Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

**ဦးဝင္းတင္ နွင့္ ေနထိုင္ျခင္း**



"......ငါ ေဒၚေအာင္ဆန္းစုႀကည္လြတ္လာခ်င္းညမွာ စီအီးစီအစည္းအေ၀း ထုိင္ေတာ့ ေသခ်ာေျပာတယ္။ ေဒၚစု က်ေနာ္လည္းအိုျပီ၊ ဥာဏ္လည္းယိုင္ျပီ၊ ေျခေထာက္တင္ ယိုင္တာမဟုတ္ဘူး၊ ဥာဏ္ပါယိုင္ေနျပီ။ က်ေနာ့္ကို စီအီးစီကထြက္ခြင့္ေပးပါ။ က်ေနာ္ ပါတီက ထြက္မေျပးပါဘူး။ က်ေနာ္ ပါတီမွာပဲအလုပ္လုပ္ပါ့မယ္။ က်ေနာ္ စီစီမွာ ဆင္းလုပ္ပါ့မယ္ ဆိုတာ မင္းတို႕အေမ သေဘာမတူလုုိ႔ ငါ့မွာ ေယာင္ခ်ာခ်ာနဲ႔ ခုထိ ပါေနရေသးတာကြာ။

ငါ့ေကာင္ ဘယ္ေတာ့မွေသတဲ့အထိ လုပ္မယ္ဆုိတဲ့စကားမေျပာေကာင္းဘူး။ ဒီလိုပဲ ဖယ္ေပး ရမွာေပါ့ကြာ။

ငါက ဖယ္ေပးမယ္ ေျပာေတာ့ ေဒၚစုက ေနရာခ်ဲေပးတယ္ေလာက္ပဲ သံုးပါ။ ဖယ္ေပးပါလို႔ မေျပာဘူးတဲ့။ ေဒၚစုက ကာလေဒသလိုက္ စကားလံုးသံုးႏႈန္းတာလည္း လွတယ္ကြာ။ အဲ့လိုေနရာေတြမွာ ေဒၚစုကို ဘယ္သူမွမလိုက္နုိင္ဘူး။

မင္းတို႕ေကာင္ေတြ ေယာင္၀ါး၀ါးေတာ့ မလုပ္နဲ႔။ ငါ နိုင္ငံ့ထိပ္ပုိင္းေခါင္းေဆာင္ဆိုတဲ့ လူေတြနဲ႔ ဆက္ဆံဖူးတယ္။ အကုန္ပ်က္ကုန္တာပဲ။ ေအး တစ္ခုရွိတယ္။ ေဒၚေအာင္ဆန္းစုႀကည္က မပ်က္ ဘူးကြ။ သူ႔ေနရာမွာ တျခားလူေတြဆို ခုေလာက္ရွိ ႐ူးကုန္ေလာက္ျပီ။ ဘယ္ .. ဒီေလာက္ ထိ ေျမွာက္ပင့္ေပးေနတာ ေတာ္ယံုလူဆိုေျမာက္ျပီေပါ့။ ဒီတစ္ကြက္ ဒီအခ်က္နဲ႔တင္ကုိ ေက်းဇူး တင္ေလးစားစရာေကာင္းလွျပီကြာ။ ငါေသတာ မေသတာ အေရးမႀကီးဘူး။ ေဒၚစု မေသဖို႕လို တယ္....”

(ဦး၀င္းတင္နဲ႕ေနထိုင္ျခင္း - ၉ - မိုးမခ)
...........


"......ငါ ဒေါ်အောင်ဆန်းစုကြည်လွတ်လာချင်းညမှာ စီအီးစီအစည်းအဝေး ထိုင်တော့ သေချာပြောတယ်။ ဒေါ်စု ကျနော်လည်းအိုပြီ၊ ဉာဏ်လည်းယိုင်ပြီ၊ ခြေထောက်တင် ယိုင်တာမဟုတ်ဘူး၊ ဉာဏ်ပါယိုင်နေပြီ။ ကျနော့်ကို စီအီးစီကထွက်ခွင့်ပေးပါ။ ကျနော် ပါတီက ထွက်မပြေးပါဘူး။ ကျနော် ပါတီမှာပဲအလုပ်လုပ်ပါ့မယ်။ ကျနော် စီစီမှာ ဆင်းလုပ်ပါ့မယ် ဆိုတာ မင်းတို့အမေ သဘောမတူလုုိ့ ငါ့မှာ ယောင်ချာချာနဲ့ ခုထိ ပါနေရသေးတာကွာ။

ငါ့ကောင် ဘယ်တော့မှသေတဲ့အထိ လုပ်မယ်ဆိုတဲ့စကားမပြောကောင်းဘူး။ ဒီလိုပဲ ဖယ်ပေး ရမှာပေါ့ကွာ။

ငါက ဖယ်ပေးမယ် ပြောတော့ ဒေါ်စုက နေရာချဲပေးတယ်လောက်ပဲ သုံးပါ။ ဖယ်ပေးပါလို့ မပြောဘူးတဲ့။ ဒေါ်စုက ကာလဒေသလိုက် စကားလုံးသုံးနှုန်းတာလည်း လှတယ်ကွာ။ အဲ့လိုနေရာတွေမှာ ဒေါ်စုကို ဘယ်သူမှမလိုက်နိုင်ဘူး။

မင်းတို့ကောင်တွေ ယောင်ဝါးဝါးတော့ မလုပ်နဲ့။ ငါ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့ လူတွေနဲ့ ဆက်ဆံဖူးတယ်။ အကုန်ပျက်ကုန်တာပဲ။ အေး တစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က မပျက် ဘူးကွ။ သူ့နေရာမှာ တခြားလူတွေဆို ခုလောက်ရှိ ရူးကုန်လောက်ပြီ။ ဘယ် .. ဒီလောက် ထိ မြှောက်ပင့်ပေးနေတာ တော်ယုံလူဆိုမြောက်ပြီပေါ့။ ဒီတစ်ကွက် ဒီအချက်နဲ့တင်ကို ကျေးဇူး တင်လေးစားစရာကောင်းလှပြီကွာ။ ငါသေတာ မသေတာ အရေးမကြီးဘူး။ ဒေါ်စု မသေဖို့လို တယ်....”

(ဦးဝင်းတင်နဲ့နေထိုင်ခြင်း - ၉ - မိုးမခ)

No comments:

Post a Comment