Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 14, 2016

အာရှဒေသမှ မြန်မာသံအမတ်ကြီး (၁၈)ဦးနှင့် ဒေါ်စု တွေ့ ဆုံ


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှုကို ဇွန်လ (၁၄)ရက်နေ့  မွန်းလွဲ ၁၄း၀၀ နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။



မြန်မာသံအမတ်ကြီးများအား ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှုပြုရာတွင် သံတမန်ရေးရာနည်းလမ်းဖြင့် မိမိတို့နိုင်ငံကို ကာကွယ်ပေးရန်၊ လူမှုရေးအရ နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ကာကွယ်စောင့်ရှောက်သွားရန်၊ မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာ များစွာရှေ့ရောက်နေသည့် နိုင်ငံများနှင့် ဆက်ဆံရာတွင် နှလုံးရည်၊ ဥာဏစွမ်းရည်နှင့် မိမိတို့ပြည်သူများ၏ ညီညီညွတ်ညွတ်ထောက်ခံမှုကို အသုံးပြုဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အောင်မြင်ရန်အတွက် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင်သွားရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သတိချပ်ရန် စသည်တို့ ထည့်သွင်း ပြောကြားခဲ့ပါသည်။

...........

နိုုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှုကို ဇွန်လ (၁၄)ရက်နေ ့ မွန်းလွဲ ၁၄းဝဝ နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးများသည် အစိုးရသစ်၏မူဝါဒများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများညှိနှိုင်းရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အာရှဒေသမှ မြန်မာသံအမတ်ကြီး (၁၈)ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာသံအမတ်ကြီးများအား ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှုပြုရာတွင် သံတမန်ရေးရာနည်းလမ်းဖြင့် မိမိတို့နိုင်ငံကို ကာကွယ်ပေးရန်၊ လူမှုရေးအရ နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ကာကွယ်စောင့်ရှောက်သွားရန်၊ မိမိတို့ထက် ရုပ်ပိုင်းဆိုင်ရာ များစွာရှေ့ရောက်နေသည့် နို်င်ငံများနှင့် ဆက်ဆံရာတွင် နှလုံးရည်၊ ဉာဏစွမ်းရည်နှင့် မိမိတို့ပြည်သူများ၏ ညီညီညွတ်ညွတ်ထောက်ခံမှုကို အသုံးပြုဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ အောင်မြင်ရန်အတွက် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် မြန်မာသံအမတ်ကြီးများအနေဖြင့် ပိုမိုအလေးထားလုပ်ဆောင်သွားရန်၊ ပြည်သူလူထုထောက်ခံမှ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မည်ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒအောင်မြင်မှ ပြည်သူလူထုကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သတိချပ်ရန် စသည်တို့ ထည့်သွင်း ပြောကြားခဲ့ပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar

No comments:

Post a Comment