Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 20, 2019

သြားနာ၊ သြားကိုက္၊ သြားယုိင္၊ သြားဖံုးနာ သြားေသြးယိုစိမ့္ျခင္း အတြက္ ေဆးနည္း


စိတ္ညစ္ဖြယ္ေကာင္းေအာင္ သြားကိုက္၊ သြားနာျခင္းၾကံဳရ၏။ သြာေဆးခန္း မၾကာခဏသြားရေသာေၾကာင့္ သြားဆရာ၀န္ႏွင့္ပင္ ေဖာက္သည္ျဖစ္ရကာ ရင္းႏွီးခင္မင္ ေနေတာ့သည္။

ျဖစ္ေလတိုင္း အဂၤလိပ္ေဆးက စြမ္းပါဘိ။ သြားနုတ္၊ သြားဖါ၊ ေဆးထိုး ေဆး ေသာက္ျဖင့္ သက္သာ ေပ်ာက္ကင္းရသည္သာ။

မၾကာမီ သြားကိုက္၊ သြားနာျပန္ျဖစ္ျပန္သည္။ ျမန္မာတိုင္းရင္း ေဆးနည္းေလးမ်ားကို အထင္မေသးမိရန္ အေၾကာင္းတစ္ခုဖး ဖန္လာသည္။ ထိုသည္က မန္က်ည္းေစ႔ခြံႏွင့္ ေက်ာက္ခ်ဥ္သာျဖစ္ေတာ့၏။

မန္က်ည္းေစ့ အရင့္ အေစ့ (၃၀) ကို ဒယ္အိုးတြင္ထည့္၍ မီးျဖင့္ ကြ်မ္းေအာင္ ေလွာ္လိုက္ျပီး မန္က်ည္းေစ့၏ အေစ့ခြံယူရ၏။

မန္က်ည္းေစ့ အတြင္းသား အျဖဴကို မသံုးရပါ။ မန္က်ည္းေစ့ အခြံ အကြ်မ္းေလွာ္ကို အမွဳန္႔ျပဳ၍ ထားပါ။ ထိုေနာက္ ေက်ာက္ခ်ဥ္ (၁) မတ္သား တိတိကို ခြက္ငယ္ တစ္ခုတြင္တင္၍ မီးဖုတ္ပါ။

ငါးမွဳန္႔ေၾကာ္သကဲ႔သို႔ ေဖာင္းမို႔တက္လာပါက အေအးခံျပီး ေက်ာက္ခ်ဥ္ မီးဖုတ္ကို အမွဳန္႔ျပဳပါ။ မန္က်ည္းေစ့အခြံ မိးကြ်မ္းအေလွာ္ အမွဳန္႔ႏွင့္ ေက်ာက္ခ်ဥ္မီးဖုတ္ အမွဳန္႔ကို ေရာစပ္၍ ေလလံုေသာ ဗူးငယ္တြင္ ထည္႔ထားပါ။

သြားနာ၊ သြားကိုက္၊ သြားယိုင္၊ သြားဖံုးနာႏွင့္ သြားေသြးယိုစိမ္႔ျခင္းျဖစ္ပါက ထိုေဆးမွဳန္႔ကို သိပ္ေပးပါ။ အျမန္ဆံုး သက္သာေပ်ာက္ကင္းပါေၾကာင္း။

သြားခိုင္ေစရန္ ေက်ာက္ခ်ဥ္ႏွင့္ ငရုတ္ေကာင္းေစ႔ကို ဆတူေရာျပီး သံဆံုတြင္ ညက္ေအာင္ေထာင္း၍ နံနက္အိပ္ရာထတိုင္းသြားတိုက္ေပးပါ။
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

#Unicode Version#
စိတ်ညစ်ဖွယ်ကောင်းအောင် သွားကိုက်၊ သွားနာခြင်းကြုံရ၏။ သွာဆေးခန်း မကြာခဏသွားရသောကြောင့် သွားဆရာဝန်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင် နေတော့သည်။

ဖြစ်လေတိုင်း အင်္ဂလိပ်ဆေးက စွမ်းပါဘိ။ သွားနုတ်၊ သွားဖါ၊ ဆေးထိုး ဆေး သောက်ဖြင့် သက်သာ ပျောက်ကင်းရသည်သာ။

မကြာမီ သွားကိုက်၊ သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်း ဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခုဖး ဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာဖြစ်တော့၏။

မန်ကျည်းစေ့ အရင့် အစေ့ (၃၀) ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင် လှော်လိုက်ပြီး မန်ကျည်းစေ့၏ အစေ့ခွံယူရ၏။

မန်ကျည်းစေ့ အတွင်းသား အဖြူကို မသုံးရပါ။ မန်ကျည်းစေ့ အခွံ အကျွမ်းလှော်ကို အမှုန့်ပြု၍ ထားပါ။ ထိုနောက် ကျောက်ချဉ် (၁) မတ်သား တိတိကို ခွက်ငယ် တစ်ခုတွင်တင်၍ မီးဖုတ်ပါ။

ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီး ကျောက်ချဉ် မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မိးကျွမ်းအလှော် အမှုန့်နှင့် ကျောက်ချဉ်မီးဖုတ် အမှုန့်ကို ရောစပ်၍ လေလုံသော ဗူးငယ်တွင် ထည့်ထားပါ။

သွားနာ၊ သွားကိုက်၊ သွားယိုင်၊ သွားဖုံးနာနှင့် သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကို သိပ်ပေးပါ။ အမြန်ဆုံး သက်သာပျောက်ကင်းပါကြောင်း။

သွားခိုင်စေရန် ကျောက်ချဉ်နှင့် ငရုတ်ကောင်းစေ့ကို ဆတူရောပြီး သံဆုံတွင် ညက်အောင်ထောင်း၍ နံနက်အိပ်ရာထတိုင်းသွားတိုက်ပေးပါ။
ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment