Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

ထိုင္းခရီးစဥ္ေအာင္ျမင္ခဲ့လား‬။


ကမ႓ာသိျမန္မာေခါင္းေဆာင္ အေမစုရဲ႕ ၂၃ရက္ေန႔ကစခဲ့တဲ့ ထိုင္းခရီးစဥ္ဟာ ကမ႓ာ့မီဒီယာ၊ထိုင္းနဲ႔ျမန္မာ့ မီဒီယာေလာကအတြက္ ထိပ္တန္းသတင္းတခုလိုျဖစ္ခဲ့ပါတယ္။ တကယ္ကေတာ့ အေမစုရဲ႕ ျပည္တြင္းျပည္ပ ဘယ္ခရီးစဥ္မဆို လႈပ္လႈပ္ရွားရွားရွိခဲ့တာခ်ည္းပါပဲ။ အေမရိကန္သမၼတလည္းမဟုတ္ပါပဲ ဘာအတြက္ေၾကာင့္ႏိုင္ငံငယ္
ေလးတခုက ႏိုဘယ္ဆုရွင္ရဲ႕လႈပ္ရွားမႈတိုင္းကဘာအတြက္ေၾကာင့္ ကမ႓ာ့မီဒီယာေလာကကို ကိုင္ကိုင္လႈပ္ေနလဲဆိုတာကေတာ့ သူမအေၾကာင္းသိတဲ့သူတိုင္းအတြက္အထူးေျပာဖို႔မလိုပါဘူး။ ထိုင္းခရီးစဥ္မွာ သတင္းေတြမွာေတာ့ ထိုင္းစစ္ဝန္ႀကီးခ်ဳပ္ရဲ႕
ဖိတ္ၾကားခ်က္အရ အေမစုထိုင္းသြားတယ္လို႔ေဖာ္ျပတာေပါ့။ တကယ္ေတာ့ က်ေနာ္နားလည္မိသေလာက္ စစ္တပ္အာဏာသိမ္းထားတဲ့ ႏိုင္ငံကဝန္ႀကီးခ်ဳပ္က ဒီမိုကေရစီ Icon တေယာက္ကို သူ႔အလိုလိုေတာ့မဖိတ္ပါဘူး။ အေမစုက လာခ်င္တယ္လို႔ေျပာလို႔ သံတမန္ေရးထံုးစံအရ တျခားႏိုင္ငံက ေခါင္းေဆာင္တဦးက လာလည္ခ်င္တယ္လို႔ကမ္းလွမ္းလာရင္ အဲဒီကမ္းလွမ္းခံႏိုင္ငံက အဆင့္တူအစိုးရအဖြဲ႕ဝင္တဦးက ဖိတ္ၾကားရ ပါတယ္။ အေမစု လာခ်င္တယ္ဆိုေတာ့သူမကႏိုင္ငံျခားေရးဝန္ႀကီး အဆင့္ဖိတ္ရံုနဲ႔မသြားပါဘူး။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ျဖစ္တဲ့ သူမကိုႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အဆင့္ကပဲဖိတ္မွပဲသြားမွာမို႔ ပရာယြတ္တေယာက္မဖိတ္ခ်င္ဖိတ္ခ်င္နဲ႔ ဖိတ္ခဲ့ရလားမသိပါဘူး။
သူမ အဓိကထိုင္းလာတဲ့ရည္ရြယ္ခ်က္ ထိုင္းေရာက္ျမန္မာလုပ္သား
ေတြ၊စစ္ေဘးဒုကၡသည္ေတြနဲ႔ ကိုယ္တိုင္ကိုယ္က်ေတြ႕ခ်င္၊အသံေတြနားေထာင္ခ်င္လို႔လာတာပါ။ သို႔ေသာ္ သူမရဲ႕ရည္ရြယ္ခ်က္ ေတြကိုကခရီးစဥ္မတိုင္ခင္ကစီစဥ္ခဲ့သလိုမျဖစ္ပါပဲ ထိုင္းတာဝန္ရွိသူေတြက မဟာခ်ိဳင္ခရီးစဥ္က စလို႔ကပ်က္ကရက္
လုပ္ၿပီးႏိုင္ဘယ္ဆုရွင္ကိုအားစမ္းလာပါတယ္။ စကားတခြန္းပဲေျပာလိုက္တယ္ " အျပင္ကလူေတြအထဲဝင္လို႔မရရင္ က်မအျပင္ကိုထြက္ေျပာမယ္" တဲ့။ မဟာခ်ိဳင္ကအရာရွိေတြ ပ်ာယာခတ္ကုန္တယ္။ သူတို႔စိတ္ထဲထင္ေနတာ အရင္ကျမန္မာအစိုးရ ငပိန္းေတြလို အိမ္ရွင္အစိုးရ ေျပာတိုင္းယံု
ေနမဲ့ လူလို႔ထင္ပံုရတယ္။ အျပင္ထြက္မိန္႔ခြန္းေျပာမယ္ဆိုေတာ့ အျပင္မွာသူမစကားေျပာဖို႔ ခ်က္ခ်င္းစီစဥ္ရေတာ့တယ္။ မဟာခ်ိဳင္အရာရွိေတြကံေကာင္းခ်င္ေတာ့ မိုးကအခ်ိန္ကိုက္ရြာလိုက္တာ အေမစုနဲ႔သူ႔ျပည္သူေတြမေတြ႕
လိုက္ရဘူး။ မိုးရြာေနတဲ့ေလွကားထိပ္ကေန ထမိန္ေလး အနည္းငယ္မကာသူမျပည္သူေတြဆီလွမ္းၾကည့္ေနတဲ့ ပံုကကမ႓ာေက်ာ္သြားတယ္။ ေအာက္ကမိုးေရထဲမွာလည္း သူတို႔မိခင္ ကိုေတြ႕ဖို႔မနက္ငါးနာရီထဲကေစာင့္ေနၾကတဲ့ ျပည္သူေတြကလည္း မိုးေရကိုအံတုၿပီး "အေမစုက်န္းမာပါေစ" ဆိုတဲ့ဆုေတာင္းသံကို မိုးၿခိမ္းသံေတြၿဖိဳခြင္းၿပီး ေအာ္ဟစ္ခဲ့ၾကတယ္။ အေပၚကလည္း သူမျပည္သူေတြကိုၾကည့္ၿပီး စိတ္မခ်မ္းသာ ေအာက္ကလည္း သူတို႔မိခင္ကို အရိပ္ေလာက္ျမင္ရရံုနဲ႔ပဲ ေက်နပ္ေၾကာင္းဆုေတာင္းသံ ေတြနဲ႔သက္ေသျပေနၾကတယ္။ က်ေနာ္တို႔ ရုပ္ရွင္သေဘာနဲ႔ဆို အင္မတန္မွ Tempo ဆြဲတင္လို႔ရတဲ့ဇာတ္ဝင္ခန္း၊ အရုပ္ေတြအသံေတြကို Cut by Cutေတြ၊ Parella ေတြျပၿပီး ပရိသတ္ကိုမ်က္ရည္ ခ်ဴခ်လို႔ေကာင္းတဲ့ ဇာတ္ဝင္ခန္းတခု။ ပြဲဖ်က္တဲ့မိုးကိုေစာင့္လို႔ မရေတာ့မွန္းအေမစုသိခ်ိန္မွာ စိတ္ကိုေလၽွာ့ၿပီး ျပန္ဖို႔စီစဥ္လိုက္ရေတာ့တယ္။ ကားေပၚမတက္ခင္ စီစဥ္သူႀကီး အန္ဒီကို " အန္ဒီ ပြဲပ်က္သြားတဲ့အတြက္ က်မအလြန္စိတ္ပ်က္တယ္။ က်မျပည္သူေတြကို ေတာင္းပန္ပါတယ္။ က်မသူတို႔ျပသနာေတြကိုသိပါတယ္" လို႔ေျပာၿပီးစိတ္မေကာင္းစြာနဲ႔
ျပန္ခဲ့တယ္။ ဒီကိစၥက ထိုင္းစစ္အစိုးရအတြက္ ေသာက္ရွက္ကြဲတဲ့ ကိစၥဆိုတာ ထိုင္းဝန္ႀကီးခ်ဳပ္ေကာင္းေကာင္းသိခဲ့တယ္။ ေနာက္တရက္မွာ မဟာခ်ိဳင္မွာရွိတဲ့ အဆင္ျမင့္အရာရွိႀကီး ၂၃ ဦးကိုရာထူးကေန ေခတၱဖယ္ရွားၿပီးရက္၃၀အတြင္းစံုစမ္း စစ္ေဆးဖို႔ အမိန္႔ေပးခဲ့ရတဲ့အထိျဖစ္ခဲ့တယ္။
24 ရက္ေန႔မွာ ထိုင္းက တကၠသိုလ္ေက်ာင္းသားေတြကိုမိန္႔ခြန္း
ေျပာတယ္။ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး၊ ဝန္ႀကီးခ်ဳပ္တို႔နဲ႔ေတြ႕ခဲ့တယ္။ အဲဒီမွာထူးျခားတာက ျမန္မာလုပ္သားေတြအေရးနဲ႔ပတ္သတ္ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ကို ေဘးထားၿပီးမီဒီယာေတြေရွ႕မွာေပၚတင္ေျပာတဲ့ စကား " က်မႏိုင္ငံသားေတြကို က်မျပန္ေခၚမွာပါ။ ဒါေပမဲ့ေခၚဖို႔အတြက္ ျပန္လာခဲ့ပါလို႔ေျပာရံုနဲ႔မလံုေလာက္ပါဘူး။ ဒီလိုျပန္လာႏိုင္ဖို႔အတြက္ သူတို႔ကိုအလုပ္အကိုင္ေတြေပးရမယ္။ ေနစရာေပးရမယ္။ ကေလးေတြပညာေရးအတြက္ ေက်ာင္းေတြ
ေဆာက္ေပးရမယ္။ ဒီဟာေတြအတြက္ က်မတို႔ႀကိဳးဳးစားၿပီး လုပ္သြားမွာပါ။ " ဆိုၿပီးေျပာသြားတယ္။ တဖက္ကစစ္ဝန္ႀကီးခ်ဳပ္က ျမန္မာလုပ္သားေတြ ဥပေဒနဲ႔လုပ္ခလစာေတြရရပါေစမယ္။ Hotline ဖုန္းနံပါတ္တခု ထူေထာင္ၿပီး ျမန္မာစကားတတ္တဲ့ ထိုင္းလူမ်ိဳးေတြနဲ႔ ဝန္ေဆာင္မႈေပးပါ့မယ္ဆိုတဲ့အေၾကာင္းထုတ္ေျပာလာရပါေတာ့တယ္။ 25 ရက္ေန႔ခရီးစဥ္ေနာက္ဆံုးရက္ စိုက္ပ်ိဳးေရးလုပ္ေနတဲ့ ထိုင္းစံျပေက်းရြာတရြာကိုသြားတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဇနီးကိုယ္တိုင္ လိုက္ပါပို႔ေဆာင္ၿပီး ရွင္းျပတာေတြလုပ္ခဲ့ရတယ္။ ရြာကအျပန္
အဲဒီစံျပေက်းရြာမွာအလုပ္လုပ္ေနတဲ့ျမန္မာလုပ္သားေတြက သူမရဲ႕အထူးယာဥ္တန္းျဖတ္သြားမဲ့ လမ္းေဘးကေန သူတို႔မိခင္ႀကီး
ကိုေတြ႕ရလို႔ေတြ႕ရျငား ပန္းစည္းေလးေတြကိုင္ၿပီး အေမစုက်န္းမာပါေစ ဆိုၿပီးေအာ္ဟစ္ ႏႈတ္ဆက္ၾကတယ္။ သူမက ယာဥ္တန္းကို အရွိန္ေလၽွာ့ခိုင္းလိုက္ၿပီး ကားမွန္ဖြင့္ၿပီး လက္ျပတယ္။ ျပည္သူေတြက "အေမစု ခဏေလးဆင္းခဲ့ေပးပါ " ဆိုၿပီးေတာင္းဆို
တာၾကားသြားတယ္...သိပ္စဥ္းစားမေနဘူး တံခါးဖြင့္ၿပီးခ်က္ခ်င္းဆင္း
လာတယ္။ ျပည္သူေတြဆီကပန္းစည္းေတြကို တစည္းမက်န္အကုန္လိုက္ယူတယ္။ " လိမ္လိမ္မာမာေနၾကေနာ္...အားမငယ္ၾကနဲ႔...သူ႔အခ်ိန္နဲ႔သူျဖစ္လာေအာင္အေမတို႔ႀကိဳးစားၿပီး လုပ္ေပးမယ္" ဆိုၿပီးဆံုးမစကား အားေပးစကားေျပာသြားတယ္။ ျမန္မာတႏိုင္ငံလံုးကလူေတြ ဒုတိယအႀကိမ္ ပီတိမ်က္ရည္က်
ရျပန္တယ္။ လူကိူလူစကားေျပာတဲ့ရွားပါးေခါင္းေဆာင္ဆီက ထြက္က်လာတဲ့ အားေပးဆံုးမစကားကို။ တသက္လံုးကမွပစ္ရင္
မွန္ေအာင္ပစ္တယ္တို႔၊ ပါးရိုက္ခံရမယ္တို႔ပဲၾကားခဲ့ဖူးတာကို ဒီလိုမၾကားေမတၱာေရွ႕ထားၿပီးေျပာတဲ့စကားမ်ိဳးၾကားမွ မၾကားဘူးၾကတာ။ အဲဒီရြာကေနအျပန္ ထိုင္းသံရံုးမွာ ထိုင္းေရာက္ ျမန္ဆရာေတြေက်ာင္းသားေတြနဲ႔ေတြ႕တယ္။ တကယ္က အဲဒီအခ်ိန္ဒုကၡသည္ စခန္းကိုရဟတ္ယာဥ္နဲ႔ သြားဖို႔စီစဥ္ထားတာ ရာသီဥတုဆိုးတယ္ဆိုလို႔ဖ်က္လိုက္ရတယ္။ ဒါကလည္းအေၾကာင္းျပခ်က္မွန္း အေမစုကသိတယ္။ သူကဘာေျပာလဲဆိုေတာ့ "ရာသီဥတုဆိုးလို႔မသြားရဘူးေပါ့ေနာ္။ တကယ္ကသြားလို႔ရရင္လည္းရမွာေပါ့။ ထားလိုက္ပါ ဒါက" ဆိုၿပီးေျပာခဲ့ပါတယ္။ ၿပီးေတာ့ ျမန္မာေတြကို အခ်င္းခ်င္းရိုင္းပင္း ကူညီဖို႔၊ အလုပ္သမားေတြ စစ္ေဘးေရွာင္ေတြကို ပစ္မထားဖို႔ ေျပာသြားတယ္။ ခရီးစဥ္တခုဖ်က္လို႔ ထြက္လာတဲ့အခ်ိန္ကို အလုပ္သမားေတြကိုကူညီေနတဲ့အဖြဲ႕(13)ဖြဲ႕နဲ႔ေတြ႕တယ္။ အခ်ိန္ေပးၿပီးစကားေျပာခဲ့တယ္။ သံရံုးကိုလည္း ေတာ္ေတာ္ခိုင္းသြားတယ္။
အေမစုထိုင္းခရီးစဥ္ ေအာင္ျမင္တယ္။

ဘာေတြရခဲ့လဲ?

-ျမန္မာလုပ္သားေတြအတြက္ စာခ်ဳပ္(3)ခုခ်ဳပ္ခဲ့တယ္။
-မဟာခ်ိဳင္မွာရွိတဲ့ ျမန္မာလုပ္သားေတြကို ထိုင္းအာဏာပိုင္ေတြ ဘယ္လိုဆက္ဆံေနလဲ ဆိုတာထိုင္းအစိုးရနဲ႔ကမ႓ာကိုျပသႏိုင္ခဲ့တယ္။
-အလုပ္သမားေရးေဆာင္ရြက္ေနတဲ့(13)ဖြဲ႕လံုးက အသံေတြၾကားခဲ့ ရတယ္။
-ျမန္မာလုပ္သားေတြရဲ႕လုပ္ခကေန ထိုင္းအာဏာပိုင္ေတြ ယူထားတဲ့ ဘတ္1000 ကိစၥသိခဲ့ရတယ္။
-ထိုင္းမွာရွိတဲ့ ျမန္မာသံအမတ္ႀကီးနဲ႔ သရံုးဘယ္ေလာက္ အလုပ္လုပ္ လဲဆိုတာ အေမစုသိသြားတယ္။
-ထိုင္းျပည္သူေတြ သူတို႔ဘုရင္ႀကီး ဘူမိေဘာကိုခ်င္ခင္ ျမတ္ႏိုးသလို ျမန္မာေတြကလည္း သူတို႔ရဲ႕ဘုရင္မႀကီးသဖြယ္ ေခါင္းေဆာင္ကို ဘယ္ေလာက္ခ်စ္ေၾကာင္းအံ့ဩထင္ရွားေစခဲ့တယ္။

ဘယ္သူေတြ မ်က္ႏွာပ်က္ခဲ့ရလဲ။

-ထိုင္းစစ္အစိုးရ၊ ထိုင္းမီဒီယာေတြကိုယ္တိုင္က အာဏာသိမ္းေခါင္းေဆာင္ ပရာယြတ္ကိုေလွာင္ေျပာင္သေရာ္ခဲ့တယ္။
-ျမန္မာျပည္ကအရင္အဘေတြ ဘာအလုပ္မွမလုပ္ခဲ့ဘူးဆိုတာ အားလံုးျမင္ခဲ့ရတယ္။
-ထိုင္းသံအမတ္ႀကီးနဲ႔ ထိုင္းကျမန္မာသံရံုးရဲ႕ စြမ္းေဆာင္ႏိုင္မႈကေတာ့ ေမးခြန္းထုတ္စရာေကာင္းေနတာကို
ေခါင္းေဆာင္ကိုယ္တိုင္သိခဲ့ရပါတယ္။

အေမစုထိုင္းခရီးစဥ္တေလၽွာက္ ဘုရင့္နန္းေတာ္မသြားခဲ့ဘူး။
ျမဘုရားမဖူးခဲ့ဘူး။ Shopping မထြက္ခဲ့ဘူး။ ေျမေအာက္ ငါးျပတိုက္ႀကီးေတြ ပန္းျခံႀကီးေတြသြားမလည္ခဲ့ဘူး။ ဖူးခက္မွာ အပန္းေျဖမလာဘူး။ မေရာက္ဖူးတဲ့ေနရာေတြၾကံဳတုန္းသြားအံုးမဟ ဆိုၿပီးႏိုင္ငံေတာ္စရိတ္နဲ႔ ေရာမႀကိတ္ခဲ့ဘူး။ တကယ္ျမန္မာျပည္သူေတြျပသနာျဖစ္ေနတဲ့ေနရာေတြကိုပဲေရြးသြားခဲ့တယ္။ ဒါေတာင္ဒုကၡသည္စခန္းခရီးစဥ္ ဘယ္သူဖ်က္ခိုင္းလို႔ ပ်က္ရတယ္မသိဘူး။ သြားမ်ားသြားရရင္ ေသာက္ရွက္ေတြက ဒီ့ထက္ပိုကြဲဖို႔ပဲရွိတယ္။ ေနာက္ဆံုးေျပာရရင္ လူထုေခါင္းေဆာင္ခရီး ေအာင္ျမင္တယ္။ အသံေတြၾကားခဲ့ရတယ္။ အရုပ္ေတြျမင္ခဲ့ရပါတယ္။
‪#‎အေမစုက်န္းမာေအာင္ျမင္ပါေစ‬။
........


ကမ႓ာသိမြန်မာခေါင်းဆောင် အမေစုရဲ့ ၂၃ရက်နေ့ကစခဲ့တဲ့ ထိုင်းခရီးစဉ်ဟာ ကမ႓ာ့မီဒီယာ၊ထိုင်းနဲ့မြန်မာ့ မီဒီယာလောကအတွက် ထိပ်တန်းသတင်းတခုလိုဖြစ်ခဲ့ပါတယ်။ တကယ်ကတော့ အမေစုရဲ့ ပြည်တွင်းပြည်ပ ဘယ်ခရီးစဉ်မဆို လှုပ်လှုပ်ရှားရှားရှိခဲ့တာချည်းပါပဲ။ အမေရိကန်သမ္မတလည်းမဟုတ်ပါပဲ ဘာအတွက်ကြောင့်နိုင်ငံငယ်
လေးတခုက နိုဘယ်ဆုရှင်ရဲ့လှုပ်ရှားမှုတိုင်းကဘာအတွက်ကြောင့် ကမ႓ာ့မီဒီယာလောကကို ကိုင်ကိုင်လှုပ်နေလဲဆိုတာကတော့ သူမအကြောင်းသိတဲ့သူတိုင်းအတွက်အထူးပြောဖို့မလိုပါဘူး။ ထိုင်းခရီးစဉ်မှာ သတင်းတွေမှာတော့ ထိုင်းစစ်ဝန်ကြီးချုပ်ရဲ့
ဖိတ်ကြားချက်အရ အမေစုထိုင်းသွားတယ်လို့ဖော်ပြတာပေါ့။ တကယ်တော့ ကျနော်နားလည်မိသလောက် စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံကဝန်ကြီးချုပ်က ဒီမိုကရေစီ Icon တယောက်ကို သူ့အလိုလိုတော့မဖိတ်ပါဘူး။ အမေစုက လာချင်တယ်လို့ပြောလို့ သံတမန်ရေးထုံးစံအရ တခြားနိုင်ငံက ခေါင်းဆောင်တဦးက လာလည်ချင်တယ်လို့ကမ်းလှမ်းလာရင် အဲဒီကမ်းလှမ်းခံနိုင်ငံက အဆင့်တူအစိုးရအဖွဲ့ဝင်တဦးက ဖိတ်ကြားရ ပါတယ်။ အမေစု လာချင်တယ်ဆိုတော့သူမကနိုင်ငံခြားရေးဝန်ကြီး အဆင့်ဖိတ်ရုံနဲ့မသွားပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ သူမကိုနိုင်ငံတော်ဝန်ကြီးချုပ်အဆင့်ကပဲဖိတ်မှပဲသွားမှာမို့ ပရာယွတ်တယောက်မဖိတ်ချင်ဖိတ်ချင်နဲ့ ဖိတ်ခဲ့ရလားမသိပါဘူး။
သူမ အဓိကထိုင်းလာတဲ့ရည်ရွယ်ချက် ထိုင်းရောက်မြန်မာလုပ်သား
တွေ၊စစ်ဘေးဒုက္ခသည်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ချင်၊အသံတွေနားထောင်ချင်လို့လာတာပါ။ သို့သော် သူမရဲ့ရည်ရွယ်ချက် တွေကိုကခရီးစဉ်မတိုင်ခင်ကစီစဉ်ခဲ့သလိုမဖြစ်ပါပဲ ထိုင်းတာဝန်ရှိသူတွေက မဟာချိုင်ခရီးစဉ်က စလို့ကပျက်ကရက်
လုပ်ပြီးနိုင်ဘယ်ဆုရှင်ကိုအားစမ်းလာပါတယ်။ စကားတခွန်းပဲပြောလိုက်တယ် " အပြင်ကလူတွေအထဲဝင်လို့မရရင် ကျမအပြင်ကိုထွက်ပြောမယ်" တဲ့။ မဟာချိုင်ကအရာရှိတွေ ပျာယာခတ်ကုန်တယ်။ သူတို့စိတ်ထဲထင်နေတာ အရင်ကမြန်မာအစိုးရ ငပိန်းတွေလို အိမ်ရှင်အစိုးရ ပြောတိုင်းယုံ
နေမဲ့ လူလို့ထင်ပုံရတယ်။ အပြင်ထွက်မိန့်ခွန်းပြောမယ်ဆိုတော့ အပြင်မှာသူမစကားပြောဖို့ ချက်ချင်းစီစဉ်ရတော့တယ်။ မဟာချိုင်အရာရှိတွေကံကောင်းချင်တော့ မိုးကအချိန်ကိုက်ရွာလိုက်တာ အမေစုနဲ့သူ့ပြည်သူတွေမတွေ့
လိုက်ရဘူး။ မိုးရွာနေတဲ့လှေကားထိပ်ကနေ ထမိန်လေး အနည်းငယ်မကာသူမပြည်သူတွေဆီလှမ်းကြည့်နေတဲ့ ပုံကကမ႓ာကျော်သွားတယ်။ အောက်ကမိုးရေထဲမှာလည်း သူတို့မိခင် ကိုတွေ့ဖို့မနက်ငါးနာရီထဲကစောင့်နေကြတဲ့ ပြည်သူတွေကလည်း မိုးရေကိုအံတုပြီး "အမေစုကျန်းမာပါစေ" ဆိုတဲ့ဆုတောင်းသံကို မိုးခြိမ်းသံတွေဖြိုခွင်းပြီး အော်ဟစ်ခဲ့ကြတယ်။ အပေါ်ကလည်း သူမပြည်သူတွေကိုကြည့်ပြီး စိတ်မချမ်းသာ အောက်ကလည်း သူတို့မိခင်ကို အရိပ်လောက်မြင်ရရုံနဲ့ပဲ ကျေနပ်ကြောင်းဆုတောင်းသံ တွေနဲ့သက်သေပြနေကြတယ်။ ကျနော်တို့ ရုပ်ရှင်သဘောနဲ့ဆို အင်မတန်မှ Tempo ဆွဲတင်လို့ရတဲ့ဇာတ်ဝင်ခန်း၊ အရုပ်တွေအသံတွေကို Cut by Cutတွေ၊ Parella တွေပြပြီး ပရိသတ်ကိုမျက်ရည် ချူချလို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတခု။ ပွဲဖျက်တဲ့မိုးကိုစောင့်လို့ မရတော့မှန်းအမေစုသိချိန်မှာ စိတ်ကိုလျှော့ပြီး ပြန်ဖို့စီစဉ်လိုက်ရတော့တယ်။ ကားပေါ်မတက်ခင် စီစဉ်သူကြီး အန်ဒီကို " အန်ဒီ ပွဲပျက်သွားတဲ့အတွက် ကျမအလွန်စိတ်ပျက်တယ်။ ကျမပြည်သူတွေကို တောင်းပန်ပါတယ်။ ကျမသူတို့ပြသနာတွေကိုသိပါတယ်" လို့ပြောပြီးစိတ်မကောင်းစွာနဲ့
ပြန်ခဲ့တယ်။ ဒီကိစ္စက ထိုင်းစစ်အစိုးရအတွက် သောက်ရှက်ကွဲတဲ့ ကိစ္စဆိုတာ ထိုင်းဝန်ကြီးချုပ်ကောင်းကောင်းသိခဲ့တယ်။ နောက်တရက်မှာ မဟာချိုင်မှာရှိတဲ့ အဆင်မြင့်အရာရှိကြီး ၂၃ ဦးကိုရာထူးကနေ ခေတ္တဖယ်ရှားပြီးရက်၃၀အတွင်းစုံစမ်း စစ်ဆေးဖို့ အမိန့်ပေးခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။
24 ရက်နေ့မှာ ထိုင်းက တက္ကသိုလ်ကျောင်းသားတွေကိုမိန့်ခွန်း
ပြောတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဝန်ကြီးချုပ်တို့နဲ့တွေ့ခဲ့တယ်။ အဲဒီမှာထူးခြားတာက မြန်မာလုပ်သားတွေအရေးနဲ့ပတ်သတ်ပြီး ထိုင်းဝန်ကြီးချုပ်ကို ဘေးထားပြီးမီဒီယာတွေရှေ့မှာပေါ်တင်ပြောတဲ့ စကား " ကျမနိုင်ငံသားတွေကို ကျမပြန်ခေါ်မှာပါ။ ဒါပေမဲ့ခေါ်ဖို့အတွက် ပြန်လာခဲ့ပါလို့ပြောရုံနဲ့မလုံလောက်ပါဘူး။ ဒီလိုပြန်လာနိုင်ဖို့အတွက် သူတို့ကိုအလုပ်အကိုင်တွေပေးရမယ်။ နေစရာပေးရမယ်။ ကလေးတွေပညာရေးအတွက် ကျောင်းတွေ
ဆောက်ပေးရမယ်။ ဒီဟာတွေအတွက် ကျမတို့ကြိုးုးစားပြီး လုပ်သွားမှာပါ။ " ဆိုပြီးပြောသွားတယ်။ တဖက်ကစစ်ဝန်ကြီးချုပ်က မြန်မာလုပ်သားတွေ ဥပဒေနဲ့လုပ်ခလစာတွေရရပါစေမယ်။ Hotline ဖုန်းနံပါတ်တခု ထူထောင်ပြီး မြန်မာစကားတတ်တဲ့ ထိုင်းလူမျိုးတွေနဲ့ ဝန်ဆောင်မှုပေးပါ့မယ်ဆိုတဲ့အကြောင်းထုတ်ပြောလာရပါတော့တယ်။ 25 ရက်နေ့ခရီးစဉ်နောက်ဆုံးရက် စိုက်ပျိုးရေးလုပ်နေတဲ့ ထိုင်းစံပြကျေးရွာတရွာကိုသွားတယ်။ ထိုင်းဝန်ကြီးချုပ်ဇနီးကိုယ်တိုင် လိုက်ပါပို့ဆောင်ပြီး ရှင်းပြတာတွေလုပ်ခဲ့ရတယ်။ ရွာကအပြန်
အဲဒီစံပြကျေးရွာမှာအလုပ်လုပ်နေတဲ့မြန်မာလုပ်သားတွေက သူမရဲ့အထူးယာဉ်တန်းဖြတ်သွားမဲ့ လမ်းဘေးကနေ သူတို့မိခင်ကြီး
ကိုတွေ့ရလို့တွေ့ရငြား ပန်းစည်းလေးတွေကိုင်ပြီး အမေစုကျန်းမာပါစေ ဆိုပြီးအော်ဟစ် နှုတ်ဆက်ကြတယ်။ သူမက ယာဉ်တန်းကို အရှိန်လျှော့ခိုင်းလိုက်ပြီး ကားမှန်ဖွင့်ပြီး လက်ပြတယ်။ ပြည်သူတွေက "အမေစု ခဏလေးဆင်းခဲ့ပေးပါ " ဆိုပြီးတောင်းဆို
တာကြားသွားတယ်...သိပ်စဉ်းစားမနေဘူး တံခါးဖွင့်ပြီးချက်ချင်းဆင်း
လာတယ်။ ပြည်သူတွေဆီကပန်းစည်းတွေကို တစည်းမကျန်အကုန်လိုက်ယူတယ်။ " လိမ်လိမ်မာမာနေကြနော်...အားမငယ်ကြနဲ့...သူ့အချိန်နဲ့သူဖြစ်လာအောင်အမေတို့ကြိုးစားပြီး လုပ်ပေးမယ်" ဆိုပြီးဆုံးမစကား အားပေးစကားပြောသွားတယ်။ မြန်မာတနိုင်ငံလုံးကလူတွေ ဒုတိယအကြိမ် ပီတိမျက်ရည်ကျ
ရပြန်တယ်။ လူကိူလူစကားပြောတဲ့ရှားပါးခေါင်းဆောင်ဆီက ထွက်ကျလာတဲ့ အားပေးဆုံးမစကားကို။ တသက်လုံးကမှပစ်ရင်
မှန်အောင်ပစ်တယ်တို့၊ ပါးရိုက်ခံရမယ်တို့ပဲကြားခဲ့ဖူးတာကို ဒီလိုမကြားမေတ္တာရှေ့ထားပြီးပြောတဲ့စကားမျိုးကြားမှ မကြားဘူးကြတာ။ အဲဒီရွာကနေအပြန် ထိုင်းသံရုံးမှာ ထိုင်းရောက် မြန်ဆရာတွေကျောင်းသားတွေနဲ့တွေ့တယ်။ တကယ်က အဲဒီအချိန်ဒုက္ခသည် စခန်းကိုရဟတ်ယာဉ်နဲ့ သွားဖို့စီစဉ်ထားတာ ရာသီဥတုဆိုးတယ်ဆိုလို့ဖျက်လိုက်ရတယ်။ ဒါကလည်းအကြောင်းပြချက်မှန်း အမေစုကသိတယ်။ သူကဘာပြောလဲဆိုတော့ "ရာသီဥတုဆိုးလို့မသွားရဘူးပေါ့နော်။ တကယ်ကသွားလို့ရရင်လည်းရမှာပေါ့။ ထားလိုက်ပါ ဒါက" ဆိုပြီးပြောခဲ့ပါတယ်။ ပြီးတော့ မြန်မာတွေကို အချင်းချင်းရိုင်းပင်း ကူညီဖို့၊ အလုပ်သမားတွေ စစ်ဘေးရှောင်တွေကို ပစ်မထားဖို့ ပြောသွားတယ်။ ခရီးစဉ်တခုဖျက်လို့ ထွက်လာတဲ့အချိန်ကို အလုပ်သမားတွေကိုကူညီနေတဲ့အဖွဲ့(13)ဖွဲ့နဲ့တွေ့တယ်။ အချိန်ပေးပြီးစကားပြောခဲ့တယ်။ သံရုံးကိုလည်း တော်တော်ခိုင်းသွားတယ်။
အမေစုထိုင်းခရီးစဉ် အောင်မြင်တယ်။

ဘာတွေရခဲ့လဲ?

-မြန်မာလုပ်သားတွေအတွက် စာချုပ်(3)ခုချုပ်ခဲ့တယ်။
-မဟာချိုင်မှာရှိတဲ့ မြန်မာလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေ ဘယ်လိုဆက်ဆံနေလဲ ဆိုတာထိုင်းအစိုးရနဲ့ကမ႓ာကိုပြသနိုင်ခဲ့တယ်။
-အလုပ်သမားရေးဆောင်ရွက်နေတဲ့(13)ဖွဲ့လုံးက အသံတွေကြားခဲ့ ရတယ်။
-မြန်မာလုပ်သားတွေရဲ့လုပ်ခကနေ ထိုင်းအာဏာပိုင်တွေ ယူထားတဲ့ ဘတ်1000 ကိစ္စသိခဲ့ရတယ်။
-ထိုင်းမှာရှိတဲ့ မြန်မာသံအမတ်ကြီးနဲ့ သရုံးဘယ်လောက် အလုပ်လုပ် လဲဆိုတာ အမေစုသိသွားတယ်။
-ထိုင်းပြည်သူတွေ သူတို့ဘုရင်ကြီး ဘူမိဘောကိုချင်ခင် မြတ်နိုးသလို မြန်မာတွေကလည်း သူတို့ရဲ့ဘုရင်မကြီးသဖွယ် ခေါင်းဆောင်ကို ဘယ်လောက်ချစ်ကြောင်းအံ့ဩထင်ရှားစေခဲ့တယ်။

ဘယ်သူတွေ မျက်နှာပျက်ခဲ့ရလဲ။

-ထိုင်းစစ်အစိုးရ၊ ထိုင်းမီဒီယာတွေကိုယ်တိုင်က အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ကိုလှောင်ပြောင်သရော်ခဲ့တယ်။
-မြန်မာပြည်ကအရင်အဘတွေ ဘာအလုပ်မှမလုပ်ခဲ့ဘူးဆိုတာ အားလုံးမြင်ခဲ့ရတယ်။
-ထိုင်းသံအမတ်ကြီးနဲ့ ထိုင်းကမြန်မာသံရုံးရဲ့ စွမ်းဆောင်နိုင်မှုကတော့ မေးခွန်းထုတ်စရာကောင်းနေတာကို
ခေါင်းဆောင်ကိုယ်တိုင်သိခဲ့ရပါတယ်။

အမေစုထိုင်းခရီးစဉ်တလျှောက် ဘုရင့်နန်းတော်မသွားခဲ့ဘူး။
မြဘုရားမဖူးခဲ့ဘူး။ Shopping မထွက်ခဲ့ဘူး။ မြေအောက် ငါးပြတိုက်ကြီးတွေ ပန်းခြံကြီးတွေသွားမလည်ခဲ့ဘူး။ ဖူးခက်မှာ အပန်းဖြေမလာဘူး။ မရောက်ဖူးတဲ့နေရာတွေကြုံတုန်းသွားအုံးမဟ ဆိုပြီးနိုင်ငံတော်စရိတ်နဲ့ ရောမကြိတ်ခဲ့ဘူး။ တကယ်မြန်မာပြည်သူတွေပြသနာဖြစ်နေတဲ့နေရာတွေကိုပဲရွေးသွားခဲ့တယ်။ ဒါတောင်ဒုက္ခသည်စခန်းခရီးစဉ် ဘယ်သူဖျက်ခိုင်းလို့ ပျက်ရတယ်မသိဘူး။ သွားများသွားရရင် သောက်ရှက်တွေက ဒီ့ထက်ပိုကွဲဖို့ပဲရှိတယ်။ နောက်ဆုံးပြောရရင် လူထုခေါင်းဆောင်ခရီး အောင်မြင်တယ်။ အသံတွေကြားခဲ့ရတယ်။ အရုပ်တွေမြင်ခဲ့ရပါတယ်။
‪#‎အမေစုကျန်းမာအောင်မြင်ပါစေ‬။

No comments:

Post a Comment