပါတယ္။ ဉာဏ္ပညာအာ အရာရာကုိ ေျပာင္းလဲႏုိင္တဲ့ မူလအရင္းအျမစ္ စြမ္းရည္ျဖစ္တယ္။ ဒီစြမ္းအင္ကုိ ကၽြန္
ေတာ္တုိ႔ အျပည့္အ၀ ထုတ္သုံးဖုိ႔ လုိပါတယ္။

(၂) ကၽြန္ေတာ့္မွာ ေထြေထြထူးထူး ပင္ကုိယ္စြမ္းရည္ရယ္လုိ႔ မရွိပါဘူး၊ ကၽြန္ေတာ့္မွာ အရာရာကုိ ျပင္းျပင္းရွရွ စူးစမ္းလုိစိတ္,သိလုိစိတ္သာ ရွိပါတယ္။



ကၽြန္ေတာ္တုိ႔တစ္ေတြဟာ Talent ရွိတယ္၊ မရွိဘူးဆုိၿပီး လူေတြကုိ ပိုင္းျခားဆုံးျဖတ္တတ္ပါတယ္။ တကယ္ေတာ့ ဒါဟာ ေယဘုယ်အားျဖင့္ မွားယြင္းၿပီး ငယ္စဥ္မွစၿပီး အသက္ရွင္ေနရတဲ့ ကာလသက္တမ္းတစ္ေလွ်ာက္ အရာရာကုိ သိလုိစိတ္
ျပင္းျပစြာနဲ႔ ေလ့လာျခင္း၊ စူးစမ္းဆင္ျခင္ျခင္း၊ သိမွတ္လက္ခံျခင္းစြမ္းရည္ေတြသာ ရွိေနသမွ် ထုိလူဟာ Talent ရွိေနပါ
ေသးတယ္။

(၃) တစ္ခါမွ မမွားဖူးဘူးဆုိတဲ့ လူဟာ ဘာကုိမွ မယ္မယ္ရရ မလုပ္ဖူးေသးတဲ့သူပဲ။

ကၽြန္ေတာ္တုိ႔တစ္ေတြဟာ မွားမွာ ေၾကာက္ၾကပါတယ္။ နည္းနည္းပဲ ျဖစ္ျဖစ္၊ မ်ားမ်ားပဲျဖစ္ျဖစ္ မွားမွာ ေၾကာက္ၾကပါ
တယ္။ ဒီေၾကာက္စိတ္ကပဲ ကၽြန္ေတာ္တုိ႔ရဲ႕ စြန္႔ဦးတီထြင္လုိစိတ္၊ ႀကိဳးစားလုိစိတ္၊ ေအာင္ျမင္လုိစိတ္ကုိ သတ္ပစ္ပါတယ္။ မွားမွာကုိ ေၾကာက္တဲ့သူဟာ ေအာင္ျမင္မႈကုိ ေၾကာက္တဲ့သူ ျဖစ္ပါတယ္။ မွားခ်င္သေလာက္ မွားပါေစ၊ အလုပ္ေတြ
ဆက္လုပ္ေနမယ္ဆုိတဲ့သူကေတာ့ ေအာင္ျမင္ထူးခၽြန္သြားၾကတာပါဘဲ။

(၄) လူတစ္ေယာက္ရဲ႕တန္ဖုိးကုိ ဘာေတြ ယူသြားသလဲဆုိတာထက္ ဘာေတြ ေပးခဲ့သလဲဆုိတာနဲ႔ပဲ တုိင္းတာသင့္တယ္။


လူတစ္ေယာက္ ဘယ္ေလာက္ပဲ ထူးခၽြန္ေနတယ္၊ ထက္ျမတ္ေနတယ္၊ ေတာ္ေနတယ္-ဆုိတာကုိ ပုဂၢိဳလ္ေရး အျမင္ရ မ
ၾကည့္ပါနဲ႔၊ သူဟာ ေလာကႀကီးအတြက္ ဘာေတြ ေပးခဲ့သလဲဆုိတာကုိသာ ၾကည့္ပါ။ ဘာမွ မေပးခဲ့ႏုိင္ရင္ ဘာတန္ဖုိးမွ မ
ရွိပါဘူး။ လူတစ္ေယာက္ဟာ ျပင္ပ လူေနမႈ ဘ၀ ဘယ္ေလာက္ပဲ စုတ္ျပတ္ေနပါေစ ပတ္၀န္းက်င္ကို ဘာေတြ အက်ိဳးျပဳသြားသလဲဆုိတာကုိပဲ ၾကည့္ပါ။ အက်ိဳးရွိတာတစ္ခုခုကုိ ေပးခဲ့ရင္ အဲဒီလူဟာ တန္ဖုိးရွိသူပဲ။ ဒါဟာ လူေတြနဲ႔ တုိက္႐ုိက္
အခ်ိဳးက်တဲ့ တန္ဖုိး သတ္မွတ္မႈပါဘဲ။

(၅) စိတ္ကုိ အလုိလုိက္ေလ၊ စိတ္က သင့္ကို အလုိမလုိက္ေလပဲ။

ကၽြန္ေတာ္တုိ႔တစ္ေတြဟာ ကို္ယ့္အတၱေတြကုိ ေရွ႕တန္းတင္ၿပီး စိတ္ကုိ အလုိလုိက္ၾကပါတယ္။ ဒီလုိလုပ္ေလ ကိုယ့္မွာ
လုိအပ္ခ်က္ေတြ ရွိေလပါဘဲ။ လုိအပ္ခ်က္ေတြ ရွိေလ စိတ္ကေလး ေက်နပ္သြားေအာင္ လုိအပ္ခ်က္ေတြေနာက္ လုိက္ေလ … အဲဒီတစ္ခု ရလာတဲ့ေနာက္ပုိင္း စိတ္ကေန တစ္ခုခုကို ဆာေလာင္လုိအပ္ေလ … ျဖစ္တတ္ပါတယ္။

နတ္စည္ေတာ္ (Shwemom )

source : lifehack.org

....................................

အိုင်စတိုင်းပေးခဲ့တဲ့ အဖိုးတန်ဘဝအတွေးအခေါ်များ
By netsetaw - June 3, 2016

အဲလ်ဘတ်အိုင်စတိုင်းကို လူတိုင်းသိပါလိမ့်မယ်။ ရူပဗေဒနဲ့ပတ်သက်တဲ့ သီအိုရီတွေကို ဖော်ထုတ်ခဲ့ပြီး 1921 ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး အိုင်စတိုင်းရဲ့ သိမှတ်ဖွယ်ရာ ဘဝအတွေးအခေါ်တွေကို Shwemom က ဖော်ပြလိုက်ပါတယ်။

(၁) ဉာဏ်ပညာရဲ့ အတိုင်းအတာဟာ ပြောင်းလဲဖို့အတွက် စွမ်းရည်ဖြစ်တယ်။

ဒီစကားရဲ့အဓိပ္ပါယ်ကတော့ ကျွန်တော်တို့တစ်တွေဟာ ကိုယ့်ဉာဏ်စွမ်းရှိသလောက် စိုက်ထုတ်ဖို့လိုတယ်လို့ အသိပေး
ခြင်း ဖြစ်ပါတယ်။ ဉာဏ်ပညာအာ အရာရာကို ပြောင်းလဲနိုင်တဲ့ မူလအရင်းအမြစ် စွမ်းရည်ဖြစ်တယ်။ ဒီစွမ်းအင်ကို ကျွန်
တော်တို့ အပြည့်အဝ ထုတ်သုံးဖို့ လိုပါတယ်။

(၂) ကျွန်တော့်မှာ ထွေထွေထူးထူး ပင်ကိုယ်စွမ်းရည်ရယ်လို့ မရှိပါဘူး၊ ကျွန်တော့်မှာ အရာရာကို ပြင်းပြင်းရှရှ စူးစမ်းလိုစိတ်,သိလိုစိတ်သာ ရှိပါတယ်။



ကျွန်တော်တို့တစ်တွေဟာ Talent ရှိတယ်၊ မရှိဘူးဆိုပြီး လူတွေကို ပိုင်းခြားဆုံးဖြတ်တတ်ပါတယ်။ တကယ်တော့ ဒါဟာ ယေဘုယျအားဖြင့် မှားယွင်းပြီး ငယ်စဉ်မှစပြီး အသက်ရှင်နေရတဲ့ ကာလသက်တမ်းတစ်လျှောက် အရာရာကို သိလိုစိတ်
ပြင်းပြစွာနဲ့ လေ့လာခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ သိမှတ်လက်ခံခြင်းစွမ်းရည်တွေသာ ရှိနေသမျှ ထိုလူဟာ Talent ရှိနေပါ
သေးတယ်။

(၃) တစ်ခါမှ မမှားဖူးဘူးဆိုတဲ့ လူဟာ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖူးသေးတဲ့သူပဲ။

ကျွန်တော်တို့တစ်တွေဟာ မှားမှာ ကြောက်ကြပါတယ်။ နည်းနည်းပဲ ဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် မှားမှာ ကြောက်ကြပါ
တယ်။ ဒီကြောက်စိတ်ကပဲ ကျွန်တော်တို့ရဲ့ စွန့်ဦးတီထွင်လိုစိတ်၊ ကြိုးစားလိုစိတ်၊ အောင်မြင်လိုစိတ်ကို သတ်ပစ်ပါတယ်။ မှားမှာကို ကြောက်တဲ့သူဟာ အောင်မြင်မှုကို ကြောက်တဲ့သူ ဖြစ်ပါတယ်။ မှားချင်သလောက် မှားပါစေ၊ အလုပ်တွေ
ဆက်လုပ်နေမယ်ဆိုတဲ့သူကတော့ အောင်မြင်ထူးချွန်သွားကြတာပါဘဲ။

(၄) လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာတွေ ယူသွားသလဲဆိုတာထက် ဘာတွေ ပေးခဲ့သလဲဆိုတာနဲ့ပဲ တိုင်းတာသင့်တယ်။


လူတစ်ယောက် ဘယ်လောက်ပဲ ထူးချွန်နေတယ်၊ ထက်မြတ်နေတယ်၊ တော်နေတယ်-ဆိုတာကို ပုဂ္ဂိုလ်ရေး အမြင်ရ မ
ကြည့်ပါနဲ့၊ သူဟာ လောကကြီးအတွက် ဘာတွေ ပေးခဲ့သလဲဆိုတာကိုသာ ကြည့်ပါ။ ဘာမှ မပေးခဲ့နိုင်ရင် ဘာတန်ဖိုးမှ မ
ရှိပါဘူး။ လူတစ်ယောက်ဟာ ပြင်ပ လူနေမှု ဘဝ ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ ပတ်ဝန်းကျင်ကို ဘာတွေ အကျိုးပြုသွားသလဲဆိုတာကိုပဲ ကြည့်ပါ။ အကျိုးရှိတာတစ်ခုခုကို ပေးခဲ့ရင် အဲဒီလူဟာ တန်ဖိုးရှိသူပဲ။ ဒါဟာ လူတွေနဲ့ တိုက်ရိုက်
အချိုးကျတဲ့ တန်ဖိုး သတ်မှတ်မှုပါဘဲ။

(၅) စိတ်ကို အလိုလိုက်လေ၊ စိတ်က သင့်ကို အလိုမလိုက်လေပဲ။

ကျွန်တော်တို့တစ်တွေဟာ ကို်ယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး စိတ်ကို အလိုလိုက်ကြပါတယ်။ ဒီလိုလုပ်လေ ကိုယ့်မှာ
လိုအပ်ချက်တွေ ရှိလေပါဘဲ။ လိုအပ်ချက်တွေ ရှိလေ စိတ်ကလေး ကျေနပ်သွားအောင် လိုအပ်ချက်တွေနောက် လိုက်လေ … အဲဒီတစ်ခု ရလာတဲ့နောက်ပိုင်း စိတ်ကနေ တစ်ခုခုကို ဆာလောင်လိုအပ်လေ … ဖြစ်တတ်ပါတယ်။

နတ်စည်တော် (Shwemom )

source : lifehack.org

No comments:

Post a Comment